နောက်ဆုံးပေါ်စနစ်ဖြင့် "သိပ္ပံနည်းကျမောင်းနှင်ခြင်း" - နိုင်ငံခြားသားယာဥ်မောင်းများအား လေ့ကျင့်ခေါ်ယူခြင်း
Axis နှင့် Joys Japan ကုမ္ပဏီတို့သည် "KITARO" ဟုခေါ်သည့် telematics ဝန်ဆောင်မှုကိုအသုံးပြု၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် နိုင်ငံခြားသားယာဥ်မောင်းရှားပါးမှု ပြသနာကိုဖြေရှင်းရန်အတွက် ပူးပေါင်းဆောင်ရွက်ခြင်းကို စတင်ခဲ့ပါသည်။ "KITARO" တွင် မော်တော်ယာဥ်များကို အချိန်နှင့် တပြေးညီ စီမံခန့်ခွဲနိုင်ခြင်းအပြင် မောင်းနှင်မှုအကဲဖြတ်ခြင်းနှင့် လုံခြုံရေးတိုးတက်မှုလုပ်ဆောင်နိုင်စွမ်းများ ပါဝင်ပါသည်။ တစ်ချိန်တည်းမှာပဲ Joys Japan အနေဖြင့် နိုင်ငံခြားသားယာဥ်မောင်းများအား သက်ဆိုင်ရာလေ့ကျင့်သင်တန်းများပေးခြင်းနှင့် လိုင်စင်ပြောင်းလဲခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် နိုင်ငံခြားသားယာဥ်မောင်းများ၏ ဆောင်ရွက်ချက်များနှင့် အပြုအမူများကို ဆန်းစစ်မည်ဖြစ်ပြီး သင်တန်းအစီအစဉ်များကိုလည်း တိုးတက်ဆောင်ရွက်စေမည် ဖြစ်သည်။ ကုမ္ပဏီနှစ်ခုစလုံးအနေဖြင့် အလုပ်သမားရှားပါးမှုကိုဖြေရှင်းရန်နှင့် မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ဒီဂျစ်တယ်နည်းပညာပြောင်းလဲတိုးတက်စေရန် ရည်ရွယ်လုပ်ဆောင်သွားကာ လုပ်ငန်းနယ်ပယ်တစ်ခုလုံး၏ ထုတ်လုပ်နိုင်စွမ်းနှင့် ဘေးကင်းလုံခြုံမှုကိုလည်း တိုးတက်စေမည် ဖြစ်ပါသည်။
Press release available here