၂၀၂၄ ခုနှစ် ဧပြီလမှစ၍ မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား အထူးကျွမ်းကျင်စနစ်အောက်တွင် နေထိုင်ခွင့်အသစ်အဖြစ်ထည့်သွင်းခဲ့ပြီး ထရပ်လုပ်ငန်းတွင် နိုင်ငံခြားသားအလုပ်သမားများ တက်ကြွစွာပိုမိုပါဝင်ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။
ထရပ်ယာဥ်မောင်းအလုပ်အား စိတ်ပါဝင်စားသူများအတွက် နှစ်စဉ်ဝင်ငွေသည် အရေးပါဆုံးဖြစ်မည် ထင်ပါသည်။ အချို့သူများမှာ လစာမြင့်သည့်နေရာများတွင် အလုပ်လုပ်လိုပြီး လစာမြင့်မားစွာ ပေးသည့် ခရိုင်များတွင် ယာဥ်မောင်းဖြစ်လာရန် မျှော်မှန်းထားကြပါသည်။
သို့ပါ၍ ယခုဆောင်းပါးတွင် ထရပ်ယာဥ်မောင်းများ၏ လစာအမြင့်ဆုံးအခြေအနေများအား ခရိုင်အလိုက် အဆင့်ဖြင့်ဖော်ပြပေးသွားပါမည်။ ကောင်းမွန်သည့်အခြေအနေတွင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါသည်။
၁။ ထရပ်ယာဥ်မောင်းများ၏ ခရိုင်အလိုက် ပျမ်းမျှအဆင့်

ဦးစွာ ထရပ်ယာဥ်မောင်းများ၏ ခရိုင်အလိုက် နှစ်စဉ်ပျမ်းမျှဝင်ငွေအား အဆင့်အလိုက်ဖော်ပြပေးပါမည်။
အဆင့် | ခရိုင် | ပျမ်းမျှလစာ |
1 | Tokyo | 5.5 million yen |
2 | Osaka | 4.72 million yen |
3 | Kanagawa | 4.32 million yen |
4 | Aichi | 4.32 million yen |
5 | Miyagi | 3.93 million yen |
6 | Ibaraki | 3.93 million yen |
7 | Tochigi | 3.93 million yen |
8 | Gunma | 3.93 million yen |
9 | Chiba | 3.93 million yen |
10 | Ishikawa | 3.93 million yen |
11 | Fukui | 3.93 million yen |
12 | Nagano | 3.93 million yen |
13 | Shizuoka | 3.93 million yen |
14 | Mie | 3.93 million yen |
15 | Shiga | 3.93 million yen |
16 | Kyoto | 3.93 million yen |
17 | Hyogo | 3.93 million yen |
18 | Nara | 3.93 million yen |
19 | Okayama | 3.93 million yen |
20 | Hiroshima | 3.93 million yen |
21 | Yamaguchi | 3.93 million yen |
22 | Tokushima | 3.93 million yen |
23 | Fukuoka | 3.93 million yen |
24 | Hokkaido | 3.54 million yen |
25 | Iwate | 3.54 million yen |
26 | Yamagata | 3.54 million yen |
27 | Fukushima | 3.54 million yen |
28 | Saitama | 3.54 million yen |
29 | Niigata | 3.54 million yen |
30 | Toyama | 3.54 million yen |
31 | Yamanashi | 3.54 million yen |
32 | Gifu | 3.54 million yen |
33 | Wakayama | 3.54 million yen |
34 | Tottori | 3.54 million yen |
35 | Shimane | 3.54 million yen |
36 | Kagawa | 3.54 million yen |
37 | Ehime | 3.54 million yen |
38 | Kochi | 3.54 million yen |
39 | Nagasaki | 3.54 million yen |
40 | Kumamoto | 3.54 million yen |
41 | Oita | 3.54 million yen |
42 | Kagoshima | 3.54 million yen |
43 | Aomori | 3.14 million yen |
44 | Saga | 3.14 million yen |
45 | Akita | 3.14 million yen |
46 | Miyazaki | 3.14 million yen |
47 | Okinawa | 3.14 million yen |
အရင်းအမြစ်: နှစ်စဉ်ပျမ်းမျှဝင်ငွေ- ဂျပန်"ထရပ်ယာဥ်မောင်းဝင်ငွေအသေးစိတ်ရှင်းလင်းချက်"
ပျမ်းမျှလစာအများဆုံးမှာ တိုကျိုဖြစ်ပြီး ပျမ်းမျှဝင်ငွေ ယန်း ၅.၅ မီလီယံဖြစ်ပါသည်။ တခြားတစ်ဖက်တွင် အနိမ့်ဆုံးခရိုင်များမှာ အအိုမိုရိ၊ အခိတ၊ ဆာဂ၊ မီရဂိနှင့် အိုခိနာဝါတို့ဖြစ်ပြီး ပျမ်းမျှဝင်ငွေ ၃.၁၄ မီလီယံ ဖြစ်ပါသည်။ ကွာခြားချက်မှာ ၂.၃၆ မီလီယံဖြစ်ပါသည်။
၂။ ခရိုင်အလိုက်ဝင်ငွေကွာခြားရသည့် အကြောင်းအရင်း
ထရပ်ယာဥ်မောင်းများ၏ လစာသည် ခရိုင်အလိုက်ကွာခြားပါသည်။
အစောပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်း ပျမ်းမျှလစာအများဆုံးရရှိသည့် တိုကျိုတွင် လုပ်ကိုင်သည့် အချိန်ပြည့်တက္ကစီယာဥ်မောင်းနှင့် လစာအနိမ့်ဆုံးခရိုင်တို့အကြား လစာကွာခြားချက်မှာ ၂.၃၆ မီလီယံ ယန်းဖြစ်ပါသည်။ ထရပ်အတွက်လည်း အတူတူပင်ဖြစ်ပြီး ဆိုလိုခြင်းမှာ နေထိုင်မှုစရိတ်နှင့် ကုန်ကျစရိတ်တို့အပေါ်မူတည်၍ လစာကွာခြားခြင်းဖြစ်ပါသည်။
သို့ပါ၍ အစားအစာ၊ နေထိုင်စရိတ်မြင့်မားသောနေရာဒေသများရှိ လစာဝင်ငွေမြင့်မားပြီး ကုန်ကျစရိတ်နည်းသောနေရာများတွင် လစာဝင်ငွေလျော့နည်းမည်ဖြစ်ပါသည်။ ဤနည်းအားဖြင့် ဝင်ငွေနှင့် ကုန်ကျစရိတ်မှာ ဒေသအလိုက်အချိုးညီမျှနေမည်ဖြစ်သည်။
တစ်နည်းဆိုရသော် လစာဝင်ငွေမြင့်သည့် ဒေသများသို့ ပြောင်းရွေ့လုပ်ကိုင်သော်လည်း သင့်၏ ဘဝနေထိုင်မှုပိုမိုလွယ်ကူကောင်းမွန်လာစေမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။
၃။ တိုကျိုရှိ ထရပ်ယာဥ်မောင်းများ၏ လစာသည် အခြားသောခရိုင်များနှင့်နှိုင်းယှဥ်ပါက မြင့်မားနေရသည့် အကြောင်းအရင်း
တိုကျိုတွင်တစ်ယောက်တည်းနေထိုင်သူဖြစ်ပါက ပျမ်းမျှနေထိုင်စရိတ်မှာ ၂၀၀,၀၀၀ ယန်းခန့်ဖြစ်သည်။ တစ်ခြားတစ်ဖက်တွင် အိုခီနာဝါတွင် တစ်ယောက်တည်းနေထိုင်ပါက ၁၀၀,၀၀၀ ယန်းဝန်းကျင်ခန့်ဖြစ်သည်။
တိုကျိုရှိ ဈေးနှုန်းများမှာ မြင့်မား၍ အခြားသောဒေသများနှင့် နေထိုင်စားသောက်စရိတ်နှိုင်းယှဥ်၍ မရနိုင်ပါ။
တိုကျိုတွင်နေထိုင်နိုင်ရန် သင့်တင့်သည့် ငွေပမာဏလိုအပ်သည့်အတွက် လစာဝင်ငွေလည်း မြင့်မားရခြင်းဖြစ်သည်။
၄။ ပျမ်းမျှဝင်ငွေထက်ပိုမိုရရှိနေသူများ၏ လက္ခဏာရပ်များ
ဖော်ပြခဲ့သည့်အတိုင်း လစာမြင့်ဒေသများသို့ ပြောင်းရွေ့ခြင်းဖြင့် သင်၏ ဘဝနေထိုင်မှုပိုမို လွယ်ကူလာနိုင်စေမည်မဟုတ်ပါ။
သို့သော် ပျမ်းမျှလစာထက်ပိုမိုရရှိနေသော ထရပ်ယာဥ်မောင်းများစွာလည်း ရှိပြီး ယခုဆောင်းပါးတွင် ဖော်ပြပေးသွားပါမည်။
လစာမြင့်မြင့်ရရှိလိုသူများအနေဖြင့် ကိုးကားကြည့်ရှု့နိုင်ပါသည်။
လိုအပ်သည့် အရည်အချင်းများပိုင်ဆိုင်ထားခြင်း
လိုအပ်သည့် သတ်မှတ်အရည်အချင်းပိုင်ဆိုင်ထားပါက ပေးအပ်သည့် ခံစားခွင့်များသည် လုပ်ငန်းနယ်ပယ်နှင့် ခရိုင်အလိုက်ကွာခြားသော်လည်း ယေဘူယျမှာ အောက်ပါအတိုင်းဖြစ်သည်-
လုပ်ငန်းနယ်ပယ်နှင့်လိုင်စင်အလိုက် လစာပုံစံ
| ပျမ်းမျှလစဉ်ဝင်ငွေ | ပျမ်းမျှလစဉ်ဝင်ငွေ + လအလိုက်ဆုကြေး |
ယာဥ်ဆွဲလိုင်စင် | ၃၉၁,၀၀၀ ယန်း | ၄၄၂,၃၀၀ ယန်း |
ယာဥ်အကြီးလိုင်စင် | ၃၅၄,၅၀၀ ယန်း | ၄၀၂,၁၀၀ ယန်း |
ယာဥ်အလတ်လိုင်စင် | ၃၀၄,၆၀၀ ယန်း | ၃၃၇,၈၀၀ ယန်း |
Semi ယာဥ်အလတ်လိုင်စင် | ၃၂၀,၁၀၀ ယန်း | ၃၆၁,၂၀၀ ယန်း |
ပုံမှန်ယာဥ်လိုင်စင် | ၃၁၃,၂၀၀ ယန်း | ၃၆၅,၇၀၀ ယန်း |
ပျမ်းမျှ | ၃၄၂,၅၀၀ ယန်း | ၃၈၂,၇၀၀ ယန်း |
၂၀၂၂ ခုနှစ် ထရပ်ကား သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှိ လုပ်ခနှင့် အလုပ်ချိန်များ၏ လက်တွေ့အခြေအနေ (ယူနစ်- ယန်း)
လိုင်စင်အပေါ်မူတည်၍ ယာဥ်မောင်းများ၏လစဉ် လစာကိုကြည့်ခြင်းအားဖြင့် ယာဥ်ဆွဲလိုင်စင်သည် အမြင့်ဆုံးဖြစ်ပြီး ထို့နောက် ယာဥ်ကြီး၊ semi ယာဥ်အလတ်၊ ပုံမှန်နှင့် ယာဥ်အလတ် လိုင်စင်ဟူ၍ အဆင့်အလိုက်ဖြစ်ပါသည်။ အဆင့်မြင့်လိုင်စင်ကို ရယူထားခြင်းဖြင့် လစာမြင့်ကို မျှော်မှန်းနိုင်သည် ဖြစ်သည်။
အချိန်ကြာမြင့်စွာအလုပ်လုပ်ခြင်း
ပျမ်းမျှလစာထက်ပိုမိုရရှိနေသည့် ဝန်ထမ်းအများစုမှာ ကုမ္ပဏီတစ်ခုတည်းတွင် အချိန်ကြာမြင့်စွာ လုပ်ကိုင်သည်ကို တွေ့ရှိရပါသည်။
တစ်နေရာတည်းတွင် ကြာမြင့်စွာလုပ်ကိုင်ခြင်းဖြင့် လစာတိုးမြင့်ခြင်းများနှင့် အခွင့်အရေးများကို မျှော်မှန်းရရှိနိုင်သည်ဖြစ်သည်။
၁၀ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သည့် ထရပ်ယာဥ်မောင်းများမှာ ၈၀,၀၀၀ ယန်း ခန့် လစာတိုးမြင့်နိုင်ပါသည်။
သို့ပါ၍ အချိန်ကြာမြင့်စွာလုပ်ကိုင်ခြင်းဖြင့် လစာပိုမိုမြင့်မားလာနိုင်သည်ဖြစ်သည်။
ညဆိုင်းလုပ်ကိုင်ခြင်း
ညဆိုင်းလုပ်ကိုင်ခြင်းဖြင့်လည်း ညဆိုင်းကြေးရရှိကာ လစာတိုးမြင့်နိုင်ပါသည်။ လက်ရှိအလုပ်သမား ဥပဒေအရ ည ၁၀ နာရီနှင့် မနက် ၅ နာရီအကြားအလုပ်လုပ်ခြင်းဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းတိုးမြင့်ရရှိပါသည်။ သို့ပါ၍ ညဆိုင်းလုပ်သည့် ယာဥ်မောင်းများအနေဖြင့် ညဆိုင်းကြေးရရှိနိုင်ပါသည်။ ညဘက် အလုပ်လုပ်ခြင်း၏ အားသာချက်မှာ ညဘက်တွင် လူအသွားအလာနည်းခြင်း ယာဥ်ကြောမကြပ်ခြင်းတို့ကြောင့် အေးချမ်းသည့် ပတ်ဝန်းကျင်တွင် မောင်းနှင့်နိုင်ခြင်းဖြစ်သည်။ အကျိုးရှိရှိ ဆောင်ရွက်နိုင်သည့်အတွက် သွားလာနိုင်သည့်အကွာအဝေးပိုလာနိုင်ပြီး လစာတိုးလာနိုင်ခြင်းနှင့်အတူ အလုပ်လုပ်ချိန်လည်း လျော့နည်းနိုင်ပါသည်။ ယာဥ်မောင်းအလုပ် စိတ်ပါဝင်စားသူများအတွက် ညဆိုင်းအလုပ်သည် နှစ်လိုဖွယ်ဖြစ်ပြီး မိမိနှုန်းထားဖြင့် စိတ်အေးလက်အေးမောင်းနှင်သူများ နှစ်သက်ရာလည်း ဖြစ်သည်။ လစာမြင့်လိုချင်သူများအနေဖြင့်လည်း ကျန်းမာရေးမထိခိုက်သရွေ့ ညဆိုင်းအလုပ်လုပ်ကိုင်သင့်ပါသည်။
၅။ လစာမြင့်မျှော်မှန်းခြင်း
ယခုဆောင်းပါးတွင် ထရပ်ယာဥ်မောင်းများ၏ ခရိုင်အလိုက် ပျမ်းမျှလစာဝင်ငွေနှင့် နှစ်စဉ်ဝင်ငွေတို့အား ဖော်ပြပေးခဲ့ပါသည်။
အလုပ်လုပ်ကိုင်သည် နေရာဒေသအလိုက် ဝင်ငွေကွာခြားသည်မှာ အမှန်ပင်ဖြစ်ပါသည်။
ဒေသအလိုက် နေထိုင်စရိတ်ကွာခြားခြင်းကြောင့် ဝင်ငွေမြင့်မားသည့် နေရာဒေသသို့ပြောင်းလဲခြင်းသည် ဘဝနေထိုင်မှုပိုမိုလွယ်ကူလာနိုင်စေမည် မဟုတ်ပါ။
ထို့အပြင် ယခုဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း နှစ်စဉ်ပျမ်းမျှဝင်ငွေထက် ပိုမိုများသည့် ဝင်ငွေရရှိနေသူများလည်း ရှိပါသည်။
လစာဝင်ငွေမြင့်မားမှုကို မျှော်လင့်ပါက ယခုဆောင်းပါကို ကိုးကားအဖြစ်ဖတ်ရှု့၍ ဝင်ငွေများသူများ၏ လက္ခဏာရပ်များမှတဆင့် လေ့လာသင့်ယူလိုက်ပါ။