မဂ္ဂဇင်း

[နောက်ဆုံးထုတ်ပြန်မှု] နှစ်စဉ် ယန်း ၁၀ မီလီယံကျော် ဝင်ငွေရရှိနေသော နိုင်ငံခြားသားတက္ကစီယာဥ်မောင်းများ!

[နောက်ဆုံးထုတ်ပြန်မှု] နှစ်စဉ် ယန်း ၁၀ မီလီယံကျော် ဝင်ငွေရရှိနေသော နိုင်ငံခြားသားတက္ကစီယာဥ်မောင်းများ!

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ဂျပန်နိုင်ငံရှိနိုင်ငံခြားသားအလုပ်သမားများအတွက် နေထိုင်ခွင့်အသစ်အဖြစ် မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား အထူးကျွမ်းကျင်လုပ်သားစနစ်အောက်တွင် ထည့်သွင်းခဲ့သည်။ သို့ပါ၍ တက္ကစီလုပ်ငန်းတွင် နိုင်ငံခြားသားအလုပ်သမားများဝင်ရောက်လုပ်ကိုင် နိုင်တော့မည်ဖြစ်သည်။ တက္ကစီယာဥ်မောင်းအဖြစ် အလုပ်လုပ်ကိုင်ရန်စိတ်ဝင်စားသော နိုင်ငံခြားသား အလုပ်သမားများအတွက် လစာနှင့်ပတ်သက်၍ အစိုးရိမ်ဆုံးဖြစ်ပါလိမ်မည်။ ယခုဆောင်းပါးတွင် တက္ကစီယာဥ်မောင်းများ၏ ဒေသအလိုက်လစာအခြေအနေများကို ရှင်းလင်းဖော်ပြပေးသွားပါမည်။

၁။ တက္ကစီယာဥ်မောင်းများ၏ လစာပုံစံ

တက္ကစီယာဥ်မောင်းများ၏ ဒေသအလိုက်လစာအခြေအနေများကို မဖော်ပြခင် လစာစနစ်နှင့်စပ်လျဉ်း၍ ရှင်းပြပေးသွားပါမည်။

တက္ကစီယာဥ်မောင်းများ၏ လစာပုံစံသည် ပုံမှန်လစာစနစ်နှင့်ကွာခြားပြီး စွမ်းဆောင်ရည်အပေါ်မူတည်သည့် ပုံစံဖြစ်သည်။ အဆိုပါစနစ်တွင် ခရီးသည်ပိုမိုရရှိပါက ရောင်းအားပိုမိုရရှိလာနိုင်ပြီး လစာဝင်ငွေလည်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။ စွမ်းဆောင်ရည်အပေါ်မူတည်သည့် စနစ်ပုံစံလည်း အမျိုးမျိုးရှိပြီး အဓိက ၃ မျိုးအား ဖော်ပြပေးပါမည်။ မိမိဝင်ရောက်လုပ်ကိုင်လိုသော ကုမ္ပဏီတွင် မည်သို့သောစနစ်ကျင့်သုံးသည်ကို ကြိုတင်လေ့လာစစ်ဆေးသင့်ပါသည်။

              ၁။          လစာစနစ်ပုံစံ ၁

ခရီးသည်ရရှိမှု သို့ မောင်းနှင်ရသည့်အကွာအဝေးတို့အပေါ် အခြေမပြုသည့် သတ်မှတ်ထားသောလစာရရှိခြင်းဖြစ်သည်။ အဆိုပါစနစ်တွင် အခြေခံလစာ၊ ခံစားခွင့်များနှင့် ဆုကြေးတို့ပါဝင်သည်။

              ၂။           လစာစနစ်ပုံစံ ၂

ကော်မရှင်စနစ်ဖြစ်သည်။ အဆိုပါစနစ်တွင် ခရီးသည်ရရှိမှုနှင့်အကွာအဝေး တို့အပေါ်မူတည်၍ လစာကွာခြားပါသည်။ ခရီးသည်ပိုမိုရရှိပါက လစာပိုမိုမြင့်မားပြီး ဝင်ငွေမြင့်မြင့်ကိုလည်း မျှော်မှန်းနိုင်ပါသည်။ သို့သော် ခရီးသည်နည်းပါးသည့်အချိန်တွင် လစာနည်းပါးနိုင်သည့်အခြေအနေလည်း ရှိပါသည်။

              ၃။          လစာစနစ်ပုံစံ ၁+၂

အခြေခံလစာ သို့ သတ်မှတ်လစာအပြင် စွမ်း‌ဆောင်ရည်အပေါ်မူတည်သည့် လစာ၊ ခံစားခွင့်များနှင့် ဆုကြေးတို့ပါ ပေါင်းစပ်ပါဝင်ပါသည်။ တက္ကစီကုမ္ပဏီအများစုမှာ အဆိုပါစနစ်ကို ကျင့်သုံးပြီး ခရီးသည်နည်းပါးသောအချိန်များတွင် ယာဥ်မောင်းများ၏ဝင်ငွေလျော့နည်းခြင်းကို ရှောင်ရှားနိုင်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်၍ ဝင်ငွေမြင့်မားနိုင်ပါသည်။

၂။ တက္ကစီယာဥ်မောင်းများ၏ ဒေသအလိုက်ပျမ်းမျှဝင်ငွေ

တက္ကစီယာဥ်မောင်းတစ်ဦး၏ ဝင်ငွေသည် မြို့ကြီးများ၊ ကျေးလက်ဒေသများ သို့ ခရီးသွားများ များပြားသည့်နေရာများ စသဖြင့် နယ်မြေအလိုက် ပြောင်းလဲကွာခြားပါသည်။ ယခုအခါ "ဂျပန်နိုင်ငံတက္ကစီအဖွဲ့ချုပ်" မှ ထုတ်ပြန်ထားသော အထူးသဖြင့် "၂၀၂၂ ခုနှစ် တက္ကစီယာဥ်မောင်းများ၏ လစာအခြေအနေများနှင့် အလုပ်ချိန်များ" အချက်အလက်များမှ ထိပ်တန်း ၁၀ ခုအား ဖော်ပြပေးပါမည်။

အဆင့် ၁၀ မှ ၆

အဆင့် ၁၀ - ဖူကူအိုကာခရိုင် (၃,၄၉၈,၀၀၀ ယန်း)
အဆင့် ၉ -အိုခရာမခရိုင် (၃,၅၄၈,၈၀၀ ယန်း)
အဆင့် ၈ - အိရှိခဝါခရိုင် (၃,၆၀၅,၅၀၀ yen)
အဆင့် ၇ - ရှိဂခရိုင် (၃,၆၁၈,၇၀၀ ယန်း)
အဆင့် ၆ - ချိဘခရိုင် (၃,၆၅၁,၄၀၀ ယန်း)

အဆင့် ၁၀ မှ ၆ အထိရလဒ်ဖြစ်ပါသည်။ ယခုစာရင်းတွင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲ‌ဆောင်နိုင်သည့် ဒေသများပါဝင်ပါသည်။ အထူးသဖြင့် ဖူကူအိုကာခရိုင်သည် ကမ္ဘာလှည့်ခရီးသွားများအလွန်နှစ်သက်သောနေရာဖြစ်ပြီး ကျူးရှူးဒေသသို့ ဖူကူအိုကာလေဆိပ်နှင့် ဟခါတဆိပ်ကမ်းတို့နှင့်ချိတ်ဆက်သွားလာနိုင်သည့်အတွက် ခရီးသွားများအကြား ကျော်ကြားပါသည်။ ချိဘခရိုင်မှာမူ နိုင်ငံခြားသားများ အသုံးအများဆုံးဖြစ်သည့် နာရိတာလေဆိပ်နှင့် တိုကျိုဒစ်ဆနီတို့ကြောင့် ထင်ရှားပြီး နာရိတာလေဆိပ်မှ လည်ပတ်ရန်နေရာများ၊ ဟိုတယ်များသို့ ပို့ဆောင်ပေးရန်အတွက် တက္ကစီများလိုအပ်ပါသည်။

အဆင့် ၅ မှ ၁

အဆင့် ၅ - အအိချိခရိုင် (၃,၈၅၄,၀၀၀ ယန်း)
အဆင့် ၄ - ခနဂါဝါခရိုင် (၃,၈၆၀,၆၀၀ ယန်း)
အဆင့် ၃ - ဟိုဂိုခရိုင် (၃,၉၉၁,၁၀၀ ယန်း)
အဆင့် ၂ - တိုကျို (၄,၂၅၉,၈၀၀ ယန်း)
အဆင့် ၁ - အိုဆာကာခရိုင် (၄,၃၇၁,၆၀၀ ယန်း)

အဆင့် ၅ မှ ၁ အထိ ရလဒ်ဖြစ်ပါသည်။ မျှော်လင့်ထားသည့်အတိုင်း အိုဆာကာနှင့်တိုကျိုကဲ့သို့သော မြို့ကြီးများတွင် လူဦးရေးများပြားခြင်းကြောင့် တက္ကစီအသုံးပြုသူများပြားခြင်းနှင့်အတူ ဝင်ငွေလည်း မြင့်မားပါသည်။ အဆိုပါမြို့ကြီးများရှိ မြို့လယ်ခေါင်များ သို့ လူစည်ကားသည့်ရပ်ကွက်များတွင် ခရီးသွားများပြားပြီး ညဘက်တက္ကစီအသုံးပြုသူများလည်း များပြားသည့်အတွက် ယာဥ်မောင်းလစာ သိသိသာသာမြင့်မားပါသည်။ တက္ကစီများအား မည်သည့်အချိန် မည်သည့်နေရာတွင် အသုံးပြုကြသည်ကို နားလည်ထားခြင်းဖြင့် မြင့်မားသောဝင်ငွေကို မျှော်မှန်းနိုင်ပါသည်။

၃။ တက္ကစီယာဥ်မောင်းများအတွက် ဝင်ငွေရရှိရန် အရေးကြီးသည့်အရာ

ဒေသအလိုက် လစာအခြေအနေများကို ကြည့်ပါက အချို့သောဒေသများသည် ဝင်ငွေရရှိရန် ပိုမိုလွယ်ကူပါသည်။ လူဦးရေ၊ မြို့ပြ သို့ ခရီးသွားများ ကဲ့သို့သော အချက်အလက်များကြောင့် လစာကွာခြားနိုင်ပါသည်။

တက္ကစီယာဥ်မောင်းအဖြစ်အလုပ်လုပ်ကိုင်သည့်အခါ မိမိအလုပ်လုပ်လိုသည့် နေရာဒေသ၏ နှစ်စဉ်ဝင်ငွေသာမက ခရီးသွားများလာရောက်သည့်နေရာများနှင့်နီးခြင်း၊ မြို့ပြုဖြစ်ခြင်း သို့ စီးပွားရေးစီးဆင်းရာနေရာများဖြစ်ခြင်းစသည့်အချက်များကိုလည်း စစ်ဆေးသင့်ပါသည်။

တခြားတစ်ဖက်တွင်လည်း လူဦးရေနည်းပါးသည့်ဒေသများဖြစ်သော်လည်း  အကျိုးအမြတ်ရရှိနေသော တက္ကစီကုမ္ပဏီများရှိပါသည်။ အဆိုပါကုမ္ပဏီများအနေဖြင့် တက္ကစီခေါ်ယူနိုင်သည့် အက်ပ်များအား အကျိုးရှိစွာအသုံးချ၍ ခရီးသွားကြိုပို့မှုများ၊ ဒေသခံများအပေါ် အဓိကထားသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ သို့ပါ၍ ဒေသခံအခြေအနေများသာမက တက္ကစီကုမ္ပဏီတစ်ခုခြင်း၏ အထူးလက္ခဏာများကိုလည်း စစ်ဆေးရန် အရေးကြီးပါသည်။  

၄။ တစ်နှစ်လျှင် ယန်း ၁၀ မီလီယံကျော် ဝင်ငွေရရှိနေသည့် နိုင်ငံခြားသားတက္ကစီယာဥ်မောင်းများ

အချို့သောကုမ္ပဏီအချို့တွင် တက္ကစီယာဥ်မောင်းအဖြစ်အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများ ရှိထားပြီးဖြစ်ပါသည်။

နိုင်ငံခြားသားတက္ကစီယာဥ်မောင်းများနှင့်တွေ့ဆုံမေးမြန်းကြည့်ရာတွင် တက္ကစီကုမ္ပဏီများ၏ ပြောကြားချက်မှာ တက္ကစီယာဥ်မောင်းအလုပ်သည် နိုင်ငံခြားသားများအတွက် အထူးသင့်တော်သည့် အလုပ်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားသားတက္ကစီယာဥ်မောင်းများအနေဖြင့် ဝင်ငွေတိုးမြင့်လာစေရန် ကြိုးစားလျက်ရှိပြီး အများစုမှာ တစ်လလျှင် ယန်း ၆၀၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ ဝင်ငွေရရှိနေပါသည်။ အချို့မှာမူ တစ်နှစ်လျှင် ယန်း ၁၀ မီလီယံအထိတောင် ရရှိနေပြီး ကြိုးစားမှုအပေါ်မူတည်၍ ဝင်ငွေမြင့်မားနိုင်သည့် အလုပ်ဖြစ်သည့်အတွက် နိုင်ငံခြားသားများအတွက် အထူးသင့်တော်သည့် အလုပ်တစ်ခုဖြစ်ပါသည်။

အနှစ်ချုပ်

ဘယ်လိုထင်ပါသလဲ? တက္ကစီယာဥ်မောင်းများ မည်ကဲ့သို့ ဝင်ငွေရရှိနေသည်ကို သိရှိနားလည်သွားပါပြီလား?

လက်ရှိတွင် ဂျပန်နိုင်ငံအနေဖြင့် တက္ကစီယာဥ်မောင်းရှားပါးမှုပြသနာကို ရင်ဆိုင်နေရပြီး ခရီးသွားနေရာများနှင့် လူစည်းကားသောနေရာများတွင် တက္ကစီစောင့်ဆိုင်းရန် လူများစွာတန်းဆီနေရသည်ဖြစ်သည်။ တက္ကစီလိုအပ်ချက်သည် အနာဂတ်တွင် ပိုမိုများပြားလာမည်ဟု မျှော်မှန်းရသည်။

အလုပ်လုပ်သည့်ပုံစံအပေါ်မူတည်၍ တစ်နှစ်ပျမ်းမျှဝင်ငွေထက် ပိုသည့် ဝင်ငွေရရှိနိုင်သည့် အခွင့်အ‌ရေးဖြစ်ပြီး ဂျပန်နိုင်ငံတွင် လစာမြင့်အလုပ်ရှာဖွေနေသူများအတွက် သင့်တော်သည့် အလုပ်လည်းဖြစ်ပါသည်။ လက်တွေ့မှာ အချို့သောတက္ကစီယာဥ်မောင်းများသည် လစဉ် ယန်း ၆၀၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ ဝင်ငွေရရှိလျက်ရှိသည်။ သို့ပါ၍ ထိုကဲ့သို့ ဝင်ငွေမြင့်ရရှိလိုသူများ အနေဖြင့် တက္ကစီယာဥ်မောင်းအဖြစ်လုပ်ကိုင်ရန်လိုအပ်သည့် အသိပညာများဖြည့်ဆည်းထားသင့်ပါသည်။ တက္ကစီကုမ္ပဏီများဘက်မှလည်း အတွေ့အကြုံမရှိသည့် နိုင်ငံခြားသားများအတွက် လေ့ကျင့်ပေးခြင်းနှင့် လမ်းညွှန်မှုများဆောင်ရွက်ပေးလျက်ရှိပါသည်။ စိတ်ဝင်စားပါက ဂျပန်နိုင်ငံတွင် တက္ကစီယာဥ်မောင်းအဖြစ် လုပ်ကိုင်ရန် စဉ်းစားသင့်ပါသည်။

စာရင်းသို့ပြန်သွားရန်