မဂ္ဂဇင်း

[၂၀၂၄ အတွက် နောက်ဆုံး] နိုင်ငံခြားသားများအတွက် ဂျပန်နိုင်ငံရှိတက္ကစီယာဥ်မောင်းအလုပ်များဆိုင်ရာ လမ်းညွှန်

[၂၀၂၄ အတွက် နောက်ဆုံး] နိုင်ငံခြားသားများအတွက် ဂျပန်နိုင်ငံရှိတက္ကစီယာဥ်မောင်းအလုပ်များဆိုင်ရာ လမ်းညွှန်

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ဂျပန်နိုင်ငံအစိုးရအနေဖြင့် အထူးကျွမ်းကျင်လုပ်သားဗီဇာစနစ်အား တိုးချဲ့ခဲ့ပြီး နိုင်ငံခြားသားများအား တက္ကစီလုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခဲ့သည်။ အဆိုပါ ဆောင်ရွက်ချက်သည် ဂျပန်နိုင်ငံ၏ လူမှုပြသနာတစ်ရပ်ဖြစ်လာနေသည့် ယာဥ်မောင်းရှားပါးမှုကို ဖြေရှင်းနိုင်မည့် ကြီးမားသည့် မျှော်မှန်းချက်တစ်ခုဖြစ်သည်။ ယခုဆောင်းပါးတွင် ဂျပန်နိုင်ငံတွင် တက္ကစီယာဥ်မောင်းအဖြစ်လုပ်ကိုင်နိုင်ရန် ဂျပန်ပြည်တွင်း ပြည်ပရှိနိုင်ငံခြားသားများအတွက် လိုအပ်သော လုပ်ငန်းစဉ်များနှင့် လမ်းကြောင်းများအား အဆင့်ဆင့် ရှင်းပြပေးသွားမည်ဖြစ်သည်။ ဤဆောင်းပါးအား "ဂျပန်ုနိုင်ငံတက္ကစီယာဥ်မောင်းအလုပ်လုပ်ကိုင်ရန် နိုင်ငံခြားသားများအတွက် လမ်းညွှန်" အဖြစ် အသုံးပြုနိုင်ပါသည်။

အဆင့် ၁။ ပုံမှန်ယာဥ်မောင်းလိုင်စင် အဆင့် ၁ အား ရယူခြင်း

<ဂျပန်ပြည်တွင်းနေထိုင်နေသူများအတွက်>

ဂျပန်ပြည်တွင်းနေထိုင်သူများအနေဖြင့် ပုံမှန်ယာဥ်မောင်းလိုင်စင် အဆင့် ၁ အား အမြန်ဆုံး ရယူထားရန် အကြံပြုလိုပါသည်။ တက္ကစီမောင်းနှင်ရန်လိုအပ်သည့် အဆင့် ၂ လိုင်စင်အား အသက် ၂၁ နှစ် အထက် ပုံမှန်လိုင်စင်ရရှိပြီးနောက် မောင်းသက် ၃ နှစ်ရှိထားပြီးသူများသာ ရယူနိုင်ပါသည်။ သို့သော် အထူးလေ့ကျင့်သင်ကြားပေးမှုများဖြင့် အဆင့် ၂ လိုင်စင်အား အသက် ၁၉ နှစ်အထက်နှင့် မောင်းသက် ၁ နှစ် ရှိသူများအနေဖြင့်လည်း ရယူနိုင်ရန် အစိုးရကဆောင်ရွက်ပေးလိုက်ပါသည်။ သို့ပါ၍ အဆင့် ၁ လိုင်စင်ရရှိပြီးနောက် မောင်းသက်ပိုရှိပါက အလုပ်ရရှိရေးအတွက် ပိုမို အထောက်အကူ ပြုမည်ဖြစ်သည်။ နည်းပညာသင်တန်းသားများ၊ အထူးကျွမ်းကျင်လုပ်သားများနှင့် နိုင်ငံတကာ ကျောင်းသားများအနေဖြင့် သင်တန်းကျောင်းများတက်ရောက်၍ အဆင့် ၁ လိုင်စင်ရယူထားသင့်ပါသည်။ လူမကျသည့် ကာလများဖြစ်သည့် ဧပြီမှဇူလိုင်၊ အောက်တိုဘာမှဒီဇင်ဘာ ကာလအတွင်း ကုန်ကျစရိတ်သက်သာပါသဖြင့် အဆိုပါကာလအတွင်း ၂ ပတ်ယာဥ်မောင်းသင်တန်းကျောင်း တက်ရောက်ပြီးနောက် လိုင်စင်စင်တာတွင် ရေးဖြေစာမေးပွဲဖြေဆိုကာ ယာဥ်မောင်းလိုင်စင်အား ရယူထားသင့်ပါသည်။ မကြာသေးမီက စမ်းသပ်စာမေးပွဲများအား အဂ်လိပ်၊ တရုတ်၊ ဗီယက်နမ် ဘာသာစကားများဖြင့် ဖြေဆိုနိုင်မည့် ပြည်နယ်အရေအတွက် တိုးလာပါသောကြောင့် နိုင်ငံခြားသားများအတွက် သတင်းကောင်းတစ်ခုဖြစ်ပါသည်။

 <ဂျပန်ပြင်ပနေထိုင်သူများအတွက်>

နိုင်ငံရပ်ခြားမှလာရောက်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ နိုင်ငံ၏ ယာဥ်မောင်းလိုင်စင် ကြိုတင် ရယူထားသင့်ပါသည်။ အချို့နိုင်ငံများတွင် လိုင်စင်ရယူရန် ၃ လမှ ၆ လအထိ ကြာမြင့်နိုင်ပါသည်။

နိုင်ငံရပ်ခြားလိုင်စင်မှ ဂျပန်လိုင်စင်သို့ ပြောင်းလဲနိုင်သည့် စနစ်တစ်ခုရှိပါသဖြင့် ထိုစနစ်ကိုအသုံးချကာ ဂျပန်ယာဥ်မောင်းလိုင်စင်ရယူသင့်ပါသည်။ လိုင်စင်ပြောင်းလဲရန်အတွက် မိမိတို့နိုင်ငံတွင် လိုင်စင်ရရှိပြီးနောက် အနည်းဆုံး ၃ လ နေထိုင်ခဲ့ရန် လိုအပ်ပါသည်။ ဂျပန်လိုင်စင် စင်တာတွင် အဆိုပါ ၃ လနေထိုင်ခဲ့ခြင်း ရှိမရှိအား အတည်ပြုစစ်ဆေးမည်ကို သတိပြုပါ။

ဂျပန်နိုင်ငံတွင် အဆင့် ၂ လိုင်စင်ရယူလိုပါက မိမိနိုင်ငံ၌ လိုင်စင်ရယူခဲ့သောအချိန်မှစ၍ မောင်းသက် (တစ်နှစ်ကျော်)ကို စုစု‌ပေါင်းတွက်ချက်ပါမည်။ သို့ပါ၍ မိမိနိုင်ငံ၌ သာမန်လိုင်စင်အလျင်အမြန်ရယူရန်မှာ အရေးကြီးပါသည်။   

အဆင့် ၂။ ကျွမ်းကျင်မှုစစ်ဆေးခြင်းအား အောင်မြင်ခြင်း

အဆင့် ၃။ ဂျပန်စာစွမ်းရည် (JLPT) N3 နှင့်အထက်

ဤအဆင့်တွင် အထူးကျွမ်းကျင်လုပ်သားစနစ်နှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဖော်ပြပေးထားပါသည်။

အထူးကျွမ်းကျင်လုပ်သားဗီဇာဆိုတာဘာလဲ?

အထူးကျွမ်းကျင်လုပ်သားဗီဇာသည် ၂၀၁၉ ခုနှစ်တွင် ဂျပန်နိုင်ငံလုပ်သားရှားပါးမှုကို ဖြည့်ဆည်းရန် အတွက် အကောင်အထည်ဖော်ခဲ့သည့် နေထိုင်ခွင့်ဗီဇာစနစ်ဖြစ်သည်။ သတ်မှတ်ထားသည့် လုပ်ငန်းနယ်ပယ်များတွင် အလုပ်လုပ်ကိုင်သည့် သက်ဆိုင်ရာကျွမ်းကျင်မှုနှင့်အသိပညာပိုင်ဆိုင်ထားသည့် နိုင်ငံခြားသားများအား အဆိုပါဗီဇာအား ထုတ်ပေးပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ တက္ကစီလုပ်ငန်းအား အဆိုပါစနစ်အောက်တွင် ထည့်သွင်းခဲ့ပြီး နိုင်ငံခြားသားများသည် တက္ကစီယာဥ်မောင်းအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်သည်။

၂.၁ ကျွမ်းကျင်မှုစစ်ဆေးခြင်းများ

"အထူးကျွမ်းကျင်လုပ်သား" အဖြစ် နေထိုင်ခွင့်ရရှိရန်အတွက် ဂျပန်ပြည်တွင်း သို့ ပြည်ပတွင် ပြုလုပ်သည့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များအတွက် လုပ်ငန်းကျွမ်းကျင်မှုစစ်ဆေးခြင်းအား အောင်မြင်ရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် တက္ကစီ၊ ထရပ်နှင့် ဘတ်စ်ကားများမှာ အဓိကအမျိုးအစားများဖြစ်ပြီး ကျွမ်းကျင်မှုစစ်ဆေးခြင်းအား သီးခြားစာမေးပွဲများအဖြစ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။ မေးခွန်းများမှာဂျပန်ဘာသာဖြင့် စစ်ဆေးမည်ဖြစ်သည်။

၃.၁ ဂျပန်စာအရည်အချင်းစစ်ဆေးမှုစာမေးပွဲ

အထူးကျွမ်းကျင်လုပ်သားဗီဇာဖြင့် နေထိုင်ခွင့်ရရှိရန်အတွက် JFT-Basic သို့ JLPT N3 နှင့်အထက်ရှိသည့် ဂျပန်စာအရည်အချင်းရရှိထားရမည်ဖြစ်သည်။ တက္ကစီယာဥ်မောင်းများအနေဖြင့် အရေးပေါ်အခြေအနေများတွင် ကိုင်တွယ်ဖြေရှင်းရန်အတွက် JLPT N3 နှင့် အထက် လိုအပ်ပါသည်။

အဆင့် ၄ ကုမ္ပဏီတွင် စတင်ဝင်ရောက်လုပ်ကိုင်ခြင်း (ဂျပန်ပြည်ပနေထိုင်သူများအတွက် - ဂျပန်ပြည်တွင်းဝင်ရောက်ခြင်းနှင့် အလုပ်စတင်လုပ်ကိုင်ခြင်း)

အဆင့် ၅ ယာဥ်မောင်းလိုင်စင် အဆင့် ၂ ရယူခြင်း

ယေဘူယျအားဖြင့် အဆင့် ၂ ယာဥ်မောင်းလိုင်စင်ရယူရန်အတွက် ကုန်ကျစရိတ်အား အလုပ်ခေါ်ယူမည့် ကုမ္ပဏီမှ ကျခံပေးမည်ဖြစ်သည်။ သို့ပါ၍ ကုမ္ပဏီမှ ကုန်ကျစရိတ်ကျခံပြီး အများအားဖြင့် သင်က ၁ နှစ် ၂ နှစ်အတွင်း အလုပ်မှအနားယူလိုက်ပါက အဆိုပါကုန်ကျစရိတ်အား သင့်ဆီမှ ပြန်လည် တောင်းခံရာတွင်လည်း ချေးငွေစနစ်ဖြင့် ပေးဆပ်နိုင်သည့်အတွက် အဆင်ပြေပါသည်။

နိုင်ငံခြားသားများအနေဖြင့် အဆင့် ၂ လိုင်စင်ယူရာတွင် အကြီးမားဆုံးအခက်အခဲမှာ အဓိကရေးဖြေစာမေးပွဲဖြစ်သည်။

အဓိကရေးဖြေစာမေးပွဲအား လိုင်စင်စင်တာတွင်ဖြေဆိုရမည်ဖြစ်သည်။

စာမေးပွဲတွင် ရေးဖြေမေးခွန်း ၉၀ ပုဒ်နှင့် ပုံရိပ်မေးခွန်း ၅ ခုပါဝင်ပြီး ရေးဖြေမေးခွန်းအတွက် ၁ ပုဒ်လျှင် ၁ မှတ်နှင့် ပုံရိပ်မေးခွန်းအတွက် ၁ ပုဒ်လျှင် ၂ မှတ်ဖြစ်ပါသည်။ ပုံရိပ်မေးခွန်းတွင် မေးခွန်း ၁ ခုစီတွင် မေးခွန်းငယ် ၃ ခုပါဝင်ပြီး တစ်ခုမှားလျှင်အမှတ်မရရှိပါ။ ၁၀၀ ဖိုးတွင် ၉၀ ရရှိမှသာ စာမေးပွဲ အောင်မြင်မည်ဖြစ်သည်။

*သင်မောင်းရေးဖြေစာမေးပွဲမရှိပါ။

ယခုအချိန်အထိ အဆင့် ၂ လိုင်စင်အတွက် ရေးဖြေစာမေးပွဲအား ဂျပန်နိုင်ငံတွင်သာဖြေဆိုနိုင်ပါသည်။ နိုင်ငံခြားသားများ အဆင့် ၂ လိုင်စင်လွယ်ကူစွာရယူနိုင်ရန်အတွက် ရေးဖြေစာမေးပွဲများအား များစွာသောနိုင်ငံခြားဘာသာစကားများဖြင့် ဖြေဆိုနိုင်ရန် အမျိုးသားရဲဌာနမှဆုံးဖြတ်ခဲ့ပါသည်။ သို့ပါ၍ ၂၀၂၄ ခုနှစ် မတ်လအထိ အမျိုးသားရဲဌာနအနေဖြင့် အဆင့် ၂ လိုင်စင်အတွက် ရေးဖြေစာမေးပွဲ ပုံစံများကို အောက်ဖော်ပြပါ ဘာသာစကား ၂၀ မျိုးဖြင့် သက်ဆိုင်ရာပြည်နယ်ရဲဌာနများသို့ ဖြန့်ချိရန် ဆုံးဖြတ်ခဲ့ပါသည်။

အနောက်ဘက်

အဂ်လိပ်, ပေါတူဂီ, စပိန်, ရရှား, ယူကရိန်း

အာရှ

တရုတ်, ဗီယက်နမ်, ကိုရီးယား, ဖိလစ်ပိုင်, နီပေါ, အင်ဒိုနီးရှား, မြန်မာ, ထိုင်း, ဟင်ဒီ, အာဒူ, ခါမာ, မွန်ဂို, ရှင်းဟလာ

အရှေ့အလယ်ပိုင်း

ပါရှန်, အာရပ်

၂၀၂၄ ခုနှစ် မေလထုတ်ပြန်ချက်အရ အဆင့် ၂ လိုင်စင်အတွက် ဘာသာအမျိုးမျိုးဖြင့်ဆောင်ရွက်ထားမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။

အဆင့် ၆ ပညာရေးနှင့်လေ့ကျင့်ရေး

တက္ကစီကုမ္ပဏီတွင်အလုပ်စတင်ဝင်ရောက်ပြီးနောက် သက်ဆိုင်ရာလုပ်ငန်းကျင့်ဝတ်များနှင့် ဝန်ဆောင်မှုနည်းစနစ်များအား သင်ယူရန်အတွက် ‌လေ့ကျင့်သင်တန်း ၁ လခန့်ရှိမည်ဖြစ်သည်။ အဆိုပါ သင်တန်းတွင် ယာဥ်မောင်းစွမ်းရည်၊ ခရီးသည်ဝန်ဆောင်မှုနှင့် ဥပဒေစည်းမျဉ်းများ စသည့်ပြင်ပလေ့ကျင့်မှုများ၊ ဌာနဆိုင်ရာသင်ကြားပေးမှုများ၊ လက်တွေ့သင်တန်းများနှင့် သက်ဆိုင်ရာ ဌာနခွဲတွင်တာဝန်ကျပြီးနောက်‌ ဆောင်ရွက်ရမည်တို့နှင့်စပ်လျဉ်းသည့် လေ့ကျင့်ရေးများစသည်တို့ ပါဝင်မည်ဖြစ်သည်။ လက်တွေ့ကျွမ်းကျင်မှုများ၊ ဥပဒေရေးရာအသိပညာများ၊ ဝန်ဆောင်မှုဆိုင်ရာ ကျင့်ဝတ်များနှင့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကိုင်တွယ်ပုံစသည်တို့ကို လေ့လာရမည်။ အထူးသဖြင့် ပြည်သူ့ရေးရာမော်တော်ယာဥ်မတော်တဆကာကွယ်ရေးအေဂျင်စီမှပြုလုပ်သည့် စွမ်းရည်စစ်ဆေးမှုနှင့် တိုကျိုတက္ကစီစင်တာကဲ့သို့သော အဖွဲ့အစည်းများမှ ပြုလုပ်သည့် အခြေခံပညာ သင်ကြားမှုတို့ကို လေ့လာရမည်ဖြစ်ပြီး လက်တွေ့ကျွမ်းကျင်မှုတိုးတက်လာမည်ဖြစ်သည်။ အချို့သော သင်တန်းများတွင် အောင်/ကျ စနစ်ဖြင့်စစ်ဆေးမှုဖြစ်ပြီး သင်တန်းကာလအတွင်းလည်း လစာဝင်ငွေ ရရှိနေမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် တိုကျို၊ အိုဆာကာနှင့် ခါနာဂါဝါရှိ တက္ကစီမောင်းနှင်ရန်အတွက် ပထဝီဝင်ဆိုင်ရာစစ်‌ဆေးမှုအား ဖျက်သိမ်းလိုက်သည်။ COVID-19 အလွန် ယာဥ်မောင်းရှားပါးလာမှု အားဖြေရှင်းနိုင်မည်ဖြစ်ပြီး နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် တက္ကစီလုပ်ငန်းနယ်ပယ်တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် လွယ်ကူလာမည်ဖြစ်သည်။ ဘေးကင်းလုံခြုံစွာမောင်းနှင်နိုင်ရေးနှင့် ဝန်ဆောင်မှုဆိုင်ရာစစ်ဆေးမှုများကိုတော့ ယခင်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဤကဲ့သို့ စနစ်ပြင်ဆင်မှုသည် ခေတ်ပြောင်းလဲလာမှုနှင့် နည်းပညာမြင့်အပ်ပလီကေးရှင်းများအား ပိုမို အသုံးပြုလာနိုင်ရန်အတွက် တက္ကစီယာဥ်မောင်းများ၏ အရည်အသွေးမြင့်တင်နိုင်ရေး ဆောင်ရွက်ချက် ဖြစ်သည်။

အနှစ်ချုပ်

ဂျပန်နိုင်ငံတွင် တက္ကစီယာဥ်မောင်းအဖြစ် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဘာသာစကားကျွမ်းကျင်မှု၊ သက်ဆိုင်ရာအရည်အချင်းများနှင့် အထူးကျွမ်းကျင်လုပ်သားဗီဇာတို့ရရှိထားရန် လိုအပ်သည်။ ထိုမှတဆင့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ဂျပန်နိုင်ငံလုပ်သားဈေးကွက်တွင် တက်ကြွစွာ ပါဝင်လာနိုင်မည်ဖြစ်ပြီး ဂျပန်နိုင်ငံယဥ်ကျေးမှုနှင့် လူမှုအသိုက်အဝန်းတို့တွင်လည်း ဝင်ရောက် အားဖြည့်ပေးနိုင်မည်ဖြစ်သည်။ ဗီဇာရရှိရန်ဆောင်ရွက်ခြင်းမှစ၍ ဘဝနေထိုင်မှုဆိုင်ရာပြင်ဆင်မှုများ အတွက် ဆောင်ရွက်ရမည့်အဆင့်များစွာရှိသော်လည်း ဤလမ်းညွှန်အတိုင်း ကောင်းမွန်သေချာစွာ ပြင်ဆင်ခြင်းဖြင့် မိမိတို့နှစ်သက်သည့် ကုမ္ပဏီတွင် အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

စာရင်းသို့ပြန်သွားရန်