မဂ္ဂဇင်း

[စီမံခန့်ခွဲရေးကျွမ်းကျင်သူ၏ ရှင်းလင်းချက်] အထူးကျွမ်းကျင်လုပ်သားများအတွက် အလုပ်ပြောင်းလဲခြင်း

[စီမံခန့်ခွဲရေးကျွမ်းကျင်သူ၏ ရှင်းလင်းချက်] အထူးကျွမ်းကျင်လုပ်သားများအတွက် အလုပ်ပြောင်းလဲခြင်း

2024.06.20

အထူး ကျွမ်းကျင် နိုင်ငံကူး ဗီဇာ

ယခု‌ဆောင်းပါးတွင် အထူးကျွမ်းကျင်လုပ်သားဗီဇာကိုင်ဆောင်ထားသည့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် အလုပ်ပြောင်းလဲရာတွင် သိရှိထားသင့်သည့် အဓိကအချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဖော်ပြပေးသွားပါမည်။

အထူးကျွမ်းကျင်လုပ်သားဗီဇာသည် ဂျပန်နိုင်ငံ၏ အလုပ်သမားရှားပါးမှုပြသနာအား ဖြေရှင်းရန်အတွက် အကောင်အထည်ဖော်ထားသည့် နေထိုင်ခွင့်အခြေအနေတစ်ခုဖြစ်သည်။ အဆိုပါဗီဇာကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများသည် သက်ဆိုင်ရာ နယ်ပယ်တွင် အလုပ်လုပ်ကိုင်ခွင့်ရှိသည်ဖြစ်ပြီး လိုအပ်ချက်များကိုက်ညီပါက အလုပ်ပြောင်းလဲခြင်းကိုလည်း လုပ်ဆောင်နိုင်ပါသည်။

အထူးကျွမ်းကျင်ဗီဇာဆိုသည်မှာ

၂၀၁၉ ခုနှစ်တွင် ဂျပန်အစိုးရမှစတင်အကောင်အထည်ဖော်ခဲ့သည့် အထူးကျွမ်းကျင်လုပ်သားဗီဇာဆိုသည်မှာ ကျန်းမာရေးပြုစုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းအစရှိသည့် လုပ်ငန်းနယ်ပယ် ၁၂ ခုတွင် နိုင်ငံခြားသားလုပ်သားများအား လက်ခံလုပ်ကိုင်ခွင့်ပေးသည့် နေထိုင်ခွင့်ပုံစံတစ်ခုဖြစ်သည်။ အဆိုပါဗီဇာတွင် အမျိုးအစား ၂ ခုပါဝင်ပြီး အထူးကျွမ်းကျင်လုပ်သား အဆင့် ၁ နှင့် အဆင့် ၂ ဟူ၍ ဖြစ်ကာ ကျွမ်းကျင်မှုအဆင့်နှင့် နေထိုင်ခွင့်ကာလတို့ ကွဲပြားပါသည်။

၂၀၂၄ ခုနှစ် မတ်လတွင် အဆိုပါ ဗီဇာအောက်တွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ မီးရထားလုပ်ငန်း၊ သစ်တောနှင့် သစ်ထုတ်လုပ်မှုစသည့် လုပ်ငန်းနယ်ပယ် ၄ ခုအား ထည့်သွင်းရန် ဂျပန်အစိုးရမှ ဆုံးဖြတ်ခဲ့ပြီး နိုင်ငံခြားသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပိုမိုလာမည်ဖြစ်သည်။ အထူးသဖြင့် လုပ်သားရှားပါးမှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှိ ထရပ်၊ ဘတ်စ်နှင့် တက္ကစီလုပ်ငန်းများတွင် နိုင်ငံခြားသားများကို ခေါ်ယူခန့်အပ်မှုများပြားလာမည် ဖြစ်သည်။ ဂျပန်နိုင်ငံယာဥ်မောင်းလိုင်စင်ရယူထားရန်လိုအပ်ပါသည်။ လစာအခြေအနေသည် တခြားသော လုပ်ငန်းနယ်ပယ်များနှင့်နှိုင်းယှဉ်ပါက သိသာစွာများပြားပါသဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသည့် နိုင်ငံခြားသားများအတွက် မျှော်လင့်ထားလို့ရသည့် အရာဖြစ်ပါသည်။

အလုပ်အကိုင်ပြောင်းလဲခြင်းအတွက် အခြေအနေများ

အထူးကျွမ်းကျင်လုပ်သားဗီဇာဖြင့် လုပ်ငန်းပြောင်းလဲလုပ်ကိုင်နိုင်သော်လည်း အောက်ပါအချက်များနှင့် ကိုက်ညီရမည် ဖြစ်သည် -

၁။ အလုပ်အသစ်သည်လည်း အထူးကျွမ်းကျင်လုပ်သားဗီဇာဖြင့် လုပ်ကိုင်နိုင်သည့် နယ်ပယ်ဖြစ်ရန်လိုအပ်သည် - အလုပ်အသစ်သည် အထူးကျွမ်းကျင်လုပ်သားဗီဇာအတွက် ခွင့်ပြုပေးထားသည့် လုပ်ငန်းနယ်ပယ်နှင့်သက်ဆိုင်ရမည် ဖြစ်သည်။

၂။ လုပ်ငန်းအသစ်အတွက် စာချုပ်သည် လိုအပ်သောအခြေအနေများနှင့်ကိုက်ညီရမည် - အလုပ်ပြောင်းလဲပြီးနောက် ချုပ်ဆိုမည့် လုပ်ငန်းစာချုပ်သည် နိုင်ငံခြားသားအလုပ်သမားများအား လက်ခံခြင်းနှင့်စပ်လျဉ်းသည့် လစာ၊ လုပ်ငန်းအခြေအနေနှင့် အခြား‌သောစံနှုန်းများနှင့် ကိုက်ညီမှုရှိရမည် ဖြစ်သည်။

၃။ နေထိုင်မှုအခြေအနေပြောင်းလဲမှုအတွက် လျှောက်ထားရန်လိုအပ်ပါသည် - အလုပ်ပြောင်းလဲသည့်အခါ နေထိုင်ခွင့်အခြေအနေပြောင်းလဲရန်အတွက် အလုပ်စာချုပ်အသစ်အပေါ်အခြေခံ၍ လူဝန်မှုကြီးကြပ်ရေးဌာနသို့ လျှောက်လွှာတင်ရန်လိုအပ်ပါသည်။

အလုပ်ပြောင်းလဲခြင်းအတွက် လုပ်ငန်းစဉ်

အထူးကျွမ်းကျင်လုပ်သားဗီဇာနှင့် အလုပ်ပြောင်းလဲခြင်းအတွက် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည် -

၁။ အလုပ်အသစ်ရရှိထားခြင်း - ဦးစွာအနေဖြင့် အထူးကျွမ်းကျင်လုပ်သားဗီဇာဖြင့် လုပ်ကိုင်နိုင်သည့် နယ်ပယ်ရှိအလုပ်တစ်ခုရှာဖွေရန် လိုအပ်သည်။

၂။ အလုပ်ခန့်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း - အလုပ်အသစ်ရှာတွေ့ပါက အလုပ်ရှင်အသစ်နှင့် လုပ်ငန်းစာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။

၃။ နေထိုင်ခွင့်အခြေအနေပြောင်းလဲခြင်း လျှောက်လွှာတင်ခြင်း - အလုပ်ရှင်အသစ်နှင့် ချုပ်ဆိုသည့် စာချုပ်အပေါ်အခြေခံ၍ နေထိုင်ခွင့်အခြေအနေပြောင်းလဲခြင်းအတွက် လျှောက်လွှာအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနသို့ တင်ရမည်ဖြစ်သည်။

၄။ လျှောက်လွှာသုံးသပ်သည့်အခြေအနေ - လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် လျှောက်လွှာအားစစ်ဆေးမည်ဖြစ်ပြီး အတည်ပြုပါက လုပ်ငန်းပြောင်းလဲလုပ်ကိုင်နိုင်ပါသည်။  

အရေးကြီးသည်အချက်များ

  • လျှောက်လွှာလုပ်ငန်းစဉ်သည် အချိန်ကြာမြင့်နိုင်ပါသည် - နေထိုင်ခွင့်အခြေအနေပြောင်းလဲရန်‌ လျှောက်ထားသည့် လျှောက်လွှာစစ်ဆေးမှုအဆင့်သည် ကြာမြင့်နိုင်ပါသဖြင့် အလုပ်ရှာဖွေခြင်းအား ‌စောလျှင်စွာလုပ်ဆောင်သင့်ပါသည်။

  • ပယ်ချနိုင်သည့် အခြေအနေကို နားလည်လက်ခံထားပါ - လျှောက်လွှာအားလုံးအား အတည်ပြုလက်ခံပေးမည်မဟုတ်ပါ။ စစ်ဆေးမှုအတွင်း အချို့သောလျှောက်လွှာများအား ပယ်ချခြင်းရှိုနိုင်သည်ကို နားလည်လက်ခံရန် အရေးကြီးပါသည်။  

  • သက်ဆိုင်ရာအေဂျင်စီများမှ အကူအညီဖြင့်ဆောင်ရွက်ရန် စဉ်းစားပါ - အလုပ်ပြောင်းလဲရာတွင် သက်ဆိုင်ရာ အေဂျင်စီများ၏ အကူအညီဖြင့် ဆောင်ရွက်ရန် စဉ်းစားသင့်ပါသည်။ အဆိုပါအေဂျင်စီများသည် အလုပ်ရှာဖွေခြင်းနှင့် လျှောက်ထားခြင်း လုပ်ငန်းစဉ်များအတွက် ထောက်ပံ့ကူညီဆောင်ရွက်ပေးပါသည်။

 အနှစ်ချုပ်

အထူးကျွမ်းကျင်လုပ်သားဗီဇာဖြင့် လုပ်ငန်းပြောင်းလဲလုပ်ကိုင်လိုသည့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် အထက်တွင်ဖော်ပြခဲ့သည့် အခြေအနေများနှင့် လုပ်ငန်းစဉ်များအား သိရှိနားလည်ထားရန် လိုအပ်ပါသည်။ အလုပ်ရှာဖွေရာတွင် ကြိုတင်စီစဉ်ခြင်းနှင့် လိုအပ်သည့်လုပ်ငန်းစဉ်များအား စေ့စပ်သေချာစွာလုပ်ဆောင်ခြင်းဖြင့် ချောချောမွေ့မွေအလုပ်ပြောင်းလဲနိုင်မည်ဖြစ်သည်။ သင့်ရဲ့အနာဂတ်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ယခုနေထိုင်ခွင့်အား ကောင်းမွန်စွာအသုံးချလိုက်ပါ။

စာရင်းသို့ပြန်သွားရန်