Truck

နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာတာဝန်ခံအကြံပေးများမှ အပြည့်အဝ ကူညီပံ့ပိုးပေးသွားပါမည်!
မေးခွန်းများရှိပါက အလွယ်တကူ မေးမြန်းနိုင်ပါသည်

ဖုန်းဆက်ရန် ဤနေရာတွင်

+81-3-6416-5472

အလုပ်ချိန်
အလုပ်ရက် 9:00〜18:00

နိုင်ငံခြားသားများအတွက်
Joys Japan သည် ဂျပန်တွင် ထရပ်ယာဉ်မောင်းအဖြစ် အလုပ်လုပ်ရန်
လိုအပ်သည်များအားလုံးကို အထောက်အပံ့ပေးပါသည်!

2024 ခုနှစ် ဧပြီလမှစ၍ ဂျပန်တွင် အလုပ်လုပ်မည့် နိုင်ငံခြားသားများအတွက် နေထိုင်ခွင့်အသစ်အဖြစ် အထူးကျွမ်းကျင်မှုနယ်ပယ်တွင် 'ယာဉ်မောင်းလုပ်ငန်း' ကို ထည့်သွင်းလိုက်ပါသည်။
သို့ပါ၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် နိုင်ငံခြားသားယာဉ်မောင်းများ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။
ထရပ်ယာဉ်မောင်းအလုပ်သည် ဆွဲဆောင်မှုအပြည့်ရှိသော အလုပ်အကိုင်ဖြစ်ပါသည်။ ဂျပန်တွင် အလုပ်လုပ်ရန် စဉ်းစားနေသော မည်သူမဆို ထရပ်ယာဉ်မောင်းအဖြစ် အလုပ်လုပ်ရန် စဉ်းစားကြည့်သင့်သည်ဟု ထင်ပါသည်။

အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း'အတွက် ၅ နှစ် အတွင်း လက်ခံနိုင်သောအကန့်အသတ်

 အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း'အတွက် ၅ နှစ် အတွင်း လက်ခံနိုင်သောအကန့်အသတ်
 အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း'အတွက် ၅ နှစ် အတွင်း လက်ခံနိုင်သောအကန့်အသတ်

အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း'တွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ၅ နှစ်အတွင်း အများဆုံး ၂၄,၅၀၀ ဦးကို လက်ခံသွားပါမည်။
အနာဂတ်တွင်လည်း လက်ခံနိုင်သော အရေအတွက် တိုးပွားလာမည်ဟု ခန့်မှန်းရပြီး နိုင်ငံခြားသားယာဉ်မောင်းအဖြစ် ဂျပန်တွင် အလုပ်လုပ်ရန် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။

နိုင်ငံခြားသားများအတွက်
အဆင်ပြေသော သယ်ယူပို့ဆောင်ရေးအလုပ်၏ ဆွဲဆောင်မှု

給料が上がりやすい

လစာမြင့်မား!
ကြိုးစားမှုအရ နှစ်စဉ်ဝင်ငွေ ၄.၅၇ သန်း ရရှိနိုင်!

休暇が多く働きやすい

အဆင့်မြင့်လိုင်စင်ရရှိခြင်းဖြင့်
နှစ်စဉ်ဝင်ငွေ ပိုမိုတိုးလာနိုင်ခြင်း!

未経験の方でも安心の教育環境

၆၀% သည် အတွေ့အကြုံမရှိသူများဖြစ်
ပြည့်စုံသည့် လေ့ကျင့်သင်ကြားပေးမှုစနစ်ရှိ

ထရပ်ယာဥ်မောင်းအလုပ်ကို ရွေးချယ်သင့်သော အကြောင်းအရင်းများ

1.運転する車の種類により給料UP

1. မောင်းနှင်သည့် ယာဥ်အမျိုးအစားပေါ်မူတည်၍
လစာတိုးမြင့်ခြင်း

ထရပ်ယာဉ်မောင်း၏ လစာသည် မောင်းနှင်သော ယာဥ်အမျိုးအစား (အသေး၊ အလယ်အလတ်၊ အကြီး) အရ ကွဲပြားသည်။
ကားကြီးများကို မောင်းနှင်ခြင်းဖြင့် မြင့်မားသည့်လစာကို မျှော်မှန်းနိုင်ပြီး နှစ်စဉ်ဝင်ငွေမှာ ၄.၅ သန်းမှ ၇.၅ သန်းကျော်အထိ ရရှိနိုင်သည်။
အထူးသဖြင့် အကြီးစားထရပ်ကားများ မောင်းနှင်သည့်ယာဉ်မောင်းအရေအတွက် မလုံလောက်သောကြောင့် နှစ်စဉ်ဝင်ငွေမှာ တဖြည်းဖြည်း တိုးတက်လာသော အလားအလာရှိသည်။ အဝေးပြေးလမ်းတွင်မောင်းနှင်သော အကြီးစားထရပ်ယာဉ်မောင်းဖြစ်လာပါက အမြင့်ဆုံးဝင်ငွေကို ရရှိနိုင်သည်။

ထရပ်ယာဉ်မောင်း၏ ပျမ်းမျှလစာ

物流ドライバーの平均給与

ထရပ်ယာဉ်မောင်း၏ ပျမ်းမျှလစာ

物流ドライバーの平均給与
2.さまざまな物流ドライバーの働き方

2.အမျိုးမျိုးသော
ထရပ်ယာဉ်မောင်း၏ အလုပ်လုပ်ပုံများ

ထရပ်ယာဉ်မောင်းသည် အခြားယာဉ်မောင်းအလုပ်အကိုင်များနှင့် မတူဘဲ အမျိုးမျိုးသော အလုပ်လုပ်ပုံများ ရှိသည်။
「အိမ်အရောက်ပို့ဆောင်ရေးယာဉ်မောင်း」၊「အဝေးပြေးယာဉ်မောင်း」၊「အစားအစာပို့ဆောင်ရေးယာဉ်မောင်း」၊「အိမ်ပြောင်းရွှေ့ရေးယာဉ်မောင်း」စသဖြင့် အလုပ်ပုံစံများစွာ ရှိသည်။
ယာဉ်မောင်းအမျိုးအစားတစ်ခုစီ၏ အလုပ်လုပ်ပုံမှာ လုံးဝကွဲပြားပြီး နိုင်ငံခြားသားများအနေဖြင့် မိမိတို့အတွက် အဆင်ပြေမည့် ယာဉ်မောင်းအမျိုးအစားကို ရွေးချယ်နိုင်သည်။

宅配便ドライバー

လိုအပ်သောလိုင်စင် - ပုံမှန်လိုင်စင်

အိမ်အရောက်ပို့ဆောင်ရေးယာဉ်မောင်းသည် ပါဆယ်များကို လက်ခံခြင်း၊ စုဆောင်းခြင်း၊ ပို့ဆောင်ခြင်း၊ ပို့ဆောင်ခရယူခြင်း အစရှိသဖြင့်အားလုံးကို တာဝန်ယူဆောင်ရွက်ရပါသည်။

食品輸送ドライバー

လိုအပ်သောလိုင်စင် - အသေး/အလယ်အလတ်/အကြီးစားလိုင်စင်

အစားအစာပို့ဆောင်ရေးယာဉ်မောင်းသည် ကုန်ပစ္စည်းထုတ်လုပ်သူ၏ ဂိုဒေါင်မှ စူပါမားကတ်များ သို့မဟုတ် ကွန်ဗီနီစသည့် ဆိုင်များသို့ ကုန်ပစ္စည်းများကို ပုံမှန်ပို့ဆောင်ရပါသည်။

引越しドライバー

လိုအပ်သောလိုင်စင် - အသေး/အလယ်အလတ်/အကြီးစားလိုင်စင်

ပြောင်းရွှေ့ရေးယာဉ်မောင်းသည် ပြောင်းရွှေ့ရေးပစ္စည်းများကို လက်ခံပြီး သတ်မှတ်ထားသောနေရာသို့ ပို့ဆောင်သည်။ ထို့အပြင် လက်ခံထားသောပစ္စည်းများကို ထုပ်ပိုးခြင်း၊ ထရပ်ကားပေါ်သို့ ကုန်တင်ခြင်း၊ သတ်မှတ်ထားသောနေရာတွင် ကုန်ချခြင်းနှင့် လိုအပ်ပါက အခန်းထဲသို့ ပို့ဆောင်ခြင်းတို့ကိုလည်း တာဝန်ယူရပါသည်။

長距離ドライバー

လိုအပ်သောလိုင်စင် - အလယ်အလတ်/အကြီးစားလိုင်စင်

အဝေးပြေးယာဉ်မောင်းသည် တစ်လမ်း ၃၀၀ ကီလိုမီတာထက်ပိုမောင်းနှင်ရသော ယာဉ်မောင်းဖြစ်သည်။ အဝေးပြေးယာဉ်မောင်းသည် အစားအစာ၊ နေ့စဉ်အသုံးအဆောင်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများစသဖြင့် အမျိုးမျိုးသောပစ္စည်းများကို ပို့ဆောင်ရပါသည်။

3.研修・フォロー体制

၃. လေ့ကျင့်သင်ကြားမှုနှင့် ‌ထောက်ပံ့ကူညီမှုစနစ်

သယ်ယူပို့ဆောင်ရေးကုမ္ပဏီများသည် အတွေ့အကြုံမရှိသူများအတွက် လေ့ကျင့်သင်ကြားမှုနှင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနေပါသည်။
သယ်ယူပို့ဆောင်ရေးယာဉ်မောင်းအသစ်များ၏ ၆၀% သည် အတွေ့အကြုံမရှိသူများဖြစ်သောကြောင့် ပရော်ဖက်ရှင်နယ်ယာဉ်မောင်းတစ်ဦးဖြစ်လာရန် လေ့ကျင့်သင်ကြားမှုများ ရှိပါသည်။
အတွေ့အကြုံရှိသောယာဉ်မောင်းများနှင့်အတူ လေ့ကျင့်သင်ကြားမှုများကို ပြုလုပ်ပြီး၊ ပစ္စည်းများကို ကိုင်တွယ်ပုံ၊ လမ်းပေါ်တွင် မောင်းနှင်ပုံ၊ ထရပ်ကားမောင်းနည်းစသည်တို့ကို သင်ယူရမည်ဖြစ်ပါသည်။
အတွေ့အကြုံမရှိသော နိုင်ငံခြားသားများအတွက်လည်း အဆင်ပြေစေမည်ဖြစ်ပါသည်။

約1~2か月間の丁寧指導&研修中も給与保証
約1~2か月間の丁寧指導&研修中も給与保証

ထရပ်ယာဉ်မောင်းသည်
နိုင်ငံခြားသားများအတွက် အလုပ်လုပ်ရန် အဆင်ပြေသည့် လုပ်ငန်းနယ်ပယ်တစ်ခု!

物流ドライバー

ထရပ်ယာဉ်မောင်းအဖြစ် အလုပ်လုပ်ရန်အတွက် N4 သို့ အဆိုပါအဆင့်ထက် မြင့်သော ဂျပန်ဘာသာစကား ကျွမ်းကျင်မှု လိုအပ်ပါသည်။ N3 နှင့်အထက်ကျွမ်းကျင်မှု လိုအပ်သည့် တက္ကစီနှင့် ဘတ်စ်ကားလုပ်ငန်းများနှင့်နှိုင်းယှဉ်ပါက သယ်ယူပို့ဆောင်ရေးယာဉ်မောင်းသည် N3 အဆင့်မရောက်သေးသော နိုင်ငံခြားသားများအတွက်လည်း စိန်ခေါ်ရန် အဆင်ပြေသည်ဟု ဆိုနိုင်ပါသည်။
ထို့အပြင် သယ်ယူပို့ဆောင်ရေးကုမ္ပဏီများသည် နိုင်ငံတစ်ဝှမ်းလုံးတွင် ၆၃,၀၀၀ ကျော်ရှိပါသည် (၂၀၂၄ ခုနှစ် မတ်လကုန်စာရင်းအရ)။ ထရပ်ယာဉ်မောင်းအဖြစ် အလုပ်လုပ်ရန် အခွင့်အလမ်းအများကြီး ရှိပါသည်။

အမျိုးသမီး ထရပ်ယာဉ်မောင်းများလည်း
အလုပ်လုပ်ကိုင်လျှက်ရှိခြင်း

女性物流ドライバー

နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီး ထရပ်ယာဉ်မောင်းများသည် နှစ်စဉ်တိုးတက်လာနေသည်။
အမျိုးသမီးများ၏ အလုပ်လုပ်နိုင်စွမ်းသည် တိုးတက်လာသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင်လည်း တစ်ဦးချင်းစီ၏ အခြေအနေများနှင့် ကိုက်ညီသော အလုပ်လုပ်ပုံအမျိုးမျိုးကို ဖော်ဆောင်ပေးလျှက်ရှိပါသည်။
ဥပမာ ကလေးပြုစုစောင့်ရှောက်မှုနှင့်ကိုက်ညီသော အလုပ်ချိန်၊ ကိုယ်ခံအားအနည်းငယ်သာ လိုအပ်သောအလုပ်များ၊ အမျိုးသမီးများ စိတ်ချလုံခြုံစွာ အလုပ်လုပ်နိုင်သော အခြေအနေများ စသည်တို့ကို ဖန်တီးပေးလျှက်ရှိပါသည်။ သို့ပါ၍ အမျိုးသမီးများအနေဖြင့်လည်း ထရပ်ယာဉ်မောင်းအဖြစ် စမ်းသပ်လုပ်ကိုင်ကြည့်နိုင်ပါသည်။

JOYS JAPAN သည်
နိုင်ငံခြားသားများအနေဖြင့် သယ်ယူပို့ဆောင်ရေးယာဉ်မောင်းအလုပ်
လုပ်ကိုင်ရန် ကူညီထောက်ပံ့ပေးပါသည်!

特定技能試験対策

အထူးကျွမ်းကျင်စစ်ဆေးမှုအတွက် အထောက်အပံ့

အထူးကျွမ်းကျင်စစ်ဆေးမှုအောင်မြင်ရန် လိုအပ်သောအသိပညာများကို JOYS JAPAN တွင် မှတ်ပုံတင်ထားသူများအနေဖြင့် အခမဲ့လေ့လာနိုင်ပါသည်။

安全運転知識UP

ဘေးကင်းလုံခြုံစွာ မောင်းနှင်ခြင်း အသိပညာတိုးတက်စေခြင်း

ပရော်ဖက်ရှင်နယ်ယာဉ်မောင်းဖြစ်လာစေရန် လိုအပ်သော ဂျပန်နိုင်ငံ၏ ယာဥ်လမ်းသင်္ကေတများနှင့်စပ်လျဉ်းသည့် အသိပညာတိုးတက်စေသော လေ့ကျင့်မှု အက်ပ်ကို အခမဲ့အသုံးပြုနိုင်ပါသည်။

日本語学習UP

ဂျပန်ဘာသာစကား လေ့လာမှုတိုးတက်စေခြင်း

နိုင်ငံခြားသားများ၏ ဂျပန်ဘာသာစကား ကျွမ်းကျင်မှုကို တိုးတက်စေမည့် လေ့ကျင့်မှုများကို ကျွန်ုပ်တို့က ပြင်ဆင်ပေးထားပါသည်။

နိုင်ငံခြားသားများအတွက် တာဝန်ခံအကြံပေးများနှင့် မိတ်ဆက်ပေးခြင်း

写真①

ဟန်

မင်္ဂလာပါ!ကျွန်ုပ်ကို ဟန် ဟုခေါ်ပါတယ်။ လူများနှင့်ဆက်ဆံပြောဆိုရတာကို ကြိုက်နှစ်သက်ပါတယ်။
အလုပ်မှ ရရှိသော အသိပညာနှင့် ကျွမ်းကျင်မှုများသည် ကိုယ်ပိုင်တိုးတက်မှုအတွက် အထောက်အကူဖြစ်ပါတယ်။ ကောင်းမွန်သော အလုပ်ကို ရွေးချယ်ခြင်းဟာ အဖိုးတန်အခွင့်အလမ်းဖြစ်ပါတယ်!
ကျွန်မအနေနဲ့ ဖောက်သည်များအတွက်အလွန်ကောင်းမွန်သော အခွင့်အလမ်းများ ရရှိစေရန် ဖန်တီးပေးလိုပါသည်။
ဒါ့အပြင် ဤဝန်ဆောင်မှုမှတဆင့် ဂျပန်နိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားများအတွက် ကူညီပေးလိုပါတယ်။
အလုပ်ရှာဖွေရာတွင် အခက်အခဲရှိပါက မည်သည့်အချိန်မဆို ဆက်သွယ်နိုင်ပါတယ်!

အရင်းအမြစ်

ဗီယက်နမ်

ဘာသာစကားများ

ဗီယက်နမ်ဘာသာစကား

ဝါသနာများ

ဂီတ/ဒရာမာ/တီဗွီအစီအစဉ်များကြည့်ခြင်း/ဟင်းချက်ခြင်း

Facebook မှာ အကြံပြုရန်
写真②

လန်

မင်္ဂလာပါ!ဗီယက်နမ်မှလာသော လန် ဖြစ်ပါတယ်။ 2014 ခုနှစ် ဧပြီလတွင် ဂျပန်သို့ ရောက်ရှိပြီး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ယခုအခါ ဂျပန်တွင် အလုပ်လုပ်နေပါတယ်။
အားလုံးပဲ အလုပ်ရှာဖွေဖို့နဲ့ အလုပ်ပြောင်းလဲဖို့အတွက် ဘယ်လိုဆောင်ရွက်နေကြပါသလဲ? ခက်ခဲတယ်လို့ ခံစားနေရသူများ အများကြီးရှိမယ်လို့ ထင်ပါတယ်။ ကျွန်မလည်း ကျောင်းသားဘဝ အလုပ်လျှောက်လွှာတင်တဲ့အချိန်မှာ အခက်အခဲများ ကြုံတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် အားလုံးရဲ့ အခက်အခဲများကို နားလည်နိုင်ပါတယ်။
လက်ရှိ ကျွမ်းကျင်လုပ်သားလိုအပ်နေသော ကုမ္ပဏီများနဲ့ ဂျပန်တွင် အလုပ်လုပ်လိုသူများကို ဆက်သွယ်ပေးပြီး ဤဝန်ဆောင်မှုမှတဆင့် အားဖြည့်ပေးလိုပါတယ်။
မေးခွန်းများ သို့ တိုင်ပင်လိုသည်များရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်!

အရင်းအမြစ်

ဗီယက်နမ်

ဘာသာစကားများ

ဗီယက်နမ်ဘာသာစကား

ဝါသနာများ

ခရီးသွားခြင်း/ဟင်းချက်ခြင်း (အထူးသဖြင့် ဗီယက်နမ်ဟင်းလျာများ)

Facebook မှာ အကြံပြုရန်
写真①

ဒန်

မင်္ဂလာပါ! တရုတ်နိုင်ငံ ရှန်ဟိုင်းမှ ဒန် ဖြစ်ပါတယ်။ ဂျပန်သို့ ရောက်ရှိခဲ့ပြီး ၁၀ နှစ်ပြည့်သွားပါပြီ။
ယခုအချိန်အထိ အလုပ်ပြောင်းထားသည့် အခြေအနေ ၃ ကြိမ်ရှိပါပြီ။
ယခင်အတွေ့အကြုံများကို အသုံးချပြီး သင့်ရဲ့အလုပ်ရှာဖွေရေးအတွက် အထောက်အပံ့ဖြစ်ရန် ကြိုးစားသွားပါမယ်။
သင်ရဲ့ အလုပ်သစ်သို့ ယုံကြည်မှုဖြင့် ဝင်ရောက်လုပ်ကိုင်မှာကိုတွေ့ရသည်မှာ ကျွန်မရဲ့ ပျော်ရွှင်မှု ဖြစ်ပါတယ်။ အလုပ်ရှာဖွေရေးတွင် အကောင်းဆုံးကူညီဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် အကောင်းဆုံးအလုပ်ကို အတူတူ ရှာဖွေကြပါစို့!
သင့်အတွက် သင့်လျော်သော အလုပ်သစ်ကို ရှာဖွေလိုပါက ကျေးဇူးပြု၍ ဆွေးနွေးလိုက်ပါ။

အရင်းအမြစ်

တရုတ်

ဘာသာစကားများ

တရုတ်ဘာသာ

ဝါသနာများ

ပဟေဠိဂိမ်းကစားခြင်း/ သဘာဝကို ခံစားခြင်း

写真①

ဖူး

မင်္ဂလာပါ! မြန်မာမှလာတဲ့ ဖူး ပါ။ ဂျပန်ကို ရောက်ရှိလာခဲ့ပြီး အခုဆို ၃ နှစ်ပြည့်သွားပါပြီ။ ဂျပန်နိုင်ငံတက္ကသိုလ်မှ မဟာဘွဲ့ရရှိပြီး ယခု ဂျပန်တွင် အလုပ်လုပ်နေပါသည်။
မိသားစုနဲ့ ဝေးကွာ၍ တစ်ဦးတည်းရုန်းကန်ရပြီး အလုပ်ရှာဖွေရတဲ့အခါ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပါတယ်။ အလားတူ အခြေအနေကြုံတွေ့နေရတဲ့ သင်တို့ကို ကူညီပေးရန် ကြိုးစားသွားပါမယ်။
နိုင်ငံခြားသားများအနေဖြင့် သက်တောင့်သက်သာ နေထိုင်နိုင်ရန် အလုပ်ရှာဖွေရေးနှင့် နေ့စဉ်ဘဝအတွက် အကြံဉာဏ်များကို ပေးဆောင်သွားပါမယ်။
ပတ်ဝန်းကျင်အသစ်တွင် ယုံကြည်မှုရှိရှိ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကူညီပေးပါမယ်။ အကောင်းဆုံး အလုပ်ကို အတူတူ ရှာဖွေကြပါစို့။ စောင့်မျှော်နေပါမယ်!

အရင်းအမြစ်

မြန်မာ

ဘာသာစကားများ

မြန်မာဘာသာ/ အင်္ဂလိပ်ဘာသာ

ဝါသနာများ

ukulele လေ့ကျင့်ခြင်း/ ခရီးသွားခြင်း/ ဒေသခံ အစားအစာများကို ခံစားခြင်း

Facebook မှာ အကြံပြုရန်

ဆက်သွယ်ရန်

ဆွေးနွေးလိုသည်များ၊ မေးမြန်းလိုသည်များကို အောက်ပါပုံစံဖြင့် ဆက်သွယ်ပေးပါ။

မွေးသက္ကရာဇ်

နှစ်

နေ့

နေထိုင်ခွင့်အခြေအနေ
နေထိုင်ခွင့်သက်တမ်းကုန်ဆုံးရက်

နှစ်

နေ့

ကိုင်ဆောင်ထားသောလိုင်စင်များ
ယာဉ်မောင်းလိုင်စင်ရရှိသည့်နေ့ (Optional)

နှစ်

နေ့

ဝန်ဆောင်မှုရရှိနိုင်သည့် ဘာသာစကားများ

မေးခွန်းများနှင့် အဖြေများ

Joys Japan ၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် မည်ကဲ့သို့ အကျိုးအမြတ်ရှိပါသလဲ?
မိမိတို့အနေဖြင့် နိုင်ငံခြားသားများအတွက် လုပ်ငန်းခွင်ဝင်ရောက်ရာတွင် လိုအပ်သည့်အကူအညီများ၊ ယာဥ်မောင်းအလုပ်လုပ်ကိုင်ရန် လိုအပ်သည့် အထူးကျွမ်းကျင်မှုစစ်ဆေးခြင်းအတွက် လေ့ကျင့်ပေးခြင်း၊ လုပ်ငန်းအတွက် လိုအပ်သော ယာဉ်မောင်းလိုင်စင်ရရှိရန် အထောက်အကူပြုခြင်း၊ ဂျပန်ဘာသာစကား သင်ကြားမှုအတွက် ပံ့ပိုးပေးခြင်း၊ နေ့စဉ်ဘဝအတွက်လိုအပ်သည်များ အစရှိသည့် ဝန်ဆောင်မှုအမျိုးမျိုးတို့ကို ဆောင်ရွက်ပေးပါသည်။ နိုင်ငံခြားသားများ စိတ်အေးချမ်းပျော်ရွှင်စွာ အလုပ်လုပ်နိုင်ရန် ကူညီပေးနေပါသည်။
စုံစမ်းမေးမြန်းခြင်း သို့မဟုတ် အကြံဥာဏ်များရယူရာတွင် ကုန်ကျစရိတ်ရှိပါသလား?
ကုန်ကျစရိတ် မရှိပါ။ ကျွန်ုပ်တို့၏ တာဝန်ခံဝန်ထမ်းမှ နိုင်ငံခြားသားများ၏ အလိုရှိသည့်ဆန္ဒများကို နားထောင်ပြီး သက်ဆိုင်ရာ ကုမ္ပဏီများကို အကြံပြု မိတ်ဆက်ပေးပါသည်။ စိတ်ချလက်ချ ဆက်သွယ်လိုက်ပါ။
တာဝန်ခံအကြံပေးက ဘယ်လိုလူများဖြစ်ပါသလဲ?
ကျွန်ုပ်တို့၏ တာဝန်ခံအများစုသည် နိုင်ငံခြားသားများဖြစ်ပါသဖြင့် သင့်မိခင်ဘာသာစကားဖြင့် ဆက်သွယ်နိုင်သောသူများဖြစ်ပါသည်။ မည်သည့်အရာကိုမဆို မေးမြန်းလိုပါက တာဝန်ခံများထံ ‌စိတ်အေးလက်အေး မေးမြန်းနိုင်ပါသည်။
ဘယ်လို အလုပ်အကိုင်များ ရှိပါသလဲ?
ကျွန်ုပ်တို့က မိတ်ဆက်ပေးမည့် အလုပ်အကိုင်များသည် ယာဉ်မောင်းလုပ်ငန်းနှင့်စပ်လျဉ်းသည့် အလုပ်အကိုင်များဖြစ်ပါသည်။ မိတ်ဆက်ပေးမည့် ကုမ္ပဏီများသည် ထိပ်တန်းကုမ္ပဏီများဖြစ်၍ အလုပ်ဝင်ရောက်ပြီးနောက် အဆင်ပြေစွာ ဆက်လက်လုပ်ကိုင်နိုင်သော ကုမ္ပဏီများကို ရွေးချယ်ပြီး မိတ်ဆက်ပေးပါသည်။
နယ်မြို့တွင် နေထိုင်နေပါသဖြင့် အဆိုပါဒေသရှိ ကုမ္ပဏီများကို မိတ်ဆက်ပေးနိုင်ပါသလား?
သေချာပါသည်။ မြို့ပြသာမက နယ်မြို့ဒေသများတွင်လည်း ယာဉ်မောင်းလုပ်ငန်းအတွက် ကုမ္ပဏီများစွာရှိပါသည်။ နိုင်ငံခြားသားများအတွက် အလုပ်လုပ်ရန် အဆင်ပြေသော ကုမ္ပဏီများကို ရှာဖွေပေးနိုင်ပါသည်။
ယာဉ်မောင်းလုပ်ငန်းတွင် အတွေ့အကြုံမရှိပါက အဆင်ပြေနိုင်ပါသလား?
ပြသနာလုံးဝမရှိပါ။ ယာဉ်မောင်းအလုပ်အတွေ့အကြုံမရှိသူများအတွက် စတင်ရာတွင် အဆင်ပြေစေရန် အထူးလေ့ကျင့်ရေး အစီအစဉ်များဆောင်ရွက်ထားပါသည်။ နိုင်ငံခြားသားများအတွက် အဆင်ပြေစွာ အလုပ်လုပ်နိုင်သော ကုမ္ပဏီများကို မိတ်ဆက်ပေးပါသည်။

နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာတာဝန်ခံအကြံပေးများမှ အပြည့်အဝ ကူညီပံ့ပိုးပေးသွားပါမည်!
မေးခွန်းများရှိပါက အလွယ်တကူ မေးမြန်းနိုင်ပါသည်

ဖုန်းဆက်ရန် ဤနေရာတွင်

+81-3-6416-5472

အလုပ်ချိန်
အလုပ်ရက် 9:00〜18:00