အထူးကျွမ်းကျင်လုပ်သားစနစ်သည် အလုပ်သမားရှားပါးမှုပြသနာကို ရင်ဆိုင်နေရသည့် နယ်ပယ်များတွင် နိုင်ငံခြားသားအလုပ်သမားများကို လက်ခံရန်အကောင်အထည်ဖော်ထားခြင်းဖြစ်သည်။ နိုင်ငံခြားသားအလုပ်သမားများကို လက်ခံမည့် နယ်ပယ် ၁၆ ခုရှိပြီး အဆိုပါအထဲမှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှိ ထရပ်ယာဥ်မောင်းအမျိုးအစားသည် တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါအလုပ်လုပ်ကိုင်နိုင်ရန် ဂျပန်စာအရည်အချင်းနှင့် သက်ဆိုင်ရာနယ်ပယ်နှင့်စပ်လျဉ်းသည့် ကျွမ်းကျင်မှုစာမေးပွဲတို့အား အောင်မြင်ရန်လိုအပ်သည်။
ဂျပန်စာအရည်အချင်းတွင် JLPT N4 နှင့်အထက် သို့မဟုတ် JFT A2 နှင့်အထက်ရရှိရန် လိုအပ်သည်။ သက်ဆိုင်ရာနယ်ပယ်၏ ကျွမ်းကျင်မှုစစ်ဆေးခြင်းအတွက် ထရပ်ယာဥ်မောင်းများအတွက် ကျွမ်းကျင်မှုစစ်ဆေးခြင်းအား အောင်မြင်ရမည်ဖြစ်သည်။ ယခုဆောင်းပါးတွင် အဆိုပါ ကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် ၎င်းအတွက် မည်သို့ ပြင်ဆင်ရမည်နှင့်စပ်လျဉ်း၍ ရှင်းလင်းဖော်ပြပေးသွားပါမည်။
၁။ အထူးကျွမ်းကျင်မှုအတွက် အကဲဖြတ်စစ်ဆေးမှုဆိုသည်မှာ

အထူးကျွမ်းကျင်မှုအတွက် အကဲဖြတ်စစ်ဆေးမှုတွင် အပိုင်း ၂ ပိုင်းပါဝင်ပြီး လက်တွေ့နှင့်ရေးဖြေ စစ်ဆေးခြင်းတို့ဖြစ်ပါသည်။ လျှောက်ထားသူများအား သက်ဆိုင်ရာကျွမ်းကျင်မှုစစ်ဆေးခြင်းဖြစ်ပြီး လုပ်ငန်းခွင် အသင့်ဝင်ရောက်နိုင်ရန်အတွက် ဖြစ်သည်။ ထရပ်ယာဥ်မောင်းစာမေးပွဲတွင် အောက်ပါတို့အား အကဲဖြတ်စစ်ဆေးမည် ဖြစ်သည်။
ရေးဖြေစာမေးပွဲ - ဂျပန်နိုင်ငံ၏ ယာဥ်လမ်းစည်းမျဉ်းများ၊ ယာဥ်မောင်းအမူအကျင့်နှင့် ဘေးကင်းလုံခြုံစွာမောင်းနှင့်နိုင်ခြင်းစသည်တို့နှင့်စပ်လျဉ်းသည့် အသိပညာ
လက်တွေ့စာမေးပွဲ - ထရပ်မောင်းနှင့်မှုနည်းပညာ၊ ကုန်တင်ကုန်ချခြင်းနှင့် ယာဥ်အားနေ့စဉ်စစ်ဆေးခြင်းစသည်တို့နှင့်စပ်လျဉ်းသည့် ကျွမ်းကျင်မှုများ
လက်တွေ့ကျွမ်းကျင်မှုစစ်ဆေးခြင်းဖြစ်သော်လည်း စစ်ဆေးမည့်နည်းလမ်းမှာ ရေးဖြေပုံစံမျိုး စာရွက်ပေါ်တွင် ဖြေဆိုရမည် ဖြစ်သည်။
၂။ ရေးဖြေစာမေးပွဲအတွက် ပြင်ဆင်ခြင်း

ရေးဖြေစာမေးပွဲအား ဂျပန်နိုင်ငံ၏ ယာဥ်လမ်းစည်းမျဉ်းစည်းကမ်းများ၊ ယာဥ်မောင်းကျင့်ဝတ်များ နှင့် ဘေးကင်းလုံခြုံစွာမောင်းနှင်နိုင်ခြင်းစသည်တို့နှင့် စပ်လျဉ်း၍ အကဲဖြတ်ရန် ဆောင်ရွက်ထားခြင်းဖြစ်သည်။ ရေးဖြေစာမေးပွဲအောင်မြင်နိုင်ရန် အောက်ပါတို့ကို သိရှိထားရမည် -
(၁) ဂျပန်နိုင်ငံ၏ ယာဥ်လမ်းစည်းမျဉ်းစည်းကမ်းများအား သင်ယူလေ့လာခြင်း
ဂျပန်နိုင်ငံ၏ ယာဥ်လမ်းစည်းကမ်းများနှင့် အခြားနိုင်ငံများ စည်းမျဉ်းများမှာ ကွာခြားပါသည်။ အောက်ပါအချက်များကို ဂရုပြုရန်လိုအပ်ပါသည် -
၁။ ယာဥ်လမ်းညွှန် အမှတ်အသားများ၏ အဓိပ္ပာယ် - သင့်နိုင်ငံ၏အမှတ်အသားများနှင့် ဆင်တူသောအမှတ်အသားများဖြစ်သော်လည်း အဓိပ္ပာယ်ကွဲပြားနိုင်ပါသည်။ သို့ပါ၍ အစကနေ ပြန်လည်သင်ယူမှတ်သားသင့်ပါသည်။
၂။ ယာဥ်စည်းကမ်းများ - ဘယ်ကွေ့၊ ညာကွေ့၊ ရပ်နားခြင်းနှင့် ဦးစားပေးလမ်းများစသည့် ဂျပန်နိုင်ငံ၏ ယာဥ်လမ်းစည်းကမ်းများကိုလေ့လာသင်ယူပါ။
၃။ အမြန်နှုန်းကန့်သတ်ချက် - မြို့တွင်းနှင့်မြို့ပြင်ဒေသများအတွက် မတူညီသော အမြန်နှုန်းကန့်သတ်ချက်များအား နားလည်ထားရန်လိုအပ်သည်။ ထို့အပြင် အရှိန်ကန့်သတ်ချက်သည် လိုင်စင်အမျိုးအစားပေါ်မူတည်၍လည်း ကွာခြားသည်။ သို့ပါ၍ လိုင်စင်အမျိုးအစားနှင့်စပ်လျဉ်း၍လည်း လေ့လာထားပါ။
(၂) ဘေးကင်းလုံခြုံစွာမောင်းနှင်နိုင်မှုအတွက် သက်ဆိုင်ရာအသိပညာများပိုင်ဆိုင်ခြင်း
ဘေးကင်းလုံခြုံစွာယာဥ်မောင်းနှင်ရန်အတွက် အောက်ပါအသိပညာများလိုအပ်သည် -
၁။ ဆုံးရှုံးနိုင်ခြေအန္တရာယ်ခန့်မှန်းခြင်း - ယာဥ်ကြောအခြေအနေခန့်မှန်းခြင်းနှင့် မတော်တဆမှုအားကြိုတင်ကာကွယ်နိုင်မည့် ကျွမ်းကျင်မှုပိုင်ဆိုင်ထားခြင်း
၂။ ယာဥ်မောင်းကျင့်ဝတ်များ - အခြားသောယာဥ်များနှင့် လမ်းသွားများအား ထည့်သွင်းစဉ်းစားပေးခြင်းနှင့် အပြန်အလှန်လေးစားမှုရှိခြင်းစသည်တို့အား နားလည်သဘောပေါက်ခြင်း
၃။ အရေးပေါ်တုံ့ပြန်နိုင်မှု - မတော်တဆမှုအား ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းနှင့် အခြေခံဆေးပညာဗဟုသုတစသည်တို့အတွက် လေ့လာသင်ယူထားခြင်း
(၃) အစမ်းစာမေးပွဲများဖြေဆိုလေ့ကျင့်ခြင်းဖြင့် မိမိစွမ်းရည်အား ကြိုတင်စစ်ဆေးထားခြင်း
ရေးဖြေစာမေးပွဲအတွက်လေ့ကျင့်ရာတွင် အကြိုအစမ်းစာမေးပွဲများဖြေဆိုလေ့ကျင့်သင့်ပါသည်။ အဆိုပါစာမေးပွဲများတဆင့် အမှန်တကယ်ဖြေဆိုရမည့် စာမေးပွဲပုံစံအား သိရှိနားလည်ထားမည် ဖြစ်ပါသည်။
မိမိအားနည်းချက်အား သိရှိထားရန်အရေးကြီးပြီး ပြန်လည်လေ့ကျင့်မှုများပြုလုပ်ရန်လိုအပ်ပါသည်။ အချို့သောအေဂျင်စီများတွင် အဆိုပါစာမေးပွဲနှင့်စပ်လျဉ်းသည့် လေ့ကျင့်ရေးအက်ပ်များရှိပါသဖြင့် အသုံးချလေ့လာသင့်ပါသည်။
(၄) လက်တွေ့စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လက်တွေ့စာမေးပွဲသည် ထရပ်ယာဥ်မောင်းကျွမ်းကျင်မှု၊ ကုန်တင်ကုန်ချခြင်းနှင့် နေ့စဉ်စစ်ဆေးခြင်း စသည်တို့နှင့်စပ်လျဉ်းသည့် အသိပညာအား စစ်ဆေးခြင်းဖြစ်သည်။ လက်တွေ့စာမေးပွဲအောင်မြင်ရန် အောက်ပါတို့ကို သိရှိလေ့လာထားသင့်ပါသည် -
(၁) ထရပ်ယာဥ်မောင်းနှင်နိုင်ခြင်း
ထရပ်ကားများသည် ပုံမှန်ကားများထက် ပိုမိုကြီးမား၍ ကျွမ်းကျင်မှုလိုအပ်ပါသည်။ ထရပ်မောင်းနှင်ရာတွင် ကြုံတွေ့ရနိုင်သည်များကို နားလည်ရန်အတွက် အောက်ပါအချက်များကို ဂရုပြုပါ -
၁။ ယာဥ်အကျယ်အား သိရှိနားလည်ထားခြင်း - ထရပ်ယာဥ်အကျယ်ကို သိရှိထားပြီး လမ်းကျဉ်းများနှင့် ယာဥ်ရပ်နားသည့်နေရာများတွင် အဆင်ပြေစွာမောင်းနှင်နိုင်ရန် လိုအပ်သည်။
၂။ နောက်ပြန်မောင်းခြင်း/ဆုတ်ခြင်း - ထရပ်ယာဥ်အား နောက်ပြန်မောင်းခြင်း/ဆုတ်ခြင်း တို့သည် ခက်ခဲပြီး မတော်တဆမှုများတွင် အဓိကအချက်ဖြစ်သည်။ နောက်ကြည့်မှန်နှင့် ကင်မရာတို့အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်လိုအပ်သည်။
၃။ အကွာအဝေး - ထရပ်များသည် ပုံမှန်ကားများထက် ရပ်တန့်သည့်အကွာအဝေးရှည်လျားပါသဖြင့် ဘေးကင်းစွာဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။
(၂) ကုန်တင်ကုန်ချနည်းစနစ်များအား လေ့လာခြင်း
ထရပ်ယာဥ်မောင်းအလုပ်တွင် ကုန်တင်ကုန်ချလည်းပါဝင်ပါသဖြင့် ဘေးကင်းအကျိုးရှိစွာဆောင်ရွက်နိုင်ရန် လိုအပ်သည်။
၁။ ကုန်တင်ကုန်ချနည်းစနစ်များ - ကုန်ပစ္စည်းများ ယာဥ်မောင်းစဉ်အတွင်း လှုပ်ရှားထိခိုက်မှုမရှိစေရန် မြဲမြံစွာချည်နှောင်သည့် နည်းစနစ်များအား လေ့လာခြင်း။
၂။ အလေးချိန်စီမံခန့်ခွဲခြင်း - ယာဥ်မောင်းနှင်စဉ်အတွင်း ကုန်ပစ္စည်းများအလေးချိန် ညီမျှမှုအတွက် ထည့်သွင်းစဉ်းစား၍ ကုန်တင်ကုန်ချပြုလုပ်ခြင်း။
၃။ ပစ္စည်းကိရိယာများအသုံးပြုခြင်း - သက်ဆိုင်ရာ ကုန်တင်ကုန်ချပစ္စည်းကိရိယာများ အသုံးချတတ်စေရန် သင်ယူခြင်း။
(၃) နေ့စဉ် ယာဥ်စစ်ဆေးမှုပြုလုပ်ခြင်း
ထရပ်ယာဥ်မောင်းနှင်ခြင်းမပြုမီ နေ့စဉ်စစ်ဆေးမှုအား ဆောင်ရွက်သင့်ပါသည်။ အောက်ပါအချက်များကို စစ်ဆေးရန် လိုအပ်ပါသည် -
၁။ တာယာအခြေအနေများ - လေဖိအား၊ ဘီးခွံလျော့ရဲမှုစသည် တာယာအခြေအနေအမျိုးမျိုးကို စစ်ဆေးပါ။
၂။ အင်ဂျင်ဆီနှင့် coolant အဆင့် - လိုအပ်သလိုစစ်ဆေး၍ ဖြည့်ပါ။
၃။ ဘရိတ်အခြေအနေ - ဘရိတ်အခြေအနေအားစစ်ဆေး၍ လိုအပ်ပါက ထိန်းသိမ်းမှုပြုလုပ်ပါ။
သေချာစွာပြင်ဆင်ပြီး ယုံကြည်မှုအပြည့်ဖြင့် စာမေးပွဲဖြေဆိုပါ။ အောင်မြင်ပါက ဂျပန်နိုင်ငံတွင် ထရပ်ယာဥ်မောင်းအဖြစ် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ အောင်မြင်ပါစေ!