မဂ္ဂဇင်း

အရေးပေါ်ခန့်ထားခြင်း! လူပေါင်း ၆,၀၀၀ အတွက် တက္ကစီယာဥ်မောင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖွင့်လှစ်ပေးခြင်း

အရေးပေါ်ခန့်ထားခြင်း! လူပေါင်း ၆,၀၀၀ အတွက် တက္ကစီယာဥ်မောင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖွင့်လှစ်ပေးခြင်း

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ အထူးကျွမ်းကျင်လုပ်သားဗီဇာစနစ်အား တိုးချဲ့အကောင်အထည်ဖော်ခဲ့ပြီး မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်း (ထရပ်၊ ဘတ်စ်နှင့် တက္ကစီ) တို့တွင် လာမည့် ၅ နှစ်တာ ကာလအတွင်း နိုင်ငံခြားသားအလုပ်သမား ၂၅,၀၀၀ ဝန်းကျင်ခေါ်ယူသွားမည်ဖြစ်သည်။ ၎င်းတို့အထဲမှ ၆,၀၀၀ ခန့်အား တက္ကစီလုပ်ငန်းအတွက် ခေါ်ယူသွားမည်ဖြစ်သည်။ လက်ရှိတွင် သင်တို့နိုင်ငံရဲ့ အလုပ်လုပ်သူလူဦးရေ တိုးပွားလာပါသလား? ဂျပန်နိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အိုများပြားခြင်းတို့ကြောင့် အလုပ်လုပ်နိုင်သည့်လူဦးရေကျဆင်းလျက်ရှိသည်။ ၁၉၉၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အလုပ်လုပ်နိုင်သည့်လူဦးရေ (အသက် ၁၅ မှ ၆၄ နှစ်) သည် ကျဆင်းလာခဲ့ပြီး ၂၉.၂% လျော့နည်းလာခြင်းဖြစ်ရာ ၂၀၅၀ တွင် ၅၂.၇၅ သန်းအထိ (၂၀၂၁ မှ လျော့ကျခြင်း) ဖြစ်လာနိုင်သည်ဟု မျှော်မှန်းထားသည်။ လုပ်သားအင်အားကျဆင်းမှုသည် ပြည်တွင်းဝယ်လိုအား ကျဆင်းခြင်းကြောင့် လုပ်သားရှားပါးမှုနှင့် စီးပွားရေးကျဆင်းမှုကဲ့သို့သော လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးအတွက် စိုးရိမ်ပူပန်မှုများ တိုးလာစေသည်။

 

ယခုအခါမှာတော့ ဂျပန်နိုင်ငံသယ်ယူပို‌ဆောင်ရေးလုပ်ငန်းရှိ လုပ်သားအင်အားရှားပါးလာခြင်းနှင့် ဖြေရှင်းရန်ကြိုးပမ်းမှုတို့နှင့်စပ်လျဉ်း၍ ဖော်ပြသွားမည်ဖြစ်သည်။ ယခုဆောင်းပါးဖတ်ရှု့ခြင်းဖြင့် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားလုပ်သားများအတွက် မည်ကဲ့သို့ အခွင့်အလမ်းများရှိမည်ကို သိမြင်လာနိုင်မည်ဖြစ်သည်။ ပရော်ဖက်ရှင်နယ်ယာဥ်မောင်းအဖြစ် လုပ်ကိုင်လိုပါက ယခုဆောင်းပါးကို ဖတ်ရှု့၍ ပထမခြေလှမ်းစတင်လိုက်ပါ။

၁။ လုပ်သားအင်အားလျော့ပါးလာမှု လက်ရှိအခြေအနေ

လက်ရှိ ဂျပန်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်လျော့နည်းလာမှုသည် ပြင်းထန်သောပြသနာတစ်ရပ်ဖြစ်ပြီး အောက်ပါအကြောင်းအရင်းများကြောင့် ဖြစ်ပါသည် -

              ၁။          သက်ကြီးရွယ်အိုများပြားခြင်းနှင့် မွေးဖွားနှုန်းကျဆင်းခြင်း

ဂျပန်နိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အိုများပြားလာခြင်းကြောင့် လုပ်သားအင်အားလျော့နည်းစေပြီး လုပ်ငန်းနယ်ပယ်အများစုတွင် ပြင်းထန်သည့် ပြသနာတစ်ရပ်အဖြစ် တည်ရှိနေသည်။

              ၂။           စက်မှုလုပ်ငန်းပုံစံများပြောင်းလဲလာခြင်း

စက်မှုလုပ်ငန်းပုံစံများပြောင်းလဲလာမှုကြောင့် လုပ်သားအင်အားမလုံလောက်မှုကို ဖြစ်ပေါ်စေပါသည်။ ထို့အပြင် အောက်ပါလုပ်ငန်းများမှာ လုပ်သားအင်အားမလုံလောက်မှုကြောင့် သိသိသာသာထိခိုက်လျက်ရှိပါသည် -

  • မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်း

  • ကျန်းမာရေးနှင့်သူနာပြုစောင့်ရှောက်မှုလုပ်ငန်း

  • စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်း

  • ကုန်ထုတ်လုပ်မှုလုပ်ငန်း (အထူးသဖြင့် နည်းပညာအလုပ်များ)

  • ဝန်ဆောင်မှုလုပ်ငန်း (အထူးသဖြင့် စားသောက်ဆိုင်များနှင့်လက်လီလုပ်ငန်းများ)

ဥပမာအနေဖြင့် သက်ကြီးရွယ်အိုများပြားလာခြင်းကြောင့် ကျန်းမာရေး‌စောင့်ရှောက်မှုလုပ်ငန်းတွင် သူနာပြုစောင့်ရှောက်သူများလျော့နည်းလာခြင်းသည် ပြင်းထန်သည့် ပြသနာတစ်ရပ်ဖြစ်သည်။ အလားတူပင် ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် သတ်မှတ်ကျွမ်းကျင်မှုရရှိရန် အချိန်လိုအပ်သည့် အလုပ်အမျိုးအစားများအတွက် လုပ်သားရှားပါးမှုပြသနာနှင့်ရင်ဆိုင်နေရသည်။ လုပ်သားရှားပါးမှု ပြသနာသည် အနာဂတ်တွင် ပိုမိုပြင်းထန်လာနိုင်မည်ဟု မျှော်မှန်းထားသည်။ သက်ကြီးရွယ်အို များပြားလာခြင်းနှင့် မွေးဖွားနှုန်းကျဆင်းမှုတို့ကြောင့် အလုပ်လုပ်သူဦးရေလျော့နည်းလာမှုသည် စိုးရိမ်ဖွယ်ဖြစ်သည်။

 ၂။ တက္ကစီလုပ်ငန်း၏ လက်ရှိအခြေအနေ

မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင်လည်း လုပ်သားရှားပါးမှုကြောင့် ထိခိုက်မှုများစွာရှိပါသည်။ အထူးသဖြင့် တက္ကစီယာဥ်မောင်းမလုံလောက်ခြင်းသည် အရေးပေါ် ပြသနာတစ်ရပ်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသည်မှာ ဂျပန်နိုင်ငံရှိ တက္ကစီယာဥ်မောင်းလုပ်သားအင်အား ရှားပါးလာမှုအခြေအနေဖြစ်သည်။

၁။          ၂၀၂၀ ခုနှစ်တွင် တက္ကစီယာဥ်မောင်းမလုံလောက်မှုသည် ၃၀,၀၀၀ ခန့်ဟု ခန့်မှန်းထားသည်။ (ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံမှုဝန်ကြီးဌာန)

၂။           ၂၀၃၀ ခုနှစ်တွင် တက္ကစီယာဥ်မောင်းရှားပါးမှုသည် ၄၀,၀၀၀ ကျော်အထိရှိလာမည်ဟု ခန့်မှန်းထားသည်။ (လယ်ယာမြေ၊ အဆောက်အအုံ၊ သယ်ယူပို့ဆောင်‌ရေးနှင့် ခရီးသွားဝန်ကြီးဌာန)

လုပ်သားအင်အားမလုံလောက်မှုကြောင့် တက္ကစီစောင့်ဆိုင်းချိန်များ ရှည်လျားပြီး နေရာဒေသအသီးသီးတွင် ဝန်ဆောင်မှုကျဆင်းလာရပါသည်။ သို့ပါ၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှိ လုပ်သားပြတ်လပ်မှုသည် အ‌ရေးပေါ်အခြေအနေတွင်ရှိပါသည်။ သက်ကြီးရွယ်အိုပြသနာ၊ လုပ်ငန်းခွင် အခြေအနေတိုးတက်မှုနှင့် ယှဉ်ပြိုင်မှုမြှင့်တင်နိုင်ရေးတို့ကို ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပါသည်။ လုပ်ငန်းခွင့်အခြေအနေများတိုးတက်စေရန် နှင့် အခြားသောလိုအပ်သည်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၃။ တက္ကစီလုပ်ငန်းအတွက် စတင်ဆောင်ရွက်နေမှုများ

၁. နိုင်ငံခြားသားအလုပ်သမားများအား လက်ခံခေါ်ယူခြင်း

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား အထူးကျွမ်းကျင်မှုစနစ်အောက်တွင် နေထိုင်ခွင့်အသစ်အဖြစ်ထည့်သွင်းခဲ့ပြီး

လာမည့် ၅ နှစ်အတွင်း နိုင်ငံခြားသားလုပ်သား ၆,၀၀၀ ခန့်ခေါ်ယူနိုင်ရန် မျှော်မှန်းဆောင်ရွက်နေသည်။

၂. လုပ်ငန်းခွင်အခြေအနေများတိုးတက်အောင် ဆောင်ရွက်ခြင်း

တက္ကစီကုမ္ပဏီအချို့တွင် လုပ်ငန်းခွင်အခြေအနေများတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ဥပမာအနေဖြင့် လစာတိုးမြင့်ပေးခြင်း၊ အကျိုးခံစားခွင့်များပေးခြင်းနှင့် ညှိနှိုင်းလွယ်သည့် အလုပ်ချိန်များဆောင်ရွက်ပေးခြင်းတို့ဖြစ်သည်။

၃. ပညာရေးနှင့်‌လေ့ကျင့်သင်တန်းများ

တက္ကစီယာဥ်မောင်းများအတွက် ပညာရေးနှင့်လေ့ကျင့်သင်တန်းများအား တိုးမြင့်ဆောင်ရွက်ပေးလျက်ရှိသည်။ ဘေးကင်းလုံခြုံစွာမောင်းနှင်မှု၊ ဧည့်ဝတ်ကျေပွန်မှုနှင့် ပထဝီဝင်ဆိုင်ရာ အသိပညာစသည်တို့နှင့်စပ်လျဉ်း၍ လေ့ကျင့်ပေးခြင်းဖြင့် ယာဥ်မောင်းများ၏ ကျွမ်းကျင်မှုတိုးတက်လာစေရန် ထောက်ပံ့ပေးပါသည်။

၄. အလုပ်အကိုင်ပုံစံအသစ်မိတ်ဆက်ခြင်း

အလွတ်တန်း တက္ကစီမောင်းနှင်ခြင်းကဲ့သို့သော အလုပ်အကိုင်ပုံစံအသစ်များမိတ်ဆက်‌ပေးလျက် ရှိပါသည်။ ၎င်းသည် တစ်ဦးချင်း၏ နေထိုင်မှုဘဝပုံစံနှင့် အံဝင်ခွင်ကျဖြစ်စေနိုင်မည့် ပိုမိုလိုက်လျောညီထွေရှိသော အလုပ်ပုံစံဖြစ်၍ ကောင်းမွန်သည့် လုပ်ငန်းခွင်အခြေအနေကို ဖန်တီးပေးပါသည်။

၅. လူသစ်စုဆောင်းမှုမြှင့်တင်ရေးအစီအမံများ

တက္ကစီကုမ္ပဏီအချို့တွင် လူသစ်စုဆောင်းမှုနည်းဗျူဟာအသစ်များစတင်နေပြီဖြစ်သည်။ အလုပ်ခေါ်စာများကြေငြာခြင်း၊ ဆုကြေးငွေများပေးခြင်းနှင့် မိတ်ဆက်ပေးခများပံ့ပိုးပေးခြင်းဖြင့် ယာဥ်မောင်းအသစ်များအား ဆွဲဆောင်လျက်ရှိပါသည်။

၆. လုပ်ငန်းနယ်ပယ်ဆွဲဆောင်မှုတိုးတက်လာစေရန် ဆောင်ရွက်ခြင်း

တက္ကစီလုပ်ငန်းဆွဲဆောင်မှုကို တိုးမြှင့်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နည်းပညာအသစ်များ ပံ့ပိုးပေးခြင်း၊ ပတ်ဝန်းကျင်စောင့်ရှောက်မှုနှင့် ခရီးသည်ဝန်ဆောင်မှုတို့အား တိုးမြင့်‌ဆောင်ရွက်ခြင်းနှင့်အတူ လုပ်ငန်းနှစ်လိုဖွယ်များကိုလည်း မြင်သာလာအောင် ဆောင်ရွက်လျက်ရှိသည်။

၇. လုပ်သားအင်အားများ၏ ကွဲပြားမှု

တက္ကစီလုပ်ငန်းတွင် ကွဲပြားခြားနားသည့် လုပ်သားအင်အားများကို ပိုမိုအသုံးပြုလာပါသည်။ အမျိုးသမီးများ၊ သက်ကြီးများနှင့် မသန်စွမ်းသူများအား အလုပ်လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် လုပ်သားအင်အားဖြည့်ဆည်းလျက်ရှိပါသည်။

၈. လုပ်ငန်းခွင့်အခြေအနေ တိုးတက်အောင်ဆောင်ရွက်ခြင်း

တက္ကစီလုပ်ငန်းအချို့တွင် လုပ်ငန်းခွင်အခြေအနေတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။ ယာဥ်မောင်းများ အနားယူချိန်အတွင်း အသုံးပြုသည်များ ကောင်းမွန်စွာထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းတို့ဖြင့် ယာဥ်မောင်းများ၏ စိတ်ဖိဆီးမှုလျော့နည်းစေရန် အလုပ်သက်သာစေရန် ကူညီဆောင်ရွက်ပေးလျက်‌ရှိသည်။

အထက်ဖော်ပြပါ ဆောင်ရွက်ချက်များဖြင့် တက္ကစီလုပ်ငန်း၏ လုပ်သားရှားပါးမှုပြသနာအား ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုပို‌မိုကောင်းမွန်လာစေရန်နှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်လည်း ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း စိန်ခေါ်မှုများ ဆက်လက်ရှိနေသည့်အတွက် အနာဂတ်တွင်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သည်။

အနှစ်ချုပ်

ဂျပန်နိုင်ငံအစိုးရ၏ ခန့်မှန်းချက်အရ ဂျပန်နိုင်ငံ လုပ်သားအင်အားသည် ၂၀၄၀ တွင် ၁၂ မီလီယံအထိကျဆင်းလာနိုင်ဖွယ်ရှိပြီး လုပ်သားအင်အားစုစုပေါင်း၏ ၂၀ % ခန့်ဖြစ်ပါသည်။

အဆိုပါ လုပ်သားအင်အားကျဆင်းလာမှုကို ဖြေရှင်းရန်အတွက် ဂျပန်နိုင်ငံအနေဖြင့် သတင်းအချက်အလက်နည်းပညာဆက်သွယ်ရေးကို ဦးစားပေးလုပ်ဆောင်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုပြသနာများဖြေရှင်းရန်တို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားသားလုပ်သားများ၏ အရည်အသွေးသည်လည်း တိုးတက်လာနိုင်မည်ဟုမျှော်မှန်းထားပါသည်။ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများအတွက် ကောင်းမွန်သည့် အခြေအနေအခွင့်အလမ်းဖြစ်ပါသည်။ ပထမ‌ခြေလှမ်းစတင်လိုက်ပါ။ အားပေးနေပါတယ်။

စာရင်းသို့ပြန်သွားရန်