နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာတာဝန်ခံအကြံပေးများမှ အပြည့်အဝ ကူညီပံ့ပိုးပေးသွားပါမည်!
မေးခွန်းများရှိပါက အလွယ်တကူ မေးမြန်းနိုင်ပါသည်

ဖုန်းဆက်ရန် ဤနေရာတွင်

+81-3-6416-5472

အလုပ်ချိန်
အလုပ်ရက် 9:00〜18:00

နိုင်ငံခြားသားများအတွက်
Joys Japan သည် ဂျပန်တွင် ဘတ်စ်ကားယာဉ်မောင်းအဖြစ် အလုပ်လုပ်ရန်
လိုအပ်သည်များ အားလုံးကို အထောက်အပံ့ပေးပါသည်!

バス

2024 ခုနှစ် ဧပြီလမှစ၍ ဂျပန်တွင် အလုပ်လုပ်မည့် နိုင်ငံခြားသားများအတွက် နေထိုင်ခွင့်အသစ်အဖြစ် အထူးကျွမ်းကျင်မှုနယ်ပယ်တွင် 'ယာဉ်မောင်းလုပ်ငန်း' ကို ထည့်သွင်းလိုက်ပါသည်။
သို့ပါ၍ ဘတ်စ်ကားလုပ်ငန်းတွင်လည်း နိုင်ငံခြားသားယာဉ်မောင်းများ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဘတ်စ်ကားယာဉ်မောင်းအလုပ်သည် နှစ်လိုဖွယ်ရှိသော အလုပ်အကိုင်ဖြစ်ပါသည်။ ဂျပန်တွင် အလုပ်လုပ်ရန် စဉ်းစားနေသောမည်သူမဆို ဘတ်စ်ကားယာဉ်မောင်းအဖြစ် အလုပ်လုပ်ရန် စဉ်းစားကြည့်သင်သည်ဟု ထင်ပါသည်။

အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း' ၏ ၅ နှစ်အတွင်း လက်ခံနိုင်သော အကန့်အသတ်

အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း' ၏ ၅ နှစ်အတွင်း လက်ခံနိုင်သော အကန့်အသတ်
အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း' ၏ ၅ နှစ်အတွင်း လက်ခံနိုင်သော အကန့်အသတ်

အထူးကျွမ်းကျင်မှု 'ယာဉ်မောင်းလုပ်ငန်း' တွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ၅ နှစ်အတွင်း အများဆုံး ၂၄,၅၀၀ ဦးကို လက်ခံပါမည်။
အနာဂတ်တွင်လည်း လက်ခံနိုင်သော အရေအတွက် တိုးပွားလာမည်ဟု ခန့်မှန်းရပြီး နိုင်ငံခြားသားယာဉ်မောင်းအဖြစ် ဂျပန်တွင် အလုပ်လုပ်ရန် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။

နိုင်ငံခြားသားများအတွက်
အဆင်ပြေသော ဘတ်စ်ကားယာဥ်မောင်းအလုပ်၏ ဆွဲဆောင်မှု

安定した高い給料が貰える

လစာမြင့်မား!
အချိန်ပိုနည်းနည်းသာရှိပြီး နှစ်စဉ်ဝင်ငွေ ၄.၈ သန်း!

さまざまなバスドライバーが存在するので自分に合った働き方が選べる

အကြီးစားယာဥ်မောင်းလိုင်စင် အဆင့် ၂ ရယူခြင်းအတွက်
ကုမ္ပဏီက စရိတ်အပြည့်အဝကျခံပေးမည် (မိမိဘာသာကျခံစရိတ်မရှိပါ)

未経験の方でも安心の教育環境

၇၀% သည် အတွေ့အကြုံမရှိသူများဖြစ်ပြီး
ပြည့်စုံသည့် လေ့ကျင့်သင်ကြားမှုစနစ်

ဘတ်စ်ကားအလုပ်ကို ရွေးချယ်သင့်သော အကြောင်းအရင်းများ

1.収入が安定している

1.ဝင်ငွေတည်ငြိမ်မှု

ဘတ်စ်ကားယာဉ်မောင်းအလုပ်သည် တက္ကစီနှင့် နှိုင်းယှဉ်ပါက အပိုဆုစနစ်မရှိဘဲ တည်ငြိမ်သော ဝင်ငွေကို ရရှိနိုင်ပါသည်။
အထူးသဖြင့် လိုင်းဘတ်စ်ကားသည် ဒေသခံများအတွက် မရှိမဖြစ်သော သယ်ယူပို့ဆောင်ရေးနည်းလမ်းဖြစ်၍ ဘတ်စ်ယာဥ်မောင်း၏ကဏ္ဍမှာ အရေးကြီးပါသည်။
လစဉ်တည်ငြိမ်သော လစာကို ရရှိနိုင်ပြီး နှစ်စဉ်ဝင်ငွေမှာ ၄.၃ သန်းမှ ၅ သန်း အထိ ရရှိနိုင်ပါသည်။

၂၀၂၂ ခုနှစ်ရှိ တိုင်းဒေသကြီးအလိုက် ဘတ်စ်ကားယာဉ်မောင်းများ၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေစာရင်း
 ၂၀၂၂ ခုနှစ်ရှိ တိုင်းဒေသကြီးအလိုက် ဘတ်စ်ကားယာဉ်မောင်းများ၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေစာရင်း ဟိုကိုင်ဒိုး
 ၂၀၂၂ ခုနှစ်ရှိ တိုင်းဒေသကြီးအလိုက် ဘတ်စ်ကားယာဉ်မောင်းများ၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေစာရင်း တိုးဟိုကူ
 ၂၀၂၂ ခုနှစ်ရှိ တိုင်းဒေသကြီးအလိုက် ဘတ်စ်ကားယာဉ်မောင်းများ၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေစာရင်း ကန်တို
 ၂၀၂၂ ခုနှစ်ရှိ တိုင်းဒေသကြီးအလိုက် ဘတ်စ်ကားယာဉ်မောင်းများ၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေစာရင်း ချူဘူ
 ၂၀၂၂ ခုနှစ်ရှိ တိုင်းဒေသကြီးအလိုက် ဘတ်စ်ကားယာဉ်မောင်းများ၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေစာရင်း ကင်းကီ
 ၂၀၂၂ ခုနှစ်ရှိ တိုင်းဒေသကြီးအလိုက် ဘတ်စ်ကားယာဉ်မောင်းများ၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေစာရင်း ချူဂိုကူ・ရှီကိုကူ
 ၂၀၂၂ ခုနှစ်ရှိ တိုင်းဒေသကြီးအလိုက် ဘတ်စ်ကားယာဉ်မောင်းများ၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေစာရင်း ကျူးရှူး
အမြင့်ဆုံး ၅ ခုရှိ ဝင်ငွေ အဆင့်သတ်မှတ်ချက်
2.さまざまあるバスドライバーの働き方

2. ဘတ်စ်ကားယာဉ်မောင်းအဖြစ် အလုပ်လုပ်ပုံများ

ဘတ်စ်ကားယာဉ်မောင်းသည် အခြားယာဉ်မောင်းအလုပ်များနှင့် မတူဘဲ အမျိုးမျိုးသော အလုပ်လုပ်ပုံများ ရှိပါသည်။
「လမ်းကြောင်းဘတ်စ်ကားယာဉ်မောင်း」၊「အမြန်လမ်းဘတ်စ်ကားယာဉ်မောင်း」၊、「ခရီးသွားဘတ်စ်ကားယာဉ်မောင်း」၊「ပို့ဆောင်ရေးဘတ်စ်ကားယာဉ်မောင်း」 စသဖြင့် ရှိပါသည်။
ယာဉ်မောင်းအမျိုးအစားတစ်ခုချင်းစီ၏ အလုပ်လုပ်ပုံများမှာ လုံးဝမတူညီသောကြောင့် နိုင်ငံခြားသားများအနေဖြင့် အလုပ်လုပ်ရလွယ်ကူမည့် ယာဉ်မောင်းအမျိုးအစားကို ရွေးချယ်နိုင်ပါသည်။

路線バスドライバー路線バスドライバー

လမ်းကြောင်းဘတ်စ်ကားယာဉ်မောင်းသည် ဘတ်စ်ကားမှတ်တိုင်တစ်ခုမှတစ်ခုဆီသို့ ဖြတ်သန်းကာ မြို့တွင်းတွင် မောင်းနှင်ပါသည်။
အများပြည်သူသယ်ယူပို့ဆောင်ရေးနည်းလမ်းအဖြစ် ဒေသခံများမှအသုံးပြုမှုများသဖြင့် လက်ရှိတွင် အလွန်အ‌‌ရေးကြီးပါသည်။

POINT
  • ယာဥ်လမ်းကြောင်းများအား ကြိုတင်သတ်မှတ်ထားပြီး သွားလာရမည့် အကွာအဝေးတိုတောင်းပါသည်။
  • အခြေခံမောင်းနှင်ချိန်မှာ ၈ နာရီအတွင်းဖြစ်သည်
  • ရပ်စီးသော ခရီးသည်များလည်း ရှိသောကြောင့် ယာဉ်မောင်းကျွမ်းကျင်ရန် လိုအပ်ပါသည်
လမ်းကြောင်းဘတ်စ်ကားယာဉ်မောင်း၏ နှစ်စဉ်ဝင်ငွေမှာ (ပျမ်းမျှအားဖြင့်) ၄.၃ သန်းဝန်းကျင်
高速バスドライバー高速バスドライバー

အမြန်လမ်းဘတ်စ်ကားယာဉ်မောင်းသည် ပုံမှန်လမ်းများထက် အမြန်လမ်းများကို အဓိကမောင်းနှင်ပါသည်။
ညအချိန်တွင် ထွက်ခွာပြီး နောက်နေ့မနက်တွင် ရောက်ရှိသော ညအမြန်လမ်းဘတ်စ်ကား အသုံးပြုမှု များပြားပါသည်။

POINT
  • ညအချိန်မောင်းနှင်ခြင်းနှင့် အဝေးပြေးမောင်းနှင်ခြင်းတို့ပါဝင်သည့်အတွက် လစာမြင့်မားသည်။
  • အမြန်လမ်းပေါ်တွင် မောင်းနှင်ရသောကြောင့် တည်ငြိမ်စွာ မောင်းနှင်ရန်လိုအပ်ပါမည်
အမြန်လမ်းဘတ်စ်ကားယာဉ်မောင်း၏ နှစ်စဉ်ဝင်ငွေမှာ (ပျမ်းမျှအားဖြင့်) ၄.၅ သန်းဝန်းကျင်
観光バスドライバー観光バスドライバー

ခရီးသွားဘတ်စ်ကားယာဉ်မောင်းသည် ခရီးသွားခြင်း သို့မဟုတ် ဘတ်စ်ကားခရီးစဉ်များတွင်
လိုက်ပါပို့ဆောင်ပေးရသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသည့် နေရာများကို လှည့်ပတ်မောင်းနှင်ရခြင်းဖြစ်သည်။
အချိန်တိုင်း သွားရမည့်နေရာကွဲပြားသောကြောင့် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် အလုပ်လုပ်နိုင်ပါသည်။

POINT
  • နိုင်ငံတစ်ဝှမ်းရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသည့် နေရာလမ်းကြောင်းများကို မောင်းနှင်ခြင်း
  • ဒေသအလိုက် ခရီးသွားများ/နည်းသည့် ရာသီဟူ၍ ရှိသည်
ခရီးသွားဘတ်စ်ကားယာဉ်မောင်း၏ နှစ်စဉ်ဝင်ငွေမှာ (ပျမ်းမျှအားဖြင့်) ၄ သန်းဝန်းကျင်
送迎バスドライバー送迎バスドライバー

ပို့ဆောင်ရေးဘတ်စ်ကားယာဉ်မောင်းသည် ဘူတာမှ ကုမ္ပဏီသို့ ပို့ဆောင်ခြင်း သို့မဟုတ် ပွဲတော်များအတွင်း
ပို့ဆောင်ပေးခြင်း၊ ကျောင်းသို့ပို့ဆောင်ခြင်း၊ သွားလာနိုင်စွမ်းမရှိသူများအားပို့ဆောင်ခြင်း စသဖြင့် ပုံစံအမျိုးမျိုးပါဝင်ပါသည်။
အသုံးပြုသူများအနေဖြင့် သတ်မှတ်ထားသောသူများသာ ဖြစ်ပါသည်။

POINT
  • အလုပ်အချိန်တိုများပြားပြီး အဆင်ပြေစွာညှိနှိုင်း အလုပ်လုပ်နိုင်သည်
  • ပို့ဆောင်ရေးဘတ်စ်ကားသည် ဝန်ဆောင်မှုအတွက် ဖြစ်ပါသဖြင့် စေတနာနှင့် ဧည့်ဝန်ဆောင်မှုစိတ်ဓာတ် လိုအပ်သည်
ပို့ဆောင်ရေးဘတ်စ်ကားယာဉ်မောင်း၏ နှစ်စဉ်ဝင်ငွေမှာ (ပျမ်းမျှအားဖြင့်) ယန်း ၃ သန်း ဝန်းကျင်
3.研修・フォロー体制

3. လေ့ကျင့်သင်ကြားမှုနှင့် အထောက်အပံ့စနစ်

ဘတ်စ်ကားကုမ္ပဏီများသည် အတွေ့အကြုံမရှိသူများအတွက် လေ့ကျင့်သင်ကြားမှုနှင့် အထောက်အပံ့စနစ် ပြည့်စုံစွာ ပံ့ပိုးပေးပါသည်။
ဘတ်စ်ကားယာဉ်မောင်းအသစ် ၇၀% သည် အတွေ့အကြုံမရှိသူများဖြစ်သောကြောင့် လက်တွေ့လေ့ကျင့်သင်ကြားမှုနှင့် ဧည့်ဝန်ဆောင်မှု လေ့ကျင့်သင်ကြားမှု စသဖြင့် အမျိုးမျိုးသော လေ့ကျင့်သင်ကြားမှုများပေးကာ အရည်အချင်းပြည့်မီသော ယာဉ်မောင်းအဖြစ် သင်ကြားပေးပါသည်။
ထို့အပြင် ဘတ်စ်ကားယာဉ်မောင်းအဖြစ် လိုအပ်သော အကြီးစားယာဥ်မောင်းလိုင်စင် အဆင့် ၂ ရယူရန်အတွက်လည်း ကုမ္ပဏီမှ စရိတ်အပြည့်အဝ ကျခံပေးပါသည်။
အတွေ့အကြုံမရှိသော နိုင်ငံခြားသားများအနေဖြင့်လည်း စိတ်ချလက်ချ စတင်လုပ်ကိုင်နိုင်ပါသည်။

လေ့ကျင့်သင်ကြားမှုကာလ ၁ လမှ ၂ လအတွင်း စနစ်တကျလေ့ကျင့်သင်ကြားမှုပေးပြီး အဆိုပါကာလအတွင်းလည်း လစာ‌ထောက်ပံ့ပေးမည်ဖြစ်သည်
လေ့ကျင့်သင်ကြားမှုကာလ ၁ လမှ ၂ လအတွင်း စနစ်တကျလေ့ကျင့်သင်ကြားမှုပေးပြီး အဆိုပါကာလအတွင်းလည်း လစာ‌ထောက်ပံ့ပေးမည်ဖြစ်သည်

နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာတာဝန်ခံအကြံပေးများမှ အပြည့်အဝ ကူညီပံ့ပိုးပေးသွားပါမည်!
မေးခွန်းများရှိပါက အလွယ်တကူ မေးမြန်းနိုင်ပါသည်

ဖုန်းဆက်ရန် ဤနေရာတွင်

+81-3-6416-5472

အလုပ်ချိန်
အလုပ်ရက် 9:00〜18:00

နိုင်ငံခြားသား ဘတ်စ်ကားယာဉ်မောင်းများလည်း
လုပ်ကိုင်လျှက်ရှိ!

外国人バスドライバー

ဂျပန်နိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်သည့်နေရာတစ်ခု ဖြစ်လာပြီး နှစ်စဉ် ဂျပန်သို့လာရောက်သော နိုင်ငံခြားသား ခရီးသွားများ၏ အရေအတွက် တိုးတက်လာနေသည်။
ထို့ကြောင့် ဂျပန်သို့လာရောက်သော နိုင်ငံခြားသားခရီးသွားများအတွက် ဝန်ဆောင်မှုပေးမည့် 'ခရီးသွားဘတ်စ်ကားယာဉ်မောင်း' ၏ လိုအပ်ချက်မှာ မြင့်တက်လာနေသည်။
နိုင်ငံခြားသားယာဉ်မောင်းများအနေဖြင့် နိုင်ငံခြားသားခရီးသွားများနှင့် ဆက်ဆံပြောဆိုရာတွင် ပိုမိုလွယ်ကူမည်ဖြစ်ပြီး စနစ်တကျ ကူညီပံ့ပိုးပေးနိုင်သောကြောင့် နိုင်ငံခြားသားယာဥ်မောင်းများ၏ အခန်းကဏ္ဍကို မျှော်လင့်ထားပါသည်။

အမျိုးသမီး ဘတ်စ်ကားယာဉ်မောင်းများလည်း
လုပ်ကိုင်လျှက်ရှိ!

女性バスドライバー

နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီး ဘတ်စ်ကားယာဉ်မောင်းများသည် နှစ်စဉ်တိုးတက်လာနေသည်။
ဘတ်စ်ကားယာဉ်မောင်းအလုပ်သည် သတ်မှတ်ချိန်တွင် အလုပ်ပြီးဆုံးခြင်းဖြစ်ပြီး အချိန်ပိုဆင်းမှု မရှိသည့်အတွက် အိမ်မှုကိစ္စနှင့် ကလေးပြုစုစောင့်ရှောက်ရန် မိမိ၏ ကိုယ်ပိုင်အချိန်နှင့် အလုပ်အချိန်ကို ညှိနှိုင်းနိုင်သည်။
ထို့အပြင် အလုပ်ချိန်အား အဆင်ပြေစွာညှိနှိုင်းပေးနေသည့် ဘတ်စ်ကားကုမ္ပဏီများလည်းရှိပြီး အချိန်တိုတိုနှင့် သက်တောင့်သက်သာ အလုပ်လုပ်ရလွယ်ကူသော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသည်။
နိုင်ငံခြားသားအမျိုးသမီးများအနေဖြင့်လည်း ဘတ်စ်ကားယာဉ်မောင်းအဖြစ် လုပ်ကိုင်ကြည့်သင့်ပါသည်။

ဒေသခံများမှ ချစ်ခင်ရင်းနှီးသော
ဘတ်စ်ကားယာဉ်မောင်း!

地域に愛されるバスドライバー

ဘတ်စ်ကားယာဉ်မောင်းသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးနည်းလမ်းအဖြစ် ပြည်သူများ၏နေ့စဉ်ဘဝအတွက် အ‌‌‌ရေးပါပါသည်။
မည်သည့်အခြေအနေတွင်မဆို ပို့ဆောင်ပေးသော ဘတ်စ်ကားယာဉ်မောင်းများအား ခရီးသည်များက 'ကျေးဇူးတင်ပါတယ်' ဟု ကျေးဇူးတင်စကား လက်ခံရရှိနိုင်သော အခွင့်အရေးများရှိသည်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးနည်းလမ်းအဖြစ် ဒေသခံများအတွက် အကျိုးပြုနိုင်ပြီး ကျေးဇူးတင်စကားများကို လက်ခံရရှိနိုင်မည်ဖြစ်သည့်အတွက် ဧည့်ဝန်ဆောင်မှုစိတ်ဓာတ် ပြည့်ဝသောသူများအတွက် သင့်တော်သည့်အလုပ်ဖြစ်သည်။

JOYS JAPAN သည်
နိုင်ငံခြားသားများအနေဖြင့်
ဘတ်စ်ကားယာဉ်မောင်းအလုပ်လုပ်ကိုင်နိုင်ရန် အထောက်အပံ့ပေးပါသည်!

特定技能試験対策

အထူးကျွမ်းကျင်စစ်ဆေးမှုအတွက် အထောက်အပံ့

အထူးကျွမ်းကျင်စစ်ဆေးမှုအောင်မြင်ရန် လိုအပ်သော အသိပညာများကို JOYS JAPAN တွင် မှတ်ပုံတင်ထားသူများအနေဖြင့် အခမဲ့လေ့လာနိုင်ပါသည်။

安全運転知識UP

ဘေးကင်းလုံခြုံစွာ မောင်းနှင်ခြင်း အသိပညာတိုးတက်စေခြင်း

ပရော်ဖက်ရှင်နယ် ယာဉ်မောင်းအဖြစ်လုပ်ကိုင်ရန် လိုအပ်သော ဂျပန်နိုင်ငံ ယာဥ်လမ်းသင်္ကေတများနှင့်စပ်လျဉ်းသည့် အသိပညာတိုးတက်စေသော လေ့ကျင့်မှု အက်ပ်ကို အခမဲ့အသုံးပြုနိုင်ပါသည်။

日本語学習UP

ဂျပန်ဘာသာစကား လေ့လာမှုတိုးတက်စေခြင်း

နိုင်ငံခြားသားများ၏ ဂျပန်ဘာသာစကား ကျွမ်းကျင်မှုကို တိုးတက်စေမည့် လေ့ကျင့်မှုများကို ကျွန်ုပ်တို့က ပြင်ဆင်ပေးထားပါသည်။

နိုင်ငံခြားသားများအတွက် တာဝန်ခံအကြံပေးများနှင့် မိတ်ဆက်ပေးခြင်း

写真①

ဟန်

မင်္ဂလာပါ!ကျွန်ုပ်ကို ဟန် ဟုခေါ်ပါတယ်။ လူများနှင့်ဆက်ဆံပြောဆိုရတာကို ကြိုက်နှစ်သက်ပါတယ်။
အလုပ်မှ ရရှိသော အသိပညာနှင့် ကျွမ်းကျင်မှုများသည် ကိုယ်ပိုင်တိုးတက်မှုအတွက် အထောက်အကူဖြစ်ပါတယ်။ ကောင်းမွန်သော အလုပ်ကို ရွေးချယ်ခြင်းဟာ အဖိုးတန်အခွင့်အလမ်းဖြစ်ပါတယ်!
ကျွန်မအနေနဲ့ ဖောက်သည်များအတွက်အလွန်ကောင်းမွန်သော အခွင့်အလမ်းများ ရရှိစေရန် ဖန်တီးပေးလိုပါသည်။
ဒါ့အပြင် ဤဝန်ဆောင်မှုမှတဆင့် ဂျပန်နိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားများအတွက် ကူညီပေးလိုပါတယ်။
အလုပ်ရှာဖွေရာတွင် အခက်အခဲရှိပါက မည်သည့်အချိန်မဆို ဆက်သွယ်နိုင်ပါတယ်!

အရင်းအမြစ်

ဗီယက်နမ်

ဘာသာစကားများ

ဗီယက်နမ်ဘာသာစကား

ဝါသနာများ

ဂီတ/ဒရာမာ/တီဗွီအစီအစဉ်များကြည့်ခြင်း/ဟင်းချက်ခြင်း

Facebook မှာ အကြံပြုရန်
写真②

လန်

မင်္ဂလာပါ!ဗီယက်နမ်မှလာသော လန် ဖြစ်ပါတယ်။ 2014 ခုနှစ် ဧပြီလတွင် ဂျပန်သို့ ရောက်ရှိပြီး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ယခုအခါ ဂျပန်တွင် အလုပ်လုပ်နေပါတယ်။
အားလုံးပဲ အလုပ်ရှာဖွေဖို့နဲ့ အလုပ်ပြောင်းလဲဖို့အတွက် ဘယ်လိုဆောင်ရွက်နေကြပါသလဲ? ခက်ခဲတယ်လို့ ခံစားနေရသူများ အများကြီးရှိမယ်လို့ ထင်ပါတယ်။ ကျွန်မလည်း ကျောင်းသားဘဝ အလုပ်လျှောက်လွှာတင်တဲ့အချိန်မှာ အခက်အခဲများ ကြုံတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် အားလုံးရဲ့ အခက်အခဲများကို နားလည်နိုင်ပါတယ်။
လက်ရှိ ကျွမ်းကျင်လုပ်သားလိုအပ်နေသော ကုမ္ပဏီများနဲ့ ဂျပန်တွင် အလုပ်လုပ်လိုသူများကို ဆက်သွယ်ပေးပြီး ဤဝန်ဆောင်မှုမှတဆင့် အားဖြည့်ပေးလိုပါတယ်။
မေးခွန်းများ သို့ တိုင်ပင်လိုသည်များရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်!

အရင်းအမြစ်

ဗီယက်နမ်

ဘာသာစကားများ

ဗီယက်နမ်ဘာသာစကား

ဝါသနာများ

ခရီးသွားခြင်း/ဟင်းချက်ခြင်း (အထူးသဖြင့် ဗီယက်နမ်ဟင်းလျာများ)

Facebook မှာ အကြံပြုရန်
写真①

ဒန်

မင်္ဂလာပါ! တရုတ်နိုင်ငံ ရှန်ဟိုင်းမှ ဒန် ဖြစ်ပါတယ်။ ဂျပန်သို့ ရောက်ရှိခဲ့ပြီး ၁၀ နှစ်ပြည့်သွားပါပြီ။
ယခုအချိန်အထိ အလုပ်ပြောင်းထားသည့် အခြေအနေ ၃ ကြိမ်ရှိပါပြီ။
ယခင်အတွေ့အကြုံများကို အသုံးချပြီး သင့်ရဲ့အလုပ်ရှာဖွေရေးအတွက် အထောက်အပံ့ဖြစ်ရန် ကြိုးစားသွားပါမယ်။
သင်ရဲ့ အလုပ်သစ်သို့ ယုံကြည်မှုဖြင့် ဝင်ရောက်လုပ်ကိုင်မှာကိုတွေ့ရသည်မှာ ကျွန်မရဲ့ ပျော်ရွှင်မှု ဖြစ်ပါတယ်။ အလုပ်ရှာဖွေရေးတွင် အကောင်းဆုံးကူညီဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် အကောင်းဆုံးအလုပ်ကို အတူတူ ရှာဖွေကြပါစို့!
သင့်အတွက် သင့်လျော်သော အလုပ်သစ်ကို ရှာဖွေလိုပါက ကျေးဇူးပြု၍ ဆွေးနွေးလိုက်ပါ။

အရင်းအမြစ်

တရုတ်

ဘာသာစကားများ

တရုတ်ဘာသာ

ဝါသနာများ

ပဟေဠိဂိမ်းကစားခြင်း/ သဘာဝကို ခံစားခြင်း

写真①

ဖူး

မင်္ဂလာပါ! မြန်မာမှလာတဲ့ ဖူး ပါ။ ဂျပန်ကို ရောက်ရှိလာခဲ့ပြီး အခုဆို ၃ နှစ်ပြည့်သွားပါပြီ။ ဂျပန်နိုင်ငံတက္ကသိုလ်မှ မဟာဘွဲ့ရရှိပြီး ယခု ဂျပန်တွင် အလုပ်လုပ်နေပါသည်။
မိသားစုနဲ့ ဝေးကွာ၍ တစ်ဦးတည်းရုန်းကန်ရပြီး အလုပ်ရှာဖွေရတဲ့အခါ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပါတယ်။ အလားတူ အခြေအနေကြုံတွေ့နေရတဲ့ သင်တို့ကို ကူညီပေးရန် ကြိုးစားသွားပါမယ်။
နိုင်ငံခြားသားများအနေဖြင့် သက်တောင့်သက်သာ နေထိုင်နိုင်ရန် အလုပ်ရှာဖွေရေးနှင့် နေ့စဉ်ဘဝအတွက် အကြံဉာဏ်များကို ပေးဆောင်သွားပါမယ်။
ပတ်ဝန်းကျင်အသစ်တွင် ယုံကြည်မှုရှိရှိ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကူညီပေးပါမယ်။ အကောင်းဆုံး အလုပ်ကို အတူတူ ရှာဖွေကြပါစို့။ စောင့်မျှော်နေပါမယ်!

အရင်းအမြစ်

မြန်မာ

ဘာသာစကားများ

မြန်မာဘာသာ/ အင်္ဂလိပ်ဘာသာ

ဝါသနာများ

ukulele လေ့ကျင့်ခြင်း/ ခရီးသွားခြင်း/ ဒေသခံ အစားအစာများကို ခံစားခြင်း

Facebook မှာ အကြံပြုရန်

ဆက်သွယ်ရန်

ဆွေးနွေးလိုသည်များ၊ မေးမြန်းလိုသည်များကို အောက်ပါပုံစံဖြင့် ဆက်သွယ်ပေးပါ။

မွေးသက္ကရာဇ်

နှစ်

နေ့

နေထိုင်ခွင့်အခြေအနေ
နေထိုင်ခွင့်သက်တမ်းကုန်ဆုံးရက်

နှစ်

နေ့

ကိုင်ဆောင်ထားသောလိုင်စင်များ
ယာဉ်မောင်းလိုင်စင်ရရှိသည့်နေ့ (Optional)

နှစ်

နေ့

ဝန်ဆောင်မှုရရှိနိုင်သည့် ဘာသာစကားများ

မေးခွန်းများနှင့် အဖြေများ

Joys Japan ၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် မည်ကဲ့သို့ အကျိုးအမြတ်ရှိပါသလဲ?
မိမိတို့အနေဖြင့် နိုင်ငံခြားသားများအတွက် လုပ်ငန်းခွင်ဝင်ရောက်ရာတွင် လိုအပ်သည့်အကူအညီများ၊ ယာဥ်မောင်းအလုပ်လုပ်ကိုင်ရန် လိုအပ်သည့် အထူးကျွမ်းကျင်မှုစစ်ဆေးခြင်းအတွက် လေ့ကျင့်ပေးခြင်း၊ လုပ်ငန်းအတွက် လိုအပ်သော ယာဉ်မောင်းလိုင်စင်ရရှိရန် အထောက်အကူပြုခြင်း၊ ဂျပန်ဘာသာစကား သင်ကြားမှုအတွက် ပံ့ပိုးပေးခြင်း၊ နေ့စဉ်ဘဝအတွက်လိုအပ်သည်များ အစရှိသည့် ဝန်ဆောင်မှုအမျိုးမျိုးတို့ကို ဆောင်ရွက်ပေးပါသည်။ နိုင်ငံခြားသားများ စိတ်အေးချမ်းပျော်ရွှင်စွာ အလုပ်လုပ်နိုင်ရန် ကူညီပေးနေပါသည်။
စုံစမ်းမေးမြန်းခြင်း သို့မဟုတ် အကြံဥာဏ်များရယူရာတွင် ကုန်ကျစရိတ်ရှိပါသလား?
ကုန်ကျစရိတ် မရှိပါ။ ကျွန်ုပ်တို့၏ တာဝန်ခံဝန်ထမ်းမှ နိုင်ငံခြားသားများ၏ အလိုရှိသည့်ဆန္ဒများကို နားထောင်ပြီး သက်ဆိုင်ရာ ကုမ္ပဏီများကို အကြံပြု မိတ်ဆက်ပေးပါသည်။ စိတ်ချလက်ချ ဆက်သွယ်လိုက်ပါ။
တာဝန်ခံအကြံပေးက ဘယ်လိုလူများဖြစ်ပါသလဲ?
ကျွန်ုပ်တို့၏ တာဝန်ခံအများစုသည် နိုင်ငံခြားသားများဖြစ်ပါသဖြင့် သင့်မိခင်ဘာသာစကားဖြင့် ဆက်သွယ်နိုင်သောသူများဖြစ်ပါသည်။ မည်သည့်အရာကိုမဆို မေးမြန်းလိုပါက တာဝန်ခံများထံ ‌စိတ်အေးလက်အေး မေးမြန်းနိုင်ပါသည်။
ဘယ်လို အလုပ်အကိုင်များ ရှိပါသလဲ?
ကျွန်ုပ်တို့က မိတ်ဆက်ပေးမည့် အလုပ်အကိုင်များသည် ယာဉ်မောင်းလုပ်ငန်းနှင့်စပ်လျဉ်းသည့် အလုပ်အကိုင်များဖြစ်ပါသည်။ မိတ်ဆက်ပေးမည့် ကုမ္ပဏီများသည် ထိပ်တန်းကုမ္ပဏီများဖြစ်၍ အလုပ်ဝင်ရောက်ပြီးနောက် အဆင်ပြေစွာ ဆက်လက်လုပ်ကိုင်နိုင်သော ကုမ္ပဏီများကို ရွေးချယ်ပြီး မိတ်ဆက်ပေးပါသည်။
နယ်မြို့တွင် နေထိုင်နေပါသဖြင့် အဆိုပါဒေသရှိ ကုမ္ပဏီများကို မိတ်ဆက်ပေးနိုင်ပါသလား?
သေချာပါသည်။ မြို့ပြသာမက နယ်မြို့ဒေသများတွင်လည်း ယာဉ်မောင်းလုပ်ငန်းအတွက် ကုမ္ပဏီများစွာရှိပါသည်။ နိုင်ငံခြားသားများအတွက် အလုပ်လုပ်ရန် အဆင်ပြေသော ကုမ္ပဏီများကို ရှာဖွေပေးနိုင်ပါသည်။
ယာဉ်မောင်းလုပ်ငန်းတွင် အတွေ့အကြုံမရှိပါက အဆင်ပြေနိုင်ပါသလား?
ပြသနာလုံးဝမရှိပါ။ ယာဉ်မောင်းအလုပ်အတွေ့အကြုံမရှိသူများအတွက် စတင်ရာတွင် အဆင်ပြေစေရန် အထူးလေ့ကျင့်ရေး အစီအစဉ်များဆောင်ရွက်ထားပါသည်။ နိုင်ငံခြားသားများအတွက် အဆင်ပြေစွာ အလုပ်လုပ်နိုင်သော ကုမ္ပဏီများကို မိတ်ဆက်ပေးပါသည်။

နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာတာဝန်ခံအကြံပေးများမှ အပြည့်အဝ ကူညီပံ့ပိုးပေးသွားပါမည်!
မေးခွန်းများရှိပါက အလွယ်တကူ မေးမြန်းနိုင်ပါသည်

ဖုန်းဆက်ရန် ဤနေရာတွင်

+81-3-6416-5472

အလုပ်ချိန်
အလုပ်ရက် 9:00〜18:00