ရှောအဲ မော်တော်ကား ကုမ္ပဏီ: (ဂျပန်နိုင်ငံတွင် ပထမဦးဆုံး) သတ်မှတ်ထားသော ကျွမ်းကျင်မှု စာမေးပွဲ (တက္ကစီအမျိုးအစား) အောင်မြင်သူ အပါအဝင် ဝန်ထမ်း ၈ ဦး ခန့်အပ်ခြင်း
အဒါချိရပ်ကွက်ရှိ တက္ကစီကုမ္ပဏီတစ်ခုဖြစ်သော ရှောအဲမော်တော်ကားကုမ္ပဏီလီမိတက်သည် မောင်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှိ အထူးကျွမ်းကျင်လုပ်သားစနစ်မှတဆင့်နိုင်ငံခြားသားယာဉ်မောင်း ၈ ဦး ခန့်အပ်ခြင်းကို ကြေညာရန် သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ပါသည်။ ထိုသတင်းစာရှင်းလင်းပွဲသို့ စက်မှုလုပ်ငန်းဆိုင်ရာ သတင်းဌာနကြီး ၅ ခု တက်ရောက်ခဲ့ပြီး အဆိုပါ သတင်းဌာနကြီးများမှ အထူးကျွမ်းကျင်လုပ်သားစနစ်မှတဆင့် တက္ကစီလုပ်ငန်း၏ စတင်မှုအသစ်တစ်ခုအဖြစ် ဖော်ပြခဲ့ကြပါသည်။
သတင်းစာရှင်းလင်းပွဲ၏အစတွင် ရှောအဲမော်တော်ကားကုမ္ပဏီ၏ ဥက္ကဋ္ဌ (နှင့် ဂျပန်နိုင်ငံလုံးဆိုင်ရာ တက္ကစီအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ) ဖြစ်သူ မစ္စတာ တာကေအိ တက်ရောက်ခဲ့ပြီး မော်တော်ယာဉ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် သတ်မှတ်ကျွမ်းကျင်လုပ်သားစနစ်မှတဆင့် အသုံးပြု၍ နိုင်ငံခြားသားယာဉ်မောင်းများ ခန့်အပ်ခြင်းသည် နောင်လာမည့် တက္ကစီလုပ်ငန်းအတွက် မည်မျှအရေးကြီးကြောင်းနှင့် ထိုကဲ့သို့ စတင်မှုများကို အားဖြည့်တိုက်တွန်းသွားမည့် ၎င်း၏အမြင်များကို ပြောကြားခဲ့ပါသည်။
ဥက္ကဋ္ဌ တာကေအိအနေဖြင့် "စက်မှုလုပ်ငန်းတစ်ခုလုံးအနေဖြင့် သတ်မှတ်ကျွမ်းကျင်နိုင်ငံခြားသားယာဉ်မောင်းများကို ခေါ်ယူခန့်အပ်ခြင်းနှင့်ပတ်သက်၍ သတိပြုဆောင်ရွက်နေသည့်အချိန်တွင် ရှောအဲမော်တော်ကားလုပ်ငန်းမှ ဦးဆောင်၍ ခန့်အပ်ဆောင်ရွက်လိုက်ခြင်းဖြင့် တက္ကစီလုပ်ငန်းနယ်ပယ်ရှိတာဝန်ရှိသူများကို အားပေးလိုပါသည်" ဟု ၎င်း၏ခိုင်မာသော ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ညာဘက်တွင် ရှောအဲမော်တော်ကားကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံလုံးဆိုင်ရာ တက္ကစီအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ တာကေအိ တိုရှီဟာရု ဖြစ်ပြီး၊ ဘယ်ဘက်တွင် နီရှိအာရအိကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံလုံးဆိုင်ရာ တက္ကစီအသင်းချုပ်၏ ဒါရိုက်တာ ဖြစ်သူ မစ္စတာ ရှီမိဇု ဟာဂျီမဲ ဖြစ်ပါသည်။
"ယခုအချိန်သည် ယာဉ်မောင်းများကို စုဆောင်းရန် လွယ်ကူသော အခြေအနေတွင်ရှိပြီး မိမိတို့ကုမ္ပဏီအနေဖြင့် ဆောင်ရွက်နိုင်သည် ဖြစ်သော်လည်း လုပ်သားအင်အားလူဦးရေ လျော့နည်းလာနေသော အနာဂတ်ကို စဉ်းစားကြည့်လျှင် မလွဲမသွေ နိုင်ငံခြားသားများကို ခန့်အပ်ခြင်းအပေါ် မှီခိုရမည့်အချိန် ရောက်လာလိမ့်မည်။ မိမိတို့သည် တစ်နိုင်ငံလုံးရှိ တက္ကစီလုပ်ငန်းအတွက် သတ်မှတ်ကျွမ်းကျင်လုပ်သား (အဆင့် ၁) ၏ စံပြအနေဖြင့် ဖန်တီးလိုပါသည်။ တက္ကစီလုပ်ငန်းအနေဖြင့် အနာဂတ်ကိုမျှော်ကြည့်ကာ ယခုအချိန်သည် ထိုအခွင့်အရေးဖြစ်သည်ဟု သဘောပေါက်စေလိုပါသည်" ဟု ပြောကြားခဲ့ပါသည်။
"သတ်မှတ်ကျွမ်းကျင်လုပ်သား (အဆင့် ၁) ကို အသုံးပြု၍ နိုင်ငံခြားသားများ ခန့်အပ်ခြင်းနှင့်ပတ်သက်၍ လာမည့် ၅ နှစ်အတွင်း ထရပ်နှင့် ဘတ်စ်အပါအဝင် လုပ်ငန်း ၃ ခုတွင် စုစုပေါင်း လူဦးရေ ၂၄,၅၀၀ ခေါ်ယူရန် မျှော်မှန်းထားပြီး တက္ကစီလုပ်ငန်းတွင် လူဦးရေ ၆,၅၀၀ ခေါ်ယူရန် သတ်မှတ်ထားပါသည်။ အနာဂတ်မျှော်မှန်းချက်အနေဖြင့် နိုင်ငံခြားသားယာဉ်မောင်းများ၏ အချိုးအစားကို ၁၀ ရာခိုင်နှုန်းခန့်အထိ တိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။ နောက်ဆုံးတွင် မိသားစုဝင်များပါ လိုက်ပါနေထိုင်ခွင့်ရှိသည့် သတ်မှတ်ကျွမ်းကျင်လုပ်သား (အဆင့် ၂) သို့ တိုးချဲ့ရန်ကိုလည်း စဉ်းစားလျက်ရှိပါသည်။"
ဥက္ကဋ္ဌ တာကေအိအနေဖြင့် ယခုအကြိမ် ဝန်ထမ်း ၈ ဦး ခန့်အပ်ခြင်း၏ လုပ်ငန်းစဉ်တစ်ခုလုံးကို အပ်နှင်းခဲ့သော ကုမ္ပဏီမှာ Joys Japan ကုမ္ပဏီလီမိတက် ဖြစ်ပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုရရှိခြင်း၏ အကြောင်းရင်းမှာ မော်တော်ယာဉ်ပို့ဆောင်ရေးအတွက် သတ်မှတ်ကျွမ်းကျင်လုပ်သားစနစ် အလုပ်လုပ်နိုင်ရန် လိုအပ်သော "ယာဉ်မောင်းလိုင်စင်ရရှိရေးနယ်ပယ်"၊ "ဂျပန်ဘာသာစကား၊ ယဥ်ကျေးမှုဖလှယ်ခြင်းနှင့်စပ်လျဉ်းသည့် ပညာရေးနယ်ပယ်" နှင့် "လူ့စွမ်းအားအရင်းအမြစ်ရှာဖွေရေးနယ်ပယ်" အသီးသီးတွင် ကျွမ်းကျင်မှုရှိပြီး မှတ်ပုံတင်ခြင်းဆိုင်ရာ ကူညီထောက်ပံ့ပေးသည့် လုပ်ငန်း၏ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အသိပညာပေးခြင်းမှ စတင်၍ အလုပ်ဝင်ရောက်ပြီးသည်အထိ အလုပ်တွင် ဆက်လက်တည်မြဲဆောင်ရွက်နိုင်သည်အထိ ကူညီထောက်ပံ့ပေးသော စနစ်တစ်ခုကို တည်ဆောက်ထားသည့် အခြားသော ကုမ္ပဏီများနှင့် မတူညီသော အချက်ကြောင့်ဖြစ်သည်။"

Joys Japan ကုမ္ပဏီလီမိတက်၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဆုဆုမိ အတ်ဆုရှိ
ဤသတင်းစာရှင်းလင်းပွဲတွင် Joys Japan ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ဆုဆုမိသည် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်-
မိမိတို့ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းပုံစံနှင့်ပတ်သက်၍ "မှတ်ပုံတင်အထောက်အပံ့လုပ်ငန်း (ဘဝတစ်လျှောက်လုံးကို ဂရုစိုက်စောင့်ရှောက်ပေးသော အထောက်အပံ့လုပ်ငန်း) ၏ ကုန်ကျစရိတ်သည် ပုံမှန်အားဖြင့် ၅ နှစ်ကြာမြင့်နိုင်သော်လည်း ၂ နှစ်အတွင်း လျှော့ချနိုင်ရန်အတွက် မိမိတို့ ကာစတမ်မာများအနေဖြင့်ဖြင့် မှတ်ပုံတင်အထောက်အပံ့လုပ်ငန်းကို မိမိကိုယ်တိုင် လုပ်ဆောင်နိုင်စေရန် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အသိပညာပေးသည့် စနစ်တစ်ခုကို ကျွန်ုပ်တို့ တည်ဆောက်ထားပါသည်။ ထို့ပြင် လူ့စွမ်းအားအရင်းအမြစ်ကို သာမန်မိတ်ဆက်ပေးရုံမဟုတ်ဘဲ နိုင်ငံခြားသားယာဉ်မောင်းများအနေဖြင့် မိမိတို့ဝင်ရောက်မည့် ကုမ္ပဏီများတွင် စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်စေရန် အထောက်အပံ့စနစ်တစ်ခုကို တည်ဆောက်ထားခြင်းသည် အခြားကုမ္ပဏီများနှင့် အဓိက ကွာခြားချက်ဖြစ်သည်" ဟု ရှင်းပြခဲ့ပါသည်။
Joys Japan ၏အားသာချက်တစ်ခုမှာ အတွေ့အကြုံများစွာဖြင့် နိုင်ငံခြားလိုင်စင်မှ ဂျပန်လိုင်စင်ပြောင်းရန်အတွက် ကူညီပေးခြင်းနှင့် ဂျပန်ရှိ နိုင်ငံခြားသားကွန်ယက်အပေါ် အခြေခံကာ ထူးချွန်သောနိုင်ငံခြားသားများကို မိတ်ဆက်ပေးနိုင်ခြင်း ဖြစ်သည်။ N3 ထက်မနိမ့်သော ဂျပန်ဘာသာစကားကျွမ်းကျင်မှုရှိသော နိုင်ငံခြားသားများကို ရွေးချယ်၍ အလုပ်ခန့်ထားနိုင်စေရန်နှင့် အဆင့် ၂ ယာဥ်မောင်းလိုင်စင်ကို လျှင်မြန်အဆင်ပြေစွာ ရရှိနိုင်အောင် ဆောင်ရွက်ပေးသော စနစ်တစ်ခုကို တည်ဆောက်ထားသည်။

အလုပ်ခန့်အပ်ခံထားရသော နိုင်ငံခြားသား ယာဥ်မောင်းများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း။
ဘယ်ဘက်မှစ၍ – တာကေအိ ဥက္ကဋ္ဌ၊ နိုင်ငံခြားသားမောင်းသူ ၄ ဦး၊ ရှောအဲ မော်တော်ကားကုမ္ပဏီ တာဝန်ထမ်းအမှုဆောင် ဒုဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အုပ်ချုပ်ရေးဒါရိုက်တာဖြစ်သူ ကာတခုရာ။
ယခုအလုပ်ခန့်ထားသော နိုင်ငံခြားသားယာဥ်မောင်းများမှာ အသက် ၂၀ မှ ၃၀ ကျော်အတွင်းရှိ အမျိုးသားများဖြစ်ပြီး နိုင်ငံသားအနေနှင့် မြန်မာနိုင်ငံသား ၅ ဦး၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဗီယက်နမ်နိုင်ငံသားများ ဖြစ်ပါသည်။
မီဒီယာအစည်းအဝေးတွင်တက်ရောက်သူများထံမှ အောက်ပါအမြင်များကို မေးမြန်းခဲ့ပါသည်။
တက္ကစီအမျိုးအစားအတွက် သတ်မှတ်အထူးကျွမ်းကျင်မှုစာမေးပွဲကို အောင်မြင်သူပထမဦးဆုံးဖြစ်သော အသက် ၂၉ နှစ်ရှိသော ထိုင်ဝမ်နိုင်ငံသား Mr. Chang Yi Cheng ၏အမြင် –
“အင်္ဂလိပ်နှင့် တရုတ်ဘာသာစကား ကျွမ်းကျင်မှုကို အသုံးချပြီး ခရီးသည်များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးချင်ပါတယ်။”
တက္ကစီအမျိုးအစားအတွက် ပထမဦးဆုံး သတ်မှတ်အထူးကျွမ်းကျင်မှုစာမေးပွဲအောင်မြင်သူ ဖြစ်လာခြင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းနှင့် အချိန်နှင့်တပြေးညီဆက်သွယ်ကာ သတင်းအချက်အလက်များ ပေးနိုင်သည့် Joyce Japan ၏ ကျေးဇူးကြောင့် ဖြစ်သည်။
အသက် ၂၂ နှစ် ဗီယက်နမ်နိုင်ငံသား၏အမြင် –
“ဒီအခွင့်အလမ်းကို ဘဝအတွက်အရေးကြီးတဲ့အခွင့်အရေးတစ်ခုအနေနဲ့ မလွတ်အောင် အသုံးချချင်ပါတယ်။”
အသက် ၂၇ နှစ် မြန်မာနိုင်ငံသား၏အမြင် –
“ဂျပန်ကိုလာရောက်သော နိုင်ငံခြားသားများကို ဂျပန်နိုင်ငံရဲ့အလှအပနဲ့ကောင်းမွန်သာယာမှုတွေကို ပြောပြချင်ပါတယ်။”
ယခု သတင်းစာရှင်းလင်းပွဲသည် တက္ကစီလုပ်ငန်းတွင် အရည်အချင်းရှိသည့် နိုင်ငံခြားသားယာဥ်မောင်းများ၏ အလုပ်ခန့်အပ်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးသော ခြေလှမ်းဖြစ်ခဲ့သည်။
Joys Japan မှာလည်း အနာဂတ်တွင် အထူးကျွမ်းကျင်မှု – မော်တော်ယာဉ်ပို့ဆောင်ရေးလုပ်ငန်းစနစ်မှတဆင့် နိုင်ငံခြားသားယာဥ်မောင်းများကို မိတ်ဆက်ပေးခြင်းအားဖြင့် လုပ်သားအင်အားရှားပါးလာမှု ပြဿနာကို ဖြေရှင်းနိုင်ရန်နှင့် အလုပ်သမားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီသွားရန် ရည်ရွယ်ထားပါသည်။