ဝန်ဆောင်မှုများ

ဂျပန်နိုင်ငံ၏ အနာဂတ်ကို သယ်ပိုးနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ!

ရွေးချယ်ရသော အကြောင်းအရင်း ၃ ခု

Scale

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများ ယာဥ်မောင်းလိုင်စင်ရရှိရေးအတွက် အကြီးဆုံး ပလက်ဖောင်းများထဲမှ တစ်ခုကိုတည်ဆောက်ခြင်း (ပြည်တွင်းနှင့် ပြည်ပရှိ ကြီးမားသည့် လူမှုအင်အားကွန်ရက်)

Quality

အလုပ်ခေါ်ယူခန့်ထားမှုမှ စတင်၍ ရေရှည်အလုပ်လုပ်ကိုင်နိုင်ရန် အထောက်အကူပြု၍ အမျိုးမျိုးသော ပံ့ပိုးမှုဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အကောင်အထည်ဖော်နိုင်သည့် ဂျပန်နိုင်ငံရှိ တစ်ခုတည်းသော စီးပွားရေးအယူအဆ

Only-one

ယုံကြည်စိတ်ချရပြီး လုပ်ငန်းခွင်ဝင်ရောက်ရန် အသင့်ဖြစ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များအား လေ့ကျင့်ပံ့ပိုးပေးပြီး ဂျပန်နိုင်ငံ၏ အနာဂတ်ကို ကူညီ သယ်ဆောင်ပေးခြင်း

ရွေးချယ်ရသော အားသာချက် ၃ ခု

Scale

ဂျပန်နိုင်ငံတွင်းရှိ ယာဉ်မောင်းလိုင်စင်ရရှိထားသော နိုင်ငံခြားသားများ၏ အချက်အလက်များမှတဆင့် လုပ်ငန်းခွင်ဝင်နိုင်သူများအား ရွေးချယ်ပေးခြင်း!

ဂျပန်နိုင်ငံတွင်းရှိ ယာဉ်မောင်းလိုင်စင်ရရှိထားသော နိုင်ငံခြားသားများ၏ 'နိုင်ငံသား'၊ 'နေထိုင်ခွင့်'၊ 'အသက်အရွယ်' စသည့် အချက်အလက်များအနက်မှ အလုပ်ရှင်များ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော လုပ်ငန်းခွင်ဝင်နိုင်သူများအား ရွေးချယ်ပေးပါသည်။

Quality

ဂျပန်နိုင်ငံတွင် ယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်ရန် လိုအပ်သော ပြည့်စုံသည့်ပညာရေးစနစ်တစ်ခု!

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် လိုအပ်သော ယာဉ်မောင်းလိုင်စင်ရရှိရေး ပံ့ပိုးမှုများနှင့် အလုပ်မဝင်မီ လေ့ကျင့်သင်တန်းပေးခြင်း၊ ဂျပန်လူမျိုးထက် ပိုမိုယုံကြည်စိတ်ချရသော အလုပ်လုပ်နိုင်သော လူ့စွမ်းအားကို ‌ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်သွားပါသည်။

ယာဉ်မောင်းလိုင်စင်ရရှိရေး အထောက်အကူပေးခြင်း

မိမိတို့ သက်ဆိုင်ရာနိုင်ငံတွင် ယာဉ်မောင်းလိုင်စင်ရှိထားပြီးသားဖြစ်ပါက 'ဂျပန်လိုင်စင်သို့ ပြောင်းလဲရန် အကူအညီပေးခြင်း'၊ ဂျပန်နိုင်ငံတွင် လိုင်စင်အသစ်ရယူလိုပါက 'ယာဥ်မောင်းသင်တန်းကျောင်းနှင့် စပ်လျဉ်းသည့် အကူအညီပေးခြင်း' တို့ကို ဆောင်ရွက်ပေးသွားပါမည်။ ပုံမှန်ယာဉ်မောင်းလိုင်စင်သာမက၊ အဆင့်မြင့်လိုင်စင်နှင့် ဒုတိယအဆင့်လိုင်စင်ရရှိရေးအတွက်လည်း ကူညီပံ့ပိုးပေးသွားပါမည်။

ကျွမ်းကျင်မှုစစ်ဆေးခြင်းအတွက် ပြင်ဆင်ခြင်း

ကျွမ်းကျင်မှုအထူးစနစ်တွင် နေထိုင်ခွင့်အသစ်အဖြစ် ထည့်သွင်းထားသော 'မော်တော်ယာဥ်ပို့ဆောင်‌ရေးလုပ်ငန်း'တွင် လုပ်ကိုင်နိုင်ရန်အတွက် ကျွမ်းကျင်မှုစစ်‌ဆေးခြင်းစာမေးပွဲကို ကြိုတင်အောင်မြင်ထားရမည်ဖြစ်သည်။ အဆိုပါကျွမ်းကျင်မှုစစ်ဆေးခြင်းအောင်မြင်ရန် အထောက်အကူပြုမည့် သင်ခန်းစာစာအုပ်များကို အသုံးပြုနိုင်ရန်လည်း လမ်းညွှန်ပေးပါမည်။

ကိုယ်ရည်ကိုယ်သွေး စစ်ဆေးမှု

ယာဉ်မောင်းအလုပ်အတွက် သင့်လျော်ခြင်း ရှိမရှိကို သိရှိနိုင်ရန် ကိုယ်ရည်ကိုယ်သွေးစမ်းသပ်စစ်ဆေးပါမည်။ စစ်ဆေးမှုရလဒ်ကို အင်တာဗျူး အချိန်တွင် ပေးပို့ပါမည်။ အင်တာဗျူးဆုံးဖြတ်ချက်များအတွက် အခြေခံစံနှုန်းအဖြစ် အသုံးပြုနိုင်ပါသည်။

ဘေးကင်းစွာ ယာဉ်မောင်းကျွမ်းကျင်မှုနှင့်စပ်လျဉ်း၍ အမှတ်ပေးခြင်း

လျှောက်ထားသူ၏ ယာဉ်မောင်းကျွမ်းကျင်မှုကို ကြိုတင်သိလိုပါက ဆောင်ရွက်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတစ်ဝန်းရှိ ယာဉ်မောင်းသင်တန်းကျောင်းများနှင့် ပူးပေါင်းကာ ယာဉ်မောင်းကျွမ်းကျင်မှု အမှတ်ပေးခြင်းကို ပြုလုပ်ပါသည်။ အမှတ်များတိုးတက်စေရန် လေ့ကျင့်မှုများပြုလုပ်ကာ ယာဉ်မောင်းအဖြစ် ကျွမ်းကျင်မှုရှိစေရန် ဆောင်ရွက်ပေးပါသည်။

ဘေးကင်းစွာမောင်းနှင်ခြင်းဆိုင်ရာ အသိပညာပေး အက်ပ်ကို အသုံးပြုခြင်း

ဂျပန်နိုင်ငံတွင် ယာဉ်မောင်းရန် လိုအပ်သော လမ်းညွှန်အမှတ်အသားများ (လမ်းညွှန်အမှတ်အသားများ၊ သတိပေးအမှတ်အသားများ၊ စည်းမျဉ်းအမှတ်အသားများ၊ ညွှန်ကြားအမှတ်အသားများ) ကို နားလည်စေရန် အက်ပ်ကို အသုံးပြုစေမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းသုံး ကျင့်ဝတ်ဆိုင်ရာ အသိပညာပေးခြင်း

ဂျပန်ကုမ္ပဏီတွင် အလုပ်ဝင်ရန် လိုအပ်သော ပုံမှန်စီးပွားရေးသုံးကျင့်ဝတ်ဆိုင်ရာ အသိပညာပေးမှုကို ကြိုတင်ပြုလုပ်ပေးမည်ဖြစ်သည်။ ဤသင်ကြားမှုများမှတဆင့် ဂျပန်စီးပွားရေးကျင့်ဝတ်များကို နားလည်ထားသူများကို ဝန်ထမ်းအဖြစ် လက်ခံနိုင်ပါသည်။

ဂျပန်ဘာသာစကား ပညာရေး

ယာဉ်မောင်းအလုပ်ကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ဂျပန်ဘာသာစကားကျွမ်းကျင်မှု တိုးတက်လာစေရေးအတွက် လေ့ကျင့်ပေးပါသည်။ အလုပ်ရှာသူတစ်ဦးချင်းစီ၏ အဆင့်အလိုက် သင်ကြားပေးပြီး တိုးတက်လာစေရန် ကြိုးပမ်းပေးပါသည်။

Only-one

ဂျပန်နိုင်ငံတွင် ရရှိနိုင်သည့် တစ်ခုတည်းသော ဝန်ဆောင်မှု!

အလုပ်လုပ်ရန် လိုအပ်သော ယာဉ်မောင်းလိုင်စင်ရရှိရေး၊ လုပ်ငန်းခွင်ဝင်ရန် အသင့်ဖြစ်နေသည့် လူသားအရင်းအမြစ်အား မိတ်ဆက်ပေးခြင်း၊ သင်တန်းများနှင့် သက်ဆိုင်ရာ ပညာရေးလေ့ကျင့်မှုများ၊ နေထိုင်ရေးအထောက်အကူပြုမှု စသည် လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နေရာတည်းတွင် ဆောင်ရွက်ပေးကာ ရေရှည်အလုပ်လုပ်နိုင်ရန် ကူညီပေးပါသည်။

နိုင်ငံခြားသားများအတွက် ပံ့ပိုးထောက်ပံ့မှုဆိုင်ရာဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အကြံပေးခြင်း

အလုပ်ရှင်ကုမ္ပဏီများသည် အထူးကျွမ်းကျင်မှု အဆင့် ၁ နိုင်ငံခြားသားများ၏ လုပ်ငန်းခွင်ဘဝ၊ နေစဉ်ဘဝ၊ လူမှုဘဝအတွက် ထောက်ပံ့ကူညီပေးရန်အတွက် အစီအစဉ်ရေးဆွဲရန် လိုအပ်သည်။ မိမိတို့က ထောက်ပံ့ကူညီရန် အခက်အခဲရှိပါက ဤလုပ်ငန်းများအတွက် မှတ်ပုံတင်ထားသော အထောက်အကူပြုအဖွဲ့များထံ အပ်နှံနိုင်ပါသည်။

ကုန်ကျစရိတ်အစီအစဉ်

ကနဦးကုန်ကျစရိတ်မရှိပါ။

JOYS JAPAN

Joys Japan ၏ ဝန်ဆောင်မှုသည် အောင်မြင်မှုကြေးပုံစံဖြစ်သောကြောင့် ကနဦးစရိတ် မလိုအပ်ပါ။

အလုပ်ကြော်ငြာများတွင် အလုပ်ကြော်ငြာစရိတ်များ ကုန်ကျပါသည်။ အလုပ်ရှင်၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဝန်ထမ်းမရရှိပါက ကုန်ကျစရိတ်များ ပြန်မရရှိနိုင်ပါ။ Joys Japan ၏ ဝန်ထမ်းမိတ်ဆက် ဝန်ဆောင်မှုသည် ဤဆုံးရှုံးမှုများကို မရှိအောင် လျှော့ချဆောင်ရွက်ပေးပါသည်။

အခြားသော အလုပ်ခေါ်ယူခြင်းနှင့်စပ်လျဉ်းသည့် ဝန်ဆောင်မှုများနှင့် နှိုင်းယှဉ်ခြင်း

အလုပ်ခေါ်ယူမှု လုပ်ငန်းစဉ်

အလုပ်လက်ခံမှုမှစ၍ ဝန်ထမ်းမိတ်ဆက်ပေးခြင်းနှင့် ၎င်းဝန်ထမ်းများ ကုမ္ပဏီတွင်စတင်ဝင်ရောက်လုပ်ကိုင်ခြင်းအထိ အလုပ်ခေါ်ယူမှု လုပ်ငန်းစဉ်ကို အကျဉ်းချုပ်ဖော်ပြပါသည်။ ဝန်ထမ်းမိတ်ဆက်ပေးမှုမတိုင်မီ စာချုပ်ချုပ်ဆိုမည်ကို သတိပြုစေချင်ပါသည်။

STEP1ကြားနာခြင်း

အလုပ်အဆိုကို လက်ခံရရှိပါက ကျွန်ုပ်တို့ရဲ့ သက်ဆိုင်ရာဝန်ထမ်းမှ အလုပ်ရှင်၏ လိုအပ်ချက်များကို နားထောင်ပါမည်။ အလုပ်အကြောင်းအရာများနှင့် အလုပ်အတွက် လိုအပ်ချက်စံနှုန်းများကိုသာမက အလုပ်ခန့်အပ်ခြင်း၏ နောက်ခံအခြေအနေများ၊ စိန်ခေါ်မှုများ၊ အလုပ်နှင့်စပ်လျဉ်းသည်များ အားလုံးကို နားထောင်သွားမည်ဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား နားလည်မှု ကွဲလွဲချက်မရှိစေရန် စေစပ်သေချာစွာ ကြိုပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။

STEP2အလုပ်ကြော်ငြာစာ ရေးဆွဲခြင်းနှင့် စစ်ဆေးခြင်း

ကြားနာခြင်း အကြောင်းအရာအပေါ် အခြေပြု၍ အလုပ်ကြော်ငြာစာကို ရေးဆွဲပါမည်။ အလုပ်ရှင်၏ အတည်ပြုချက်ရရှိပါက ကျွန်ုပ်တို့၏ ယာဉ်မောင်းလိုင်စင် ကွန်ရက်တွင် ကြော်ငြာပါမည်။

STEP3လူသားအရင်းအမြစ်များ ရှာဖွေခြင်းနှင့် မိတ်ဆက်ခြင်း

ယာဥ်မောင်းလိုင်စင်ရရှိပြီးသား နိုင်ငံခြားသား ၅၀၀၀ ကျော်ရှိသည့် ဒေတာဘေစ်အပြင် အခြားသော လူမှုကွန်ရက်အမျိုးမျိုးကို အသုံးပြုကာ အလုပ်ရှင်၏ လိုအပ်ချက်နှင့် ကိုက်ညီသော လူ့စွမ်းအားအရင်းအမြစ်ကို ရှာဖွေပါမည်။ အလုပ်နှင့်စပ်လျဉ်းသည့် အကြောင်းအရာကိုသာမက သင့်ကုမ္ပဏီ၏ နှစ်သက်ဖွယ်အရာများကိုပါ ကြေငြာပေးသွားမည် ဖြစ်ပါသည်။

STEP4စာရွက်စာတမ်း စစ်ဆေးခြင်းနှင့် အင်တာဗျူး

အလုပ်ရှင်၏ လိုအပ်ချက်နှင့် ကိုက်ညီသူကို တွေ့ရှိပါက အချက်အလက်စာရွက်စာတမ်းများ ပေးပို့ပါမည်။ ထို့နောက် အလုပ်ရှင်မှ စာရွက်စာတမ်း စစ်ဆေးခြင်းနှင့် အင်တာဗျူး ပြုလုပ်ပါမည်။ စစ်ဆေးမှုအတွင်း ကျွန်ုပ်တို့၏ တာဝန်ခံများမှ အချိန်ညှိနှိုင်းမှုများပြုလုပ်ပါမည်။ စာရွက်စာတမ်းစစ်ဆေးခြင်းအဆင့်တွင် အလုပ်လျှောက်ထားသူ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အတွေးအခေါ်တို့ကိုသိရှိနားလည်စေရန် အချက်အလက်များပါဝင်သည့် ကျွန်ုပ်တို့၏ အကြံပြုစာကို ထောက်ပံ့ပေးမည်ဖြစ်သည်။ အင်တာဗျူးအဆင့်တွင်လည်း လျှောက်ထားသူ၏ အင်တာဗျူးပြီးနောက် ထင်မြင်ချက်နှင့် စပ်လျဉ်းသည့် အချက်အလက်ပံ့ပိုးပေးပါမည်။

STEP5အလုပ်ခန့်ထားခြင်းနှင့် အလုပ်ဝင်ခြင်း

အလုပ်ရှင်၏ လိုအပ်ချက်နှင့် ကိုက်ညီသူကို ရှာတွေ့ပါက အလုပ်ခန့်အပ်စာကို ထုတ်ပေးရမည်ဖြစ်ပြီး ကျွန်ုပ်တို့ တာဝန်ခံမှလည်း လျှောက်ထားသူအနေဖြင့် ကုမ္ပဏီတွင် အလုပ်ဝင်လိုခြင်းရှိမရှိ အတည်ပြုပါမည်။ အလုပ်ဝင်ရန်အတည်ပြုပြီးနောက်ပိုင်းတွင်လည်း လျှောက်ထားသူမှ အစီအစဉ်အတိုင်း အလုပ်ဝင်နိုင်စေရန် ညှိနှိုင်းဆောင်ရွက်မှုများအတွက် လိုအပ်သည်များကိုလည်း ဆက်လက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။ အလုပ်စတင်ဝင်‌ရောက်သည့်နေ့တွင် အဆိုပါ ဝန်ထမ်း အလုပ်ဝင်ရောက်ခြင်းရှိမရှိကိုလည်း အတည်ပြုစစ်ဆေးပါမည်။

စုံစမ်းမေးမြန်းမှုမှစတင်၍ ဝန်ဆောင်မှုအသုံးပြုခြင်းအထိ လုပ်ငန်းစဉ်

၁. ဆက်သွယ်မေးမြန်းရန်

Joys Japan ၏ ဝဘ်ဆိုဒ်မှ ဆက်သွယ်ပါ။ ဆက်သွယ်ရန် ဖောင်ကို ဤနေရာတွင် တွင် တွေ့နိုင်ပါသည်။

2.ဝန်ဆောင်မှု အကြံပြုချက်

တာဝန်ခံမှ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အကြံပြုပါမည်။

3.စာချုပ်ချုပ်ဆိုခြင်း/ကြားနာခြင်း

စာချုပ်ချုပ်ဆိုပြီးနောက် ကျွန်ုပ်တို့၏ တာဝန်ခံမှ သင့်ရှာဖွေနေသည့် လူ့စွမ်းအားအရင်းအမြစ်နှင့်စပ်လျဉ်း၍ ကြားနာခြင်းစတင်ပါမည်။

ဝန်ဆောင်မှု စတင်အသုံးပြုခြင်း

ဆက်သွယ်မေးမြန်းချိန်မှစတင်၍ အနည်းဆုံး ၆ ရက်အတွင်း ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်ပါသည်။

မကြာခဏမေးလေ့ရှိသော မေးခွန်းများ