မဂ္ဂဇင်း

[နောက်ဆုံးထုတ်] နိုင်ငံခြားသားတက္ကစီယာဥ်မောင်းအလုပ်အကိုင်လမ်းညွှန် - အမေးအဖြေ

[နောက်ဆုံးထုတ်] နိုင်ငံခြားသားတက္ကစီယာဥ်မောင်းအလုပ်အကိုင်လမ်းညွှန် - အမေးအဖြေ

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ အထူးကျွမ်းကျင်လုပ်သားစနစ်တွင် မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးအား ထည့်သွင်းခဲ့ပြီး နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် တက္ကစီယာဥ်မောင်းအဖြစ်အလုပ်လုပ်ကိုင် နိုင်တော့မည်ဖြစ်သည်။ တက္ကစီယာဥ်မောင်းအလုပ်၏ နှစ်သက်ဖွယ်အချက်ကို သေချာသိရှိပါသလား? ယခုဆောင်းပါးတွင် နိုင်ငံခြားသားများအနေဖြင့် တက္ကစီယာဥ်မောင်းအဖြစ်လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသော မေးခွန်းများနှင့် မေးမြန်းမှုများကို ရှင်းလင်းဖော်ပြပေးသွားပါမည်။

မေးလေ့ရှိသော မေးခွန်းများ

မေး ၁။ တက္ကစီအလုပ်နဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိပါသဖြင့် လုပ်ကိုင်နိုင်ပါသလား?

၇၀ % ခန့်မှာ အတွေ့အကြုံမရှိသော်လည်း တက္ကစီယာဥ်မောင်းအဖြစ်အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ အများစုမှာ အဆင့် ၂ လိုင်စင်များရရှိပြီးနှင့် လေ့ကျင့်သင်တန်းပြီးဆုံးပြီးနောက် တက္ကစီယာဥ်မောင်း အဖြစ်လုပ်ကိုင်လျက်ရှိပါသဖြင့် စိတ်ပူစရာမလိုပါ။

မေး ၂။ လမ်းကြောင်းများမှတ်မိရန်ခက်ခဲပုံပေါ်ပါသဖြင့် အဆင်ပြေနိုင်ပါသလား?

ပရော်ဖက်ရှင်နယ်တစ်‌ယောက်အဖြစ် လုပ်ကိုင်ရန်ကြိုးစားအားထုတ်မှုလိုပါသည်။ ယနေ့ တက္ကစီအများစုတွင် လမ်းကြောင်းပြစနစ်များတပ်ဆင်ပေးထားပြီးဖြစ်ပါသည်။ တက္ကစီယာဥ်မောင်းအဖြစ် အတွေ့အကြုံရရှိလာသည်နှင့်အမျှ လမ်းကြောင်းများအား မှတ်သားလာနိုင်မည်ဖြစ်ပါသဖြင့် မည်သူမဆိုလုပ်နိုင်ပါသည်။

မေး ၃။ ယာဥ်ကြောကြပ်သော နေရာများတွင် မောင်းနှင်ရန်လွယ်ကူပါ့မလား?

ယာဥ်မောင်းအဖြစ်အတွေ့အကြုံများလာပြီးမောင်းသားကျလာရန် အရေးကြီးပါသည်။ ယာဥ်ကြောကြပ်သောနေရာများတွင် မောင်းနှင်ရာတွင် ဂရုတစိုက်မောင်းနှင်ရန်လိုအပ်သည့်အပြင် ဘေးကင်းလုံခြုံရန်နှင့် ပုံမှန်ကဲ့သို့မောင်းနှင်ရန်လည်း လိုအပ်ပါသည်။ တက္ကစီကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ယာဥ်မောင်းများအား မတော်တဆဖြစ်နိုင်သည့်နေရာများအကြောင်း ကြိုတင်အသိပေးခြင်း ကဲ့သို့သော ပံ့ပိုးကူညီပေးမှုများဖြင့် ကာကွယ်ပေးလျက်ရှိပါသည်။

မေး ၄။ တက္ကစီယာဥ်မောင်းအဖြစ် ပထမဆုံးအကြိမ်လုပ်ကိုင်သည့်အခါ ဘယ်လိုအခက်အခဲ ကြုံတွေ့နိုင်သလဲ?

အများစု စိုးရိမ်ကြောင့်ကြသည်မှာ ယာဥ်လမ်းစည်းကမ်းအသိပညာဗဟုသုတနှင့် ခရီးသည်ဝန်ဆောင်မှုနည်းလမ်းများနှင့်စပ်လျဉ်း၍ ဖြစ်သည်။ အဆိုပါ စိုးရိမ်မှုများဖြေလျှော့ပေးရန် အတွက် တက္ကစီကုမ္ပဏီများမှ ခန့်အပ်ပြီးနောက် သက်ဆိုင်ရာ လေ့ကျင့်သင်တန်းများနှင့် လမ်းညွှန်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ပါသဖြင့် စိတ်အေးလို့ရပါသည်။

မေး ၅။ အော်တိုလိုင်စင်ဖြင့် အဆင့် ၂ လိုင်စင် ရယူနိုင်ပါသလား?

တက္ကစီယာဥ်မောင်းအဖြစ်လုပ်ကိုင်ရန် အဆင့် ၂ လိုင်စင်လိုအပ်ပြီး ပုံမှန် လိုင်စင်နှင့်အလားတူစွာပင် အော်တိုလိုင်စင်ဖြင့် ရယူနိုင်ပါသည်။ လက်ရှိတက္ကစီယာဥ်မောင်းအများစုများ အော်တိုလိုင်စင်ဖြင့် မောင်းနှင်နေခြင်းဖြစ်သည်။

မေး ၆။ အဂ်လိပ်လိုပြောနိုင်လျှင် အကျိုးရှိပါသလား?

ကမ္ဘာသုံးဘာသာစကားဖြစ်သည့် အဂ်လိပ်လိုပြောနိုင်လျှင် သေချာပေါက်အကျိုးရှိပါသည်။ လက်ရှိတွင် နိုင်ငံခြားသားခရီးသည်အများအပြားသည် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်နေပါသဖြင့် အဂ်လိပ်လိုနားလည်ပြောဆိုနိုင်ပါက အဖက်ဖက်က အကျိုးရှိစေမည်ဖြစ်သည်။ သို့သော်လည်း မဖြစ်မနေ အဂ်လိပ်လို နားလည်ပြောဆိုတတ်ရမည်မဟုတ်ပါသဖြင့် ဂျပန်လိုကောင်းမွန်စွာ ပြောဆိုဆက်ဆံတတ်ရန်မှာ ဦးစွာ အရေးကြီးပြီး ၎င်းနောက်တွင်သာ အခြားသော ဘာသာရပ်တစ်ခုကို သင်ယူနိုင်လိုပါက အဂ်လိပ်စာသည် အလွန်အသုံးဝင်မည်ဖြစ်ပါသည်။

မေး ၇။ ပြုစုစောင့်ရှောက်ရေးတက္ကစီများအတွက် သတ်မှတ်ထားသောလိုအပ်ချက်ရှိပါသလား?

ပြုစုစောင့်ရှောက်ရေးယာဥ်မောင်းနှင်ရန်အတွက် အဆင့် ၂ လိုင်စင်ရယူရန်အပြင် ပြုစုစောင့်ရှောက်မှုဆိုင်ရာသင်တန်းပြီးမြောက်ထားရန်လည်းလိုအပ်ပါသည်။ လက်ရှိတွင် ခွင့်ပြုထားခြင်းမရှိသော်လည်း အနာဂတ်တွင် အထူးကျွမ်းကျင်နေထိုင်ခွင့်ဖြင့် ပြုစုစောင့်ရှောက်ရေးနှင့်စပ်လျဉ်းသည်များ လုပ်ကိုင်နိုင်ရန်အတွက် ဖြစ်သည်။

မေး ၈။ နိုင်ငံခြားသားများလုပ်ကိုင်နေပါသလား?

အမြဲနေထိုင်ခွင့်ဗီဇာ၊ ရေရှည်နေထိုင်ခွင့်ဗီဇာ၊ အိမ်ထောင်ဖက်ဗီဇာအစရှိသည်များဖြင့် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားတက္ကစီယာဥ်မောင်း အမြောက်အမြားရှိပါသည်။ ဂျပန်ယာဥ်မောင်းများ၏ အလုပ်လုပ်ကိုင်မှုနှင့်နှိုင်းယှဉ်ပါကလည်း ကွာခြားမှုမရှိပါသဖြင့် အဆိုပါ နိုင်ငံခြားသားများအနေဖြင့် ပိုမိုလုပ်ကိုင်နိုင်ပါရန် မျှော်လင့်မိပါသည်။

မေး ၉။ နိုင်ငံခြားဘာသာစကားနားလည်ပြောဆိုနိုင်သည့် ယာဥ်မောင်းဘယ်လောက်ရှိပါသလဲ?

ဂျပန်နိုင်ငံသို့ အလည်အပတ်လာရောက်ကြသော နိုင်ငံခြားသားခရီးသည်များသည်လည်း ဂျပန်တက္ကစီများအား အသုံးပြုလျက်ရှိပါသည်။ လက်ရှိတွင် နိုင်ငံခြားဘာသာစကားများကို အသုံးပြု၍ ဝန်ဆောင်မှုပေးလျက်ရှိသော တက္ကစီယာဥ်မောင်း ၁၀,၀၀၀ ခန့်ရှိပါသည်။

မေး ၁၀။ ခရီးသည်ဝန်ဆောင်မှုနှင့် မကျေနပ်ချက်အစရှိသည်တို့နှင့်စပ်လျဉ်း၍ ဖြေရှင်းရန် လုပ်ထုံးလုပ်နည်းကျင့်ဝတ်များရှိပါသလား?

ခရီးသည်များနှင့်ဆက်ဆံရာတွင် သန့်ရှင်းသပ်ရပ်သောအသွင်အပြင်၊ ယဥ်ကျေးသည့် ဆက်ဆံမှုများ ထားရှိရန်အရေးကြီးပါသည်။ ဂျပန်နိုင်ငံနှင့် မိမိတို့နိုင်ငံအကြား ယဥ်ကျေးမှုတန်ဖိုးကွာခြားသည်များရှိပါက လေ့လာကျင့်သုံးလိုက်နာရန်လိုအပ်ပါသည်။ သို့ပါ၍ သင့်လျော်သည့် အသိပညာပိုင်ဆိုင်ထားရန် လိုအပ်ပါသည်။

မေး ၁၁။ ဝင်ငွေအလုံအလောက်ရရှိပါ့မလား စိုးရိမ်ပါတယ်။

တက္ကစီယာဥ်မောင်းများ၏ လစာစနစ်သည် ပုံမှန်အားဖြင့် ကော်မရှင်အခြေပြုပေးသည့်စနစ်ဖြစ်ပြီး သတ်မှတ်ဝင်ငွေလည်းပါဝင်ပါသည်။ ဒေသအလိုက် နှစ်စဉ်ပျမ်းမျှဝင်ငွေကွာခြားနိုင်သော်လည်း ယေဘူယျမှာ ယန်း ၃.၆ မီလီယံ ဖြစ်ပါသည်။ ကုမ္ပဏီသင်တန်းကာလအတွင်း ယာဥ်မောင်းများအနေဖြင့် ရောင်းအားနှင့်စပ်လျဉ်းသည့် နည်းဗျူဟာများ၊ ‌ဘေးကင်းလုံခြုံစွာမောင်းနှင်နိုင်ရေးအတွက် လေ့ကျင့်မှုများစသည်တို့ကို သင်ယူရမည်ဖြစ်သည်။ ထို့အပြင် အချို့ကုမ္ပဏီများအနေဖြင့် ခရီးသည်အသွားအများဆုံးအချိန်နှင့်နေရာများနှင့်ပတ်သက်သည့် အချက်အလက်များအပေါ်မူတည်၍ စီးပွားရေးလုပ်ကိုင်နိုင်ရေး ဒေတာများကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီများအနေဖြင့်လည်း လုပ်ငန်းများအပြိုင်အဆိုင် လုပ်ကိုင်၍ စီးပွားရေးတိုးတက်ရန်ကြံဆောင်နေပါသဖြင့် သင့်ရဲ့ဝင်ငွေပိုမိုရရှိနိုင်‌ရေး ရည်မှန်းချက်နှင့် ကိုက်ညီပါသဖြင့် စိတ်ချယုံကြည်နိုင်ပါသည်။

မေး ၁၂။ နှစ်စဉ်ဝင်ငွေအမြင့်ဆုံးက ဘယ်လောက်ပါသလဲ?

ကော်မရှင်အခြေပြုစနစ်ဖြစ်ပါက ယန်း ၇ မှ ၈ မီလီယံအထိ နှစ်စဉ်ဝင်ငွေရရှိနေသော ယာဥ်မောင်းများ ရှိပါသည်။ ၎င်းတို့အနက်မှ ထိပ်တန်းယာဥ်မောင်းများမှာ တက္ကစီကုမ္ပဏီ၏ ဝန်ထမ်းအဖြစ်လုပ်ကိုင်၍ နှစ်စဉ်ဝင်ငွေ ယန်း ၁၀ မီလီယံကျော်အထိ ရရှိလျက်ရှိပါသည်။

မေး ၁၃။ အလုပ်လုပ်ချိန်ဘယ်လောက်ပါသလဲ။ အချိန်ပိုများရှိပါသလား?

အဆိုင်းအလိုက် နေ့ဆိုင်းများသည် အဆိုင်းတစ်ခုလျှင် ၁၅.၅ နာရီခန့် (သီးခြား ၃ နာရီ အနားယူခြင်းဖြင့်) နှင့် နေ့ဆိုင်းတစ်ဆိုင်းလျှင် ခန့်မှန်းခြေအားဖြင့် ၇.၅ မှ ၈ နာရီဖြစ်သည်။ ဆန္ဒရှိပါက အချိန်ပိုလုပ်နိုင်သော်လည်း သတ်မှတ်ချက်ရှိပါသည်။

မေး ၁၄။ အလုပ်ခွင့်များ လစာဖြင့်နားရက်များရယူရန် လွယ်ကူပါသလား?

လစာဖြင့်နားရက်ယူခြင်းသည် လုပ်ဖော်ကိုင်ဖက်များအား မထိခိုက်မသက်ရောက်နိုင်ပါသဖြင့် အခြားသော လုပ်ငန်းနယ်ပယ်များထက်စာလျှင် နားရက်ယူရန် ပိုမိုအဆင်ပြေသည့် ပတ်ဝန်းကျင် ဖြစ်ပါသည်။

မေး ၁၅။ တက္ကစီယာဥ်မောင်းအဖြစ် ဘယ်အသက်အရွယ်အထိ အလုပ်လုပ်နိုင်ပါသလဲ?

ကုမ္ပဏီအများစုအနေဖြင့် ဝန်ထမ်းပင်စင်ယူရမည့်အရွယ်အား အသက် ၆၅ နှစ်အဖြစ် သတ်မှတ်ထားသော်လည်း ကျန်းမာရေး သို့ ယာဥ်မောင်းအခက်အခဲများမရှိပါက ၇၀ ကျော်အထိ သတ်မှတ်စာချုပ်ချုပ်ဆို၍ အလုပ်လုပ်ကိုင်နိုင်ပါသည် (ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်မူတည်၍ အလုပ်အချိန်တိုကိုလည်း ရွေးချယ်လုပ်ကိုင်နိုင်ပါသည်).

မေး ၁၆။ တစ်ဦးပိုင်တက္ကစီနှင့် အခြားတက္ကစီများ မည်သို့ကွာခြားပါသလဲ?

တက္ကစီကုမ္ပဏီတွင် ၁၀ နှစ်ကျော်လုပ်ကိုင်ပြီး မတော်တဆမှုမရှိနှင့် စည်းမျဉ်းဖောက်ဖျက်မှုမှတ်တမ်း မရှိပါက တစ်ဦးပိုင်တက္ကစီယာဥ်မောင်းဖြစ်လာနိုင်ရန် လိုအပ်ချက်ပြည့်မီပါသည်။ သို့ပါ၍ အဆိုပါ ရည်မှန်ချက်လည်း ထားရှိလုပ်ကိုင်နိုင်ပါသည်။

အကျဉ်းချုပ်

ဤဆောင်းပါးကို အဆုံးထိ ဖတ်ရှု့၍ ကျေးဇူးတင်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ပွင့်လမ်းလာသည့် နိုင်ငံခြားသားတက္ကစီယာဥ်မောင်းလမ်းကြောင်းသည် အခွင့်အလမ်းများစွာကို ပေးနေခြင်းဖြစ်ပါသည်။ မကျွမ်းဝင်သည့် နယ်ပယ်ကို ပထမဆုံးခြေလှမ်းလှမ်းလုပ်ကိုင်ခြင်းတွင် စိုးရိမ်မှုများရှိနိုင်မည် ဖြစ်သော်လည်း ယခုဖော်ပြပေးခဲ့သည့် အချက်အလက်များမှတဆင့် စိတ်ချယုံကြည်မှုများရရှိလာပြီး သံသယတွေဖြေဖျောက်ကာ စိန်ခေါ်မှုပြုလုပ်နိုင်မည့်ခံစားချက်များပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။ တက္ကစီယာဥ်မောင်းအဖြစ် အသစ်စတင်လုပ်ကိုင်သူများအားလုံး အဆင်ပြေအောင်မြင်ကြပြီး လုပ်ငန်းနယ်ပယ်တစ်ခုလုံးလည်း တိုးတက်ပါစေရန် ဆန္ဒပြုပါသည်။ တစ်ဆင့်ချင်းစီဖြင့် တောက်ပသော အနာဂတ်ကို လမ်းလျှောက်ကြရအောင်။

 

စာရင်းသို့ပြန်သွားရန်