မဂ္ဂဇင်း

[စီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ၏ ရှင်းလင်းချက်] မိသားစုဗီဇာ မှ အထူးကျွမ်းကျင်မှုသို့ ကူးပြောင်းခြင်း။

[စီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ၏ ရှင်းလင်းချက်] မိသားစုဗီဇာ မှ အထူးကျွမ်းကျင်မှုသို့ ကူးပြောင်းခြင်း။

မိသားစုဗီဇာနေထိုင်ခွင့်မှ အထူးကျွမ်းကျင်လုပ်သားနေထိုင်ခွင့်သို့ ကူးပြောင်းခြင်းသည် နိုင်ငံခြားသားများအတွက် အခွင့်အလမ်းအသစ်များပေါ်ပေါက်လာစေရန် အရေးကြီးသည့် အဆင့်တစ်ခုဖြစ်သည်။ အဆိုပါ ကူးပြောင်းခြင်းမှတဆင့် တိုးတက်လာခြင်း၊ ပိုမိုသေချာသည့် ဝင်ငွေတစ်ခုရရှိခြင်းတို့အပြင် ဂျပန်နိုင်ငံရှိလုပ်သားရှားပါးမှုကို ရင်ဆိုင်နေရသည့် လုပ်ငန်းနယ်ပယ်များအတွက်လည်း လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ ကူးပြောင်းရာတွင် လိုအပ်သည့်အချက်များ၊ လုပ်ငန်းစဉ်များနှင့် ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်သည်များအား အောက်ပါအတိုင်း ရှင်းလင်းဖော်ပြပေးသွားမည် ဖြစ်ပါသည်။

အထူးကျွမ်းကျင်လုပ်သားသို့ ကူးပြောင်းခြင်းအကျိုးကျေးဇူးများ

အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးတိုးတက်လာခြင်း

အထူးကျွမ်းကျင်လုပ်သားစနစ်တွင် ဘိုးဘွားစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စားသောက်ကုန်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအစရှိသဖြင့် လုပ်ငန်းနယ်ပယ်အသီးသီး ပါဝင်ပါသည်။ အဆိုပါ သက်ဆိုင်ရာနယ်ပယ်အလိုက် အထူးကျွမ်းကျင်မှုများရရှိပိုင်ဆိုင်ပြီး အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။

ဝင်ငွေတိုးမြင့်လာခြင်း

အထူးကျွမ်းကျင်မှုလိုအပ်သည့်အတွက် မိသားစုဗီဇာနေထိုင်ခွင်နှင့်နှိုင်းယှဉ်ပါက လစာမြင့်ကို မျှော်မှန်းနိုင်ပါသည်။

နေထိုင်ခွင့်သက်တမ်းတိုးခြင်း

အထူးကျွမ်းကျင်လုပ်သား အဆင့် ၁ အတွက် နေထိုင်ခွင့်မှာ ၅ နှစ်အထိဖြစ်ပြီး လိုအပ်ချက်များ ကိုက်ညီပါက အဆင့် ၂ သို့လည်း ကူးပြောင်းနိုင်မည်ဖြစ်သည်။

ကူးပြောင်းရန်လိုအပ်ချက်များ

ဂျပန်စာဘာသာစကားအရည်အချင်း

အထူးကျွမ်းကျင်လုပ်သားအဖြစ်အလုပ်လုပ်ကိုင်ရန် အခြေခံဂျပန်စာအရည်အချင်း (N4 သို့မဟုတ် ဘတ်စ်ကားနှင့်တက္ကစီလုပ်ငန်းများအတွက် N3) လိုအပ်ပါသည်။

ကျွမ်းကျင်မှု

သက်ဆိုင်ရာနယ်ပယ်အလိုက် သက်မှတ်ကျွမ်းကျင်မှုနှင့်အသိပညာပိုင်ဆိုင်ထားရမည် ဖြစ်သည်။ သက်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးခြင်းများအောင်မြင်ရန် သို့ လက်တွေ့အတွေ့အကြုံများ ပြသရန်လိုအပ်ပါသည်။

ကျန်းမာရေးအခြေအနေ

ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်လိုအပ်သည်။

လျှောက်ထားမှုလုပ်ငန်းစဉ်များ

အထူးကျွမ်းကျင်လုပ်သားအဖြစ်လုပ်ကိုင်နိုင်ခြင်းအား အတည်ပြုခြင်း

အထူးကျွမ်းကျင်လုပ်သားအဖြစ် လုပ်ကိုင်လိုသူများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည့် လုပ်ငန်းအလိုက် လိုအပ်ချက်များအား အတည်ပြုရန် လိုအပ်သည်။

ဂျပန်စာဘာသာစကားအရည်အချင်းနှင့်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်များ

လျှောက်ထားသူများအနေဖြင့် ဘာသာစကာနှင့်ကျွမ်းကျင်မှုစစ်ဆေးခြင်းတို့အား အောင်မြင်ရမည် ဖြစ်ပြီး သက်ဆိုင်ရာလက်မှတ်များပြသရန်လိုအပ်ပါသည်။

လုပ်ငန်းစာချုပ်ချုပ်ဆိုခြင်း

သက်ဆိုင်ရာကုမ္ပဏီနှင့် လုပ်ငန်းစာချုပ်ချုပ်ဆိုရမည် ဖြစ်သည်။

အရည်အချင်းပြည့်မီကြောင်းလက်မှတ်လျှောက်ထားခြင်း

လျှောက်ထားသူအနေဖြင့် အလုပ်ခန့်အပ်စာချုပ်နှင့် အခြားသောလိုအပ်သည့်စာရွက်စာတမ်းများ အပြင် လူဝင်မှုကြီးကြပ်ရေးဌာနတွင် အရည်အချင်းပြည့်မီကြောင်းလက်မှတ်လျှောက်ထားရန်လည်း လိုအပ်ပါသည်။

နေထိုင်ခွင့်ပြောင်းလဲခြင်းအတွက် လျှောက်ထားခြင်း

အရည်အချင်းပြည့်မီကြောင်းလက်မှတ်ရရှိပြီးနောက် နေထိုင်ခွင့်ပြောင်းလဲခြင်းအတွက် လျှောက်ထားရမည်ဖြစ်သည်။

မှတ်သားရန်အချက်များ

လျှောက်ထားသည့်အချက်အလက်များ မှန်ကန်ခြင်း

လျှောက်ထားသည့် စာရွက်စာတမ်းအချက်အလက်များ မပြည့်စုံပါက လုပ်ငန်းစဉ်ကြာမြင့်နိုင်ပါသည်။ သို့ပါ၍ လိုအပ်သည့် စာရွက်စာတမ်းများအား အချိန်မီပြင်ဆင်ရန်လိုအပ်ပါသည်။

နိုင်ငံသားအလိုက် ကွာခြားချက်

လျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လိုအပ်သည့် စာရွက်စာတမ်းများမှာ လျှောက်ထားသူများ၏ နိုင်ငံသားအလိုက်ကွာခြားနိုင်ပါသည်။ သက်ဆိုင်ရာ ဂျပန်သံရုံး သို့ အကြံပေး သို့ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် အသေးစိတ်အား စစ်ဆေးဆောင်ရွက်ပါ။

လက်ရှိပြောင်းရွှေ့မှုအခြေအနေ

အထူးကျွမ်းကျင်လုပ်သားအခြေအနေသို့ ပြောင်းလဲခြင်းသည် နိုင်ငံခြားသားအလုပ်သမားများအတွက် နှစ်လိုဖွယ်အခြေအနေတစ်ခုဖြစ်ပါသည်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်နှင့် နီပေါကဲ့သို့သော နိုင်ငံခြားမှ ကူးပြောင်းမှုများ များပြားနေသည့် အခြေအနေဖြစ်ပါသည်။ အဆိုပါအထဲမှ ဘိုးဘွားစောင့်ရှောက်ရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများမှာ လူကြိုက်များပြီး အသစ်ထည့်သွင်းလိုက်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာလည်း အခြားသော လုပ်ငန်းများထက် လစာဝင်ငွေများပြားမှုကြောင့် လူကြိုက်များလာဖွယ်ရှိပါသည်။

အဆိုပါကူးပြောင်းမှုမှတဆင့် ဂျပန်နိုင်ငံအလုပ်သမားဈေးကွက်မှာ ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပြီး နိုင်ငံခြားသားများအတွက် အခွင့်အလမ်းသစ်များစွာဖန်တီးပေးမည်ဖြစ်ပါသည်။ အချက်အလက်များ စုဆောင်းခြင်းနှင့် စေ့စပ်သေချာစွာပြင်ဆင်ခြင်းဖြင့် မိသားစုဗီဇာနေထိုင်ခွင့်မှ အထူးကျွမ်းကျင်လုပ်သားနေထိုင်ခွင့်သို့ ကူးပြောင်းခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းတစ်ခု အဖြစ် တည်ရှိနေမည် ဖြစ်သည်။

စာရင်းသို့ပြန်သွားရန်