နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာတာဝန်ခံအကြံပေးများမှ အပြည့်အဝ ကူညီပံ့ပိုးပေးသွားပါမည်!
မေးခွန်းများရှိပါက အလွယ်တကူ မေးမြန်းနိုင်ပါသည်

ဖုန်းဆက်ရန် ဤနေရာတွင်

+81-3-6416-5472

အလုပ်ချိန်
အလုပ်ရက် 9:00〜18:00

နိုင်ငံခြားသားများအတွက်
Joys Japan သည် ဂျပန်တွင် တက္ကစီယာဉ်မောင်းအဖြစ် အလုပ်လုပ်ရန်
လိုအပ်သည်များအားလုံးကို အထောက်အပံ့ပေးပါသည်!

タクシー

2024 ခုနှစ် ဧပြီလမှစ၍ ဂျပန်တွင် အလုပ်လုပ်မည့် နိုင်ငံခြားသားများအတွက် နေထိုင်ခွင့်အသစ်အဖြစ် အထူးကျွမ်းကျင်မှုနယ်ပယ်တွင် 'ယာဉ်မောင်းလုပ်ငန်း' ကို ထည့်သွင်းလိုက်ပါသည်။
ဤအကြောင်းကြောင့်၊ တက္ကစီလုပ်ငန်းတွင်လည်း နိုင်ငံခြားသားယာဉ်မောင်းများအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
တက္ကစီယာဉ်မောင်းအလုပ်သည် ဆွဲဆောင်မှုအပြည့်ရှိသော အလုပ်အကိုင်ဖြစ်ပါသည်။ ဂျပန်တွင် အလုပ်လုပ်ရန် စဉ်းစားနေသော မည်သူမဆို တက္ကစီယာဉ်မောင်းအဖြစ် အလုပ်လုပ်ရန် စဉ်းစားကြည့်သင့်သည်ဟု ထင်ပါသည်။

အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း' ၏ ၅ နှစ်အတွင်း လက်ခံနိုင်သော အကန့်အသတ်

အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း' ၏ ၅ နှစ်အတွင်း လက်ခံနိုင်သော အကန့်အသတ်
အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း' ၏ ၅ နှစ်အတွင်း လက်ခံနိုင်သော အကန့်အသတ်

အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း' တွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ၅ နှစ်အတွင်း အများဆုံး ၂၄,၅၀၀ ဦးကို လက်ခံပါမည်။
အနာဂတ်တွင်လည်း လက်ခံနိုင်သော အရေအတွက် တိုးပွားလာမည်ဟု ခန့်မှန်းရပြီး နိုင်ငံခြားသားယာဉ်မောင်းအဖြစ် ဂျပန်တွင် အလုပ်လုပ်ရန် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။

နိုင်ငံခြားသားများအတွက်
အဆင်ပြေသည့် တက္ကစီအလုပ်၏ ဆွဲဆောင်မှု

給料が上がりやすい

လစာမြင့်မား!
ကြိုးစားမှုအရ လစဉ်ဝင်ငွေ ၅၀၀,၀၀၀ ယန်း ရရှိနိုင်!

休暇が多く働きやすい

အားလပ်ရက်များစွာရှိပြီး အလုပ်လုပ်ရန် အဆင်ပြေ
တစ်လလျှင် အလုပ်ဆင်းရမည့်ရက် ၁၂ ရက်

未経験の方でも安心の教育環境

၇၀% သည် အတွေ့အကြုံမရှိသူများဖြစ်
ပြည့်စုံသည့် လေ့ကျင့်သင်ကြားမှုစနစ်

တက္ကစီအလုပ်ကို ရွေးချယ်သင့်သော အကြောင်းအရင်းများ

1.歩合制

1.အပိုဆုစနစ်

တက္ကစီလုပ်ငန်း၏ လစာပုံစံသည် အခြားလုပ်ငန်းများနှင့်မတူဘဲ အခြေခံအားဖြင့် 'အပိုဆုစနစ်' ကို အသုံးပြုပါသည်။
'အပိုဆုစနစ်' ဆိုသည်မှာ ရောင်းအားအရ လစာကို သတ်မှတ်ခြင်းဖြစ်သည်။
ဆိုလိုသည်မှာ ကြိုးစားသလောက် လစာတိုးလာမည်ဖြစ်ပြီး ထိပ်တန်းယာဉ်မောင်းများအနေဖြင် နှစ်စဉ်ဝင်ငွေ ၇ သန်းမှ ၁၀ သန်းအထိ ရရှိနေသော အလုပ်ဖြစ်သည်။
မည်သူမဆို မြင့်မားသော ဝင်ငွေကို ရရှိနိုင်ပါသည်။

အခြေခံလစာ+အပိုဆုစနစ်ဖြင့် လစာ

固定給+歩合制の場合の給料

အခြေခံလစာ+အပိုဆုစနစ်ဖြင့် လစာ

固定給+歩合制の場合の給料

တက္ကစီယာဉ်မောင်း၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေ

タクシードライバーの平均年収

တက္ကစီယာဉ်မောင်း၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေ

タクシードライバーの平均年収
2.シフト勤務

2.အလှည့်ကျ အလုပ်ချိန်

တက္ကစီယာဉ်မောင်း၏ အလှည့်ကျ အလုပ်ချိန်စနစ်တွင် 'နေ့အလုပ်ချိန်'၊ 'ညအလုပ်ချိန်'၊ မနက်မှ နောက်နေ့မနက် ၂ နာရီအထိ အချိန်ကြာအလုပ်လုပ်ရမည့် 'နေ့ခြားအလုပ်ချိန်' စသဖြင့် ရှိသည်။
အလှည့်ကျ အလုပ်ချိန်ဖြစ်သောကြောင့် အလုပ်ချိန်များနှင့် အလုပ်ရက်များကို လွတ်လပ်စွာ သတ်မှတ်နိုင်ပါသည်။
'နေ့ခြားအလုပ်ချိန်'ကို ရွေးချယ်ပါက အလုပ်・အလုပ်ပြီးနောက်နားရက်・အားလပ်ရက်' စသည်တို့ကို ပေါင်းစပ်ထားသော အလုပ်ချိန်စနစ်ဖြစ်သောကြောင့် လစဉ်ရက်တစ်ဝက်ကျော်မှာ အနားရက်ဖြစ်သည်။
ကိုယ်ပိုင်အချိန်ကို တန်ဖိုးထားရှိလိုသူများအတွက် အထူးသင့်လျော်သော အလုပ်လုပ်ပုံဖြစ်သည်။

နေ့အလုပ်ချိန်၊ ညအလုပ်ချိန်နှင့်စပ်လျဉ်း၍

  • ・တစ်ကြိမ်တာဝန်ထမ်းဆောင်ချိန်မှာ ၈ နာရီ (အနားယူချိန် ၁ နာရီ ပေါင်းထည့်၍)
  • ・တစ်လတာဝန်ထမ်းဆောင်မှု အကြိမ်ပျမ်းမျှ ၂၂ ကြိမ် (အားလပ်ရက်တွင် အလုပ်လုပ်ခြင်းအပါအဝင်)
1回の乗務例
ညအချိန်တွင် ခရီးရှည်သွားလာမှုများရှိ၍
ညအချိန်အပိုဆုရရှိပါသဖြင့် ထိရောက်စွာ ဝင်ငွေရှာနိုင်သည်!
1回の乗務例
ညအချိန်တွင် ခရီးရှည်သွားလာမှုများရှိ၍
ညအချိန်အပိုဆုရရှိပါသဖြင့် ထိရောက်စွာ ဝင်ငွေရှာနိုင်သည်!
တစ်လတာဝန်ထမ်းဆောင်မှု ဥပမာ〔နေ့အလုပ်ချိန် ၅ ရက်အလုပ်လုပ်ခြင်း〕
အားလပ်ရက်ယူခြင်းနှင့် အလုပ်ရက်ပြောင်းခြင်းဖြင့်၊
အားလပ်ရက်ကို လွတ်လပ်စွာ သတ်မှတ်နိုင်သည်!
1カ月の乗務例(昼日勤で週5勤の場合)
တစ်လတာဝန်ထမ်းဆောင်မှု ဥပမာ〔နေ့အလုပ်ချိန် ၅ ရက်အလုပ်လုပ်ခြင်း〕
အားလပ်ရက်ယူခြင်းနှင့် အလုပ်ရက်ပြောင်းခြင်းဖြင့်၊<br class='sp_only'>အားလပ်ရက်ကို လွတ်လပ်စွာ သတ်မှတ်နိုင်သည်!
1カ月の乗務例(昼日勤で週5勤の場合)

နေ့ခြားအလုပ်ချိန်နှင့်စပ်လျဉ်း၍

  • ・သတ်မှတ်လုပ်ငန်းချိန် ၁၄ နာရီ ၃၀ မိနစ်၊ အနားယူချိန် ၃ နာရီနှင့်အတူ
  • ・၂ ရက်တာဝန်ကို တစ်ကြိမ်တည်းဖြင့် ပြုလုပ်ရသောကြောင့်
    အလုပ်နားရက်နှင့် အားလပ်ရက်ကို တစ်ခါတည်းပေါင်း၍ ရယူနိုင်ပါသည်
  • ・တာဝန်ထမ်းဆောင်ချိန်ကြာသောကြောင့်၊ တစ်လအတွင်း အလုပ်နားရက်များစွာ ရနိုင်ပါသည်
1回の乗務例
1回の乗務例
တစ်လတာဝန်ထမ်းဆောင်မှု ဥပမာ〔နေ့ခြားအလုပ်ချိန်〕
တာဝန်ထမ်းဆောင်ခြင်း/အလုပ်နားရက်/အားလပ်ရက်ကို ပေါင်းစပ်ထားသော
အထူးတာဝန်ထမ်းဆောင်မှုစနစ်။
တစ်လ၏ တစ်ဝက်ကျော်မှာ အလုပ်နားရက်ဖြစ်သည်
1カ月の乗務例(昼日勤で週5勤の場合)
တစ်လတာဝန်ထမ်းဆောင်မှု ဥပမာ〔နေ့ခြားအလုပ်ချိန်〕
တာဝန်ထမ်းဆောင်ခြင်း/အလုပ်နားရက်/အားလပ်ရက်ကို ပေါင်းစပ်ထားသော
အထူးတာဝန်ထမ်းဆောင်မှုစနစ်။
တစ်လ၏ တစ်ဝက်ကျော်မှာ အလုပ်နားရက်ဖြစ်သည်
1カ月の乗務例(昼日勤で週5勤の場合)
3.研修・フォロー体制

၃. လေ့ကျင့်သင်ကြားမှုနှင့် အထောက်အပံ့စနစ်

တက္ကစီကုမ္ပဏီများသည် အတွေ့အကြုံမရှိသူများအတွက် လေ့ကျင့်သင်ကြားမှုနှင့် အထောက်အပံ့စနစ်များ ပံ့ပိုးပေးနေပါသည်။
တက္ကစီယာဉ်မောင်းအသစ်များ၏ ၇၀% သည် အတွေ့အကြုံမရှိသူများဖြစ်သောကြောင့် ပရော်ဖက်ရှင်နယ်ယာဉ်မောင်းတစ်ဦးဖြစ်ရန် လေ့ကျင့်သင်ကြားမှုများ ရှိပါသည်။
ထို့အပြင် တက္ကစီယာဉ်မောင်းအဖြစ် လိုအပ်သော ယာဥ်‌မောင်းလိုင်စင် အဆင့် ၂ ရယူရန်အတွက်ကိုလည်း ကုမ္ပဏီက စရိတ်ကျခံပေးမည် ဖြစ်ပါသည်။
အတွေ့အကြုံမရှိသော နိုင်ငံခြားသားများအတွက်လည်း အလုပ်လုပ်ကိုင်ရန် အဆင်ပြေစေပါသည်။

2か月間の丁寧指導&研修中も給与保証
2か月間の丁寧指導&研修中も給与保証

နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာတာဝန်ခံအကြံပေးများမှ အပြည့်အဝ ကူညီပံ့ပိုးပေးသွားပါမည်!
မေးခွန်းများရှိပါက အလွယ်တကူ မေးမြန်းနိုင်ပါသည်

ဖုန်းဆက်ရန် ဤနေရာတွင်

+81-3-6416-5472

အလုပ်ချိန်
အလုပ်ရက် 9:00〜18:00

နိုင်ငံခြားသား တက္ကစီယာဉ်မောင်းများလည်း
အလုပ်လုပ်နိုင်!

外国人タクシードライバー

ဂျပန်နိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များအတွက် လူကြိုက်များသောနေရာတစ်ခုဖြစ်လာပြီး၊ နှစ်စဉ်နှစ်တိုင်း ဂျပန်သို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားများ ပိုမိုများပြားလာနေသည်။
ထို့ကြောင့် ဂျပန်သို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားများအတွက် 'ခရီးသွားတက္ကစီ'လိုအပ်ချက်သည် တိုးပွားလာပါသည်။
နိုင်ငံခြားသားယာဉ်မောင်းများအနေဖြင့် နိုင်ငံခြားသားခရီးသွားများနှင့် ဆက်သွယ်ပြောဆိုရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေပြီး ခရီးသွားများကို အဆင်ပြေချောမွေ့စွာ အကူအညီပေးနိုင်သောကြောင့် နိုင်ငံခြားသားများအနေဖြင့် ယာဥ်မောင်းအဖြစ် လုပ်ကိုင်ရန် မျှော်လင့်ထားပါသည်။

အမျိုးသမီး တက္ကစီယာဉ်မောင်းများလည်း
အလုပ်လုပ်ကိုင်လျှက်ရှိ!

女性タクシードライバー

နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီး တက္ကစီယာဉ်မောင်းများလည်း နှစ်စဉ်တိုးတက်လာနေသည်။
အကြောင်းရင်းမှာ ယာဉ်အတွင်း လမ်းကြောင်းပြစနစ်၊ မောင်းနှင်မှတ်တမ်းတင်စက်၊ လုံခြုံရေးကင်မရာများ တပ်ဆင်ခြင်းပေး၊ လုံခြုံရေးအတွက် အစီအစဉ်များဆောင်ရွက်ခြင်း၊ အမျိုးသမီးများအတွက် သီးသန့်အဆောက်အအုံများနှင့် အဆောင်များ ပံ့ပိုးပေးခြင်းတို့ကြောင့် ဖြစ်သည်။
ဤကဲ့သို့သော ကောင်းမွန်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖန်တီးမှုကြောင့် ယနေ့တွင် နိုင်ငံတစ်ဝှမ်းတွင် အမျိုးသမီးတက္ကစီယာဉ်မောင်း ၁၀,၀၀၀ ခန့် ရှိနေပါသည်။
အမျိုးသမီးများအနေဖြင့်လည်း တက္ကစီယာဉ်မောင်းအဖြစ် စမ်းသပ်လုပ်ကိုင်ကြည့်သင့်ပါသည်။

JOYS JAPAN သည်
နိုင်ငံခြားသား များအနေဖြင့်
တက္ကစီယာဥ်မောင်းအလုပ်လုပ်ကိုင်နိုင်ရန် အထောက်အပံ့ပေးပါသည်!

特定技能試験対策

အထူးကျွမ်းကျင်စစ်ဆေးခြင်းအတွက် အထောက်အပံ့

အထူးကျွမ်းကျင်စစ်ဆေးမှုအောင်မြင်ရန် လိုအပ်သော အသိပညာများကို JOYS JAPAN တွင် မှတ်ပုံတင်ထားသူများအနေဖြင့် အခမဲ့လေ့လာနိုင်ပါသည်။

安全運転知識UP

ဘေးကင်းလုံခြုံစွာ မောင်းနှင်ခြင်း အသိပညာတိုးတက်စေခြင်း

ပရော်ဖက်ရှင်နယ် ယာဉ်မောင်းအဖြစ် လုပ်ကိုင်ရန်လိုအပ်သော ဂျပန်နိုင်ငံ၏ ယာဥ်လမ်းသင်္ကေတများနှင့်စပ်လျဉ်းသည့် အသိပညာတိုးတက်စေသော လေ့ကျင့်မှု အက်ပ်ကို အခမဲ့အသုံးပြုနိုင်ပါသည်။

日本語学習UP

ဂျပန်ဘာသာစကား လေ့လာမှုတိုးတက်စေခြင်း

နိုင်ငံခြားသားများ၏ ဂျပန်ဘာသာစကား ကျွမ်းကျင်မှုကို တိုးတက်စေမည့် လေ့ကျင့်မှုများကို ကျွန်ုပ်တို့က ပြင်ဆင်ပံ့ပိုးပေးထားပါသည်။

နိုင်ငံခြားသားများအတွက် တာဝန်ခံအကြံပေးများနှင့် မိတ်ဆက်ပေးခြင်း

写真①

ဟန်

မင်္ဂလာပါ!ကျွန်ုပ်ကို ဟန် ဟုခေါ်ပါတယ်။ လူများနှင့်ဆက်ဆံပြောဆိုရတာကို ကြိုက်နှစ်သက်ပါတယ်။
အလုပ်မှ ရရှိသော အသိပညာနှင့် ကျွမ်းကျင်မှုများသည် ကိုယ်ပိုင်တိုးတက်မှုအတွက် အထောက်အကူဖြစ်ပါတယ်။ ကောင်းမွန်သော အလုပ်ကို ရွေးချယ်ခြင်းဟာ အဖိုးတန်အခွင့်အလမ်းဖြစ်ပါတယ်!
ကျွန်မအနေနဲ့ ဖောက်သည်များအတွက်အလွန်ကောင်းမွန်သော အခွင့်အလမ်းများ ရရှိစေရန် ဖန်တီးပေးလိုပါသည်။
ဒါ့အပြင် ဤဝန်ဆောင်မှုမှတဆင့် ဂျပန်နိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားများအတွက် ကူညီပေးလိုပါတယ်။
အလုပ်ရှာဖွေရာတွင် အခက်အခဲရှိပါက မည်သည့်အချိန်မဆို ဆက်သွယ်နိုင်ပါတယ်!

အရင်းအမြစ်

ဗီယက်နမ်

ဘာသာစကားများ

ဗီယက်နမ်ဘာသာစကား

ဝါသနာများ

ဂီတ/ဒရာမာ/တီဗွီအစီအစဉ်များကြည့်ခြင်း/ဟင်းချက်ခြင်း

Facebook မှာ အကြံပြုရန်
写真②

လန်

မင်္ဂလာပါ!ဗီယက်နမ်မှလာသော လန် ဖြစ်ပါတယ်။ 2014 ခုနှစ် ဧပြီလတွင် ဂျပန်သို့ ရောက်ရှိပြီး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ယခုအခါ ဂျပန်တွင် အလုပ်လုပ်နေပါတယ်။
အားလုံးပဲ အလုပ်ရှာဖွေဖို့နဲ့ အလုပ်ပြောင်းလဲဖို့အတွက် ဘယ်လိုဆောင်ရွက်နေကြပါသလဲ? ခက်ခဲတယ်လို့ ခံစားနေရသူများ အများကြီးရှိမယ်လို့ ထင်ပါတယ်။ ကျွန်မလည်း ကျောင်းသားဘဝ အလုပ်လျှောက်လွှာတင်တဲ့အချိန်မှာ အခက်အခဲများ ကြုံတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် အားလုံးရဲ့ အခက်အခဲများကို နားလည်နိုင်ပါတယ်။
လက်ရှိ ကျွမ်းကျင်လုပ်သားလိုအပ်နေသော ကုမ္ပဏီများနဲ့ ဂျပန်တွင် အလုပ်လုပ်လိုသူများကို ဆက်သွယ်ပေးပြီး ဤဝန်ဆောင်မှုမှတဆင့် အားဖြည့်ပေးလိုပါတယ်။
မေးခွန်းများ သို့ တိုင်ပင်လိုသည်များရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်!

အရင်းအမြစ်

ဗီယက်နမ်

ဘာသာစကားများ

ဗီယက်နမ်ဘာသာစကား

ဝါသနာများ

ခရီးသွားခြင်း/ဟင်းချက်ခြင်း (အထူးသဖြင့် ဗီယက်နမ်ဟင်းလျာများ)

Facebook မှာ အကြံပြုရန်
写真①

ဒန်

မင်္ဂလာပါ! တရုတ်နိုင်ငံ ရှန်ဟိုင်းမှ ဒန် ဖြစ်ပါတယ်။ ဂျပန်သို့ ရောက်ရှိခဲ့ပြီး ၁၀ နှစ်ပြည့်သွားပါပြီ။
ယခုအချိန်အထိ အလုပ်ပြောင်းထားသည့် အခြေအနေ ၃ ကြိမ်ရှိပါပြီ။
ယခင်အတွေ့အကြုံများကို အသုံးချပြီး သင့်ရဲ့အလုပ်ရှာဖွေရေးအတွက် အထောက်အပံ့ဖြစ်ရန် ကြိုးစားသွားပါမယ်။
သင်ရဲ့ အလုပ်သစ်သို့ ယုံကြည်မှုဖြင့် ဝင်ရောက်လုပ်ကိုင်မှာကိုတွေ့ရသည်မှာ ကျွန်မရဲ့ ပျော်ရွှင်မှု ဖြစ်ပါတယ်။ အလုပ်ရှာဖွေရေးတွင် အကောင်းဆုံးကူညီဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် အကောင်းဆုံးအလုပ်ကို အတူတူ ရှာဖွေကြပါစို့!
သင့်အတွက် သင့်လျော်သော အလုပ်သစ်ကို ရှာဖွေလိုပါက ကျေးဇူးပြု၍ ဆွေးနွေးလိုက်ပါ။

အရင်းအမြစ်

တရုတ်

ဘာသာစကားများ

တရုတ်ဘာသာ

ဝါသနာများ

ပဟေဠိဂိမ်းကစားခြင်း/ သဘာဝကို ခံစားခြင်း

写真①

ဖူး

မင်္ဂလာပါ! မြန်မာမှလာတဲ့ ဖူး ပါ။ ဂျပန်ကို ရောက်ရှိလာခဲ့ပြီး အခုဆို ၃ နှစ်ပြည့်သွားပါပြီ။ ဂျပန်နိုင်ငံတက္ကသိုလ်မှ မဟာဘွဲ့ရရှိပြီး ယခု ဂျပန်တွင် အလုပ်လုပ်နေပါသည်။
မိသားစုနဲ့ ဝေးကွာ၍ တစ်ဦးတည်းရုန်းကန်ရပြီး အလုပ်ရှာဖွေရတဲ့အခါ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပါတယ်။ အလားတူ အခြေအနေကြုံတွေ့နေရတဲ့ သင်တို့ကို ကူညီပေးရန် ကြိုးစားသွားပါမယ်။
နိုင်ငံခြားသားများအနေဖြင့် သက်တောင့်သက်သာ နေထိုင်နိုင်ရန် အလုပ်ရှာဖွေရေးနှင့် နေ့စဉ်ဘဝအတွက် အကြံဉာဏ်များကို ပေးဆောင်သွားပါမယ်။
ပတ်ဝန်းကျင်အသစ်တွင် ယုံကြည်မှုရှိရှိ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကူညီပေးပါမယ်။ အကောင်းဆုံး အလုပ်ကို အတူတူ ရှာဖွေကြပါစို့။ စောင့်မျှော်နေပါမယ်!

အရင်းအမြစ်

မြန်မာ

ဘာသာစကားများ

မြန်မာဘာသာ/ အင်္ဂလိပ်ဘာသာ

ဝါသနာများ

ukulele လေ့ကျင့်ခြင်း/ ခရီးသွားခြင်း/ ဒေသခံ အစားအစာများကို ခံစားခြင်း

Facebook မှာ အကြံပြုရန်

ဆက်သွယ်ရန်

ဆွေးနွေးလိုသည်များ၊ မေးမြန်းလိုသည်များကို အောက်ပါပုံစံဖြင့် ဆက်သွယ်ပေးပါ။

မွေးသက္ကရာဇ်

နှစ်

နေ့

နေထိုင်ခွင့်အခြေအနေ
နေထိုင်ခွင့်သက်တမ်းကုန်ဆုံးရက်

နှစ်

နေ့

ကိုင်ဆောင်ထားသောလိုင်စင်များ
ယာဉ်မောင်းလိုင်စင်ရရှိသည့်နေ့ (Optional)

နှစ်

နေ့

ဝန်ဆောင်မှုရရှိနိုင်သည့် ဘာသာစကားများ

မေးခွန်းများနှင့် အဖြေများ

Joys Japan ၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် မည်ကဲ့သို့ အကျိုးအမြတ်ရှိပါသလဲ?
မိမိတို့အနေဖြင့် နိုင်ငံခြားသားများအတွက် လုပ်ငန်းခွင်ဝင်ရောက်ရာတွင် လိုအပ်သည့်အကူအညီများ၊ ယာဥ်မောင်းအလုပ်လုပ်ကိုင်ရန် လိုအပ်သည့် အထူးကျွမ်းကျင်မှုစစ်ဆေးခြင်းအတွက် လေ့ကျင့်ပေးခြင်း၊ လုပ်ငန်းအတွက် လိုအပ်သော ယာဉ်မောင်းလိုင်စင်ရရှိရန် အထောက်အကူပြုခြင်း၊ ဂျပန်ဘာသာစကား သင်ကြားမှုအတွက် ပံ့ပိုးပေးခြင်း၊ နေ့စဉ်ဘဝအတွက်လိုအပ်သည်များ အစရှိသည့် ဝန်ဆောင်မှုအမျိုးမျိုးတို့ကို ဆောင်ရွက်ပေးပါသည်။ နိုင်ငံခြားသားများ စိတ်အေးချမ်းပျော်ရွှင်စွာ အလုပ်လုပ်နိုင်ရန် ကူညီပေးနေပါသည်။
စုံစမ်းမေးမြန်းခြင်း သို့မဟုတ် အကြံဥာဏ်များရယူရာတွင် ကုန်ကျစရိတ်ရှိပါသလား?
ကုန်ကျစရိတ် မရှိပါ။ ကျွန်ုပ်တို့၏ တာဝန်ခံဝန်ထမ်းမှ နိုင်ငံခြားသားများ၏ အလိုရှိသည့်ဆန္ဒများကို နားထောင်ပြီး သက်ဆိုင်ရာ ကုမ္ပဏီများကို အကြံပြု မိတ်ဆက်ပေးပါသည်။ စိတ်ချလက်ချ ဆက်သွယ်လိုက်ပါ။
တာဝန်ခံအကြံပေးက ဘယ်လိုလူများဖြစ်ပါသလဲ?
ကျွန်ုပ်တို့၏ တာဝန်ခံအများစုသည် နိုင်ငံခြားသားများဖြစ်ပါသဖြင့် သင့်မိခင်ဘာသာစကားဖြင့် ဆက်သွယ်နိုင်သောသူများဖြစ်ပါသည်။ မည်သည့်အရာကိုမဆို မေးမြန်းလိုပါက တာဝန်ခံများထံ ‌စိတ်အေးလက်အေး မေးမြန်းနိုင်ပါသည်။
ဘယ်လို အလုပ်အကိုင်များ ရှိပါသလဲ?
ကျွန်ုပ်တို့က မိတ်ဆက်ပေးမည့် အလုပ်အကိုင်များသည် ယာဉ်မောင်းလုပ်ငန်းနှင့်စပ်လျဉ်းသည့် အလုပ်အကိုင်များဖြစ်ပါသည်။ မိတ်ဆက်ပေးမည့် ကုမ္ပဏီများသည် ထိပ်တန်းကုမ္ပဏီများဖြစ်၍ အလုပ်ဝင်ရောက်ပြီးနောက် အဆင်ပြေစွာ ဆက်လက်လုပ်ကိုင်နိုင်သော ကုမ္ပဏီများကို ရွေးချယ်ပြီး မိတ်ဆက်ပေးပါသည်။
နယ်မြို့တွင် နေထိုင်နေပါသဖြင့် အဆိုပါဒေသရှိ ကုမ္ပဏီများကို မိတ်ဆက်ပေးနိုင်ပါသလား?
သေချာပါသည်။ မြို့ပြသာမက နယ်မြို့ဒေသများတွင်လည်း ယာဉ်မောင်းလုပ်ငန်းအတွက် ကုမ္ပဏီများစွာရှိပါသည်။ နိုင်ငံခြားသားများအတွက် အလုပ်လုပ်ရန် အဆင်ပြေသော ကုမ္ပဏီများကို ရှာဖွေပေးနိုင်ပါသည်။
ယာဉ်မောင်းလုပ်ငန်းတွင် အတွေ့အကြုံမရှိပါက အဆင်ပြေနိုင်ပါသလား?
ပြသနာလုံးဝမရှိပါ။ ယာဉ်မောင်းအလုပ်အတွေ့အကြုံမရှိသူများအတွက် စတင်ရာတွင် အဆင်ပြေစေရန် အထူးလေ့ကျင့်ရေး အစီအစဉ်များဆောင်ရွက်ထားပါသည်။ နိုင်ငံခြားသားများအတွက် အဆင်ပြေစွာ အလုပ်လုပ်နိုင်သော ကုမ္ပဏီများကို မိတ်ဆက်ပေးပါသည်။

နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာတာဝန်ခံအကြံပေးများမှ အပြည့်အဝ ကူညီပံ့ပိုးပေးသွားပါမည်!
မေးခွန်းများရှိပါက အလွယ်တကူ မေးမြန်းနိုင်ပါသည်

ဖုန်းဆက်ရန် ဤနေရာတွင်

+81-3-6416-5472

အလုပ်ချိန်
အလုပ်ရက် 9:00〜18:00