ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေနေကြသူများအတွက် ! ၂၀၂၄ ခုနှစ်တွင် အထူးကျွမ်းကျင်လုပ်သားစနစ်တွင် ကြီးမားသော အပြောင်းအလဲများ ရှိလာမည်ဖြစ်သည်။
ဤစနစ်သည် ဂျပန်နိုင်ငံစက်မှုလုပ်ငန်းများနှင့် ဒေသအဖွဲ့အစည်းများတွင် နိုင်ငံခြားသားအလုပ်သမားများ တက်ကြွစွာပါဝင်လုပ်ကိုင်လာနိုင်စေရန်ရည်ရွယ်ပြီး ဂျပန်နိုင်ငံ၏ လုပ်သားရှားပါးမှုပြသနာကို ဖြေရှင်းကာ စီးပွားရေးပြန်လည်ဦးမော့လာစေရန်အတွက် ဖြစ်သည်။ အဆိုပါ အထူးကျွမ်းကျင်ဗီဇာအောက်တွင် နိုင်ငံခြားသားအလုပ်သမားများကို လက်ရှိလက်ခံနေသည့်အဆင့်မှ ၈၂၀,၀၀၀ ကျော်အထိတိုးမြှင့်လက်ခံရန် စီစဉ်ထားပြီး ၂၀၂၄ ခုနှစ်မှ စ၍ လာမည့် ၅ နှစ်တာအတွင်း လက်ရှိအရေအတွက်ထက် ၄ ဆကျော် တိုးမြှင့်သွားမည် ဖြစ်သည်။ ထို့အပြင် ကဏ္ဍသစ်လေးခုဖြစ်သည့် “သယ်ယူပို့ဆောင်ရေး၊ "ရထားလမ်း၊" "သစ်တော" နှင့် "သစ်ထုတ်လုပ်ခြင်း"တို့ကို အဆိုပါစနစ်အောက်တွင် ထည့်သွင်းခဲ့သည်။ သို့ပါ၍ လက်ရှိ ကဏ္ဍ ၁၂ ခုမှ ၁၆ ခုအထိ အရေအတွက်တိုးလာခြင်းဖြစ်ပြီး အဆိုပါစနစ်အောက်တွင် အလုပ်ရှာဖွေနေသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် အခွင့်အလမ်းများတိုးပွားလာခြင်းလည်း ဖြစ်ပါသည်။ အခွင့်အရေးကိုလက်လွတ်မခံဘဲ အထူးကျွမ်းကျင်စစ်ဆေးမှုကို စိန်ခေါ်ရင်ဆိုင်လိုက်ပါ။ ယခုဆောင်းပါးတွင် အထူးကျွမ်းကျင်စနစ်နှင့် ဝင်ငွေမြင့်ရရှိနိုင်သည့် တက္ကစီယာဥ်မောင်းများအတွက် အထူးကျွမ်းကျင်စစ်ဆေးမှုတို့နှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ဖော်ပြပေးသွားပါမည်။ အကူအညီဖြစ်စေရန် မျှော်လင့်ပါသည်။
၁။ အထူးကျွမ်းကျင်လုပ်သားစနစ်ဆိုသည်မှာ

အထူးကျွမ်းကျင်လုပ်သားစနစ်သည် နိုင်ငံခြားသားအလုပ်သမားများအား ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းဖြင့် ဂျပန်နိုင်ငံ၏ အလုပ်သမားရှားပါးမှုပြသနာကို ဖြေရှင်းရန်နှင့် စက်မှုလုပ်ငန်းများ တိုးတက်လာစေရန်အတွက် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ အထူးကျွမ်းကျင်မှုဆိုသည်မှာ သက်ဆိုင်ရာနယ်ပယ်အတွက် သတ်မှတ်ကျွမ်းကျင်မှု သို့ အသိပညာရှိသည့် နိုင်ငံခြားသားများအား ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် လွယ်ကူစေသည့် စနစ်တစ်ခုဖြစ်သည်။ အထူးကျွမ်းကျင်မှုရှိသည့် နိုင်ငံခြားသားလုပ်သားများသည် လိုအပ်ချက်များ ပြည့်မီပါက နေထိုင်ခွင့် ၅ နှစ်အထိရရှိနိုင်သည် ဖြစ်သည်။
အထူးကျွမ်းကျင်လုပ်သားစနစ်တွင် အမျိုးအစား ၁ နှင့် အမျိုးအစား ၂ ဟူ၍ ခွဲခြားထားပါသည်။
၁။ အထူးကျွမ်းကျင်စနစ်အမျိုးအစား ၁
သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များအတွက် သတ်မှတ်ကျွမ်းကျင်မှုနှင့် အသိပညာပိုင်ဆိုင်ထားသည့် နိုင်ငံခြားသားလုပ်သားများအတွက်ဖြစ်သည်။ နေထိုင်ခွင့် ၅ နှစ်အထိရရှိနိုင်ပါသည်။ အထူးကျွမ်းကျင် စစ်ဆေးမှုစာမေးပွဲအောင်မြင်ရန်နှင့် ဂျပန်စာအရည်အချင်းရှိထားရန်လိုအပ်သည်။
၂။ အထူးကျွမ်းကျင်စနစ်အမျိုးအစား ၂
သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များအတွက် အဆင့်မြင့်ကျွမ်းကျင်မှုနှင့် အသိပညာပိုင်ဆိုင်ထားသည့် နိုင်ငံခြားသားလုပ်သားများအတွက် ဖြစ်သည်။ အထူးကျွမ်းကျင်မှု သို့ အတွေ့အကြုံရရှိသူများအတွက် ဖြစ်သည်။ နေထိုင်ခွင့်အကန့်အသတ်မရှိပါ။
၁။ အထူးကျွမ်းကျင်စနစ်အမျိုးအစား ၁ | ၂။ အထူးကျွမ်းကျင်စနစ်အမျိုးအစား ၂ | |
နေထိုင်ခွင့်ကာလ | ၅ နှစ်အထိ | အကန့်အသတ်မရှိ |
သက်တမ်းတိုးကာလ | ၁ နှစ်၊ ၆ လ သို့ ၄ လ | ၁ နှစ်၊ ၆ လ သို့ ၄ လ |
ကျွမ်းကျင်မှုအဆင့် | သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အတွက် အခြေခံအဆင့် အသိပညာ၊ အတွေ့အကြုံများလိုအပ်သည့် လုပ်ငန်းစွမ်းဆောင်ရည် | သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အတွက် အဆင့်မြင့် အသိပညာ၊ အတွေ့အကြုံများလိုအပ်သည့် လုပ်ငန်းစွမ်းဆောင်ရည် |
ထောက်ပံ့ကူညီမှု လိုအပ်ချက် | လိုအပ် | မလိုအပ် |
မိသားစုလိုက်ပါ နေထိုင်ခွင့် | ခွင့်ပြုထားခြင်းမရှိ | အိမ်ထောင်ဖက်နှင့်ကလေးများ ခွင့်ပြုထားခြင်း |
ဂျပန်စာအရည်အချင်း | JLPT နှင့်အတည်ပြုရန် လိုအပ် | JLPT နှင့်အတည်ပြုရန် မလိုအပ် |
၂။ ကျွမ်းကျင်မှုစစ်ဆေးခြင်း
အထူးကျွမ်းကျင်လုပ်သားအမျိုးအစား ၁ အတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် အသိပညာနှင့် ကျွမ်းကျင်မှုကိုစစ်ဆေးခြင်းအား အောင်မြင်ရန်နှင့် ဂျပန်စာဘာသာစကားစစ်ဆေးမှုကို အောင်မြင်ရန်လည်းလိုအပ်သည်။
၁။ ကျွမ်းကျင်မှုစစ်ဆေးခြင်း
စက်မှုလုပ်ငန်းနယ်ပယ်အလိုက် စစ်ဆေးမှုကွာခြားသော်လည်း ယေဘူယျမှာ အောက်ပါအတိုင်း ဖြစ်သည် -
နည်းပညာဆိုင်ရာ ဗဟုသုတ | သက်ဆိုင်ရာနယ်ပယ်နှင့်စပ်လျဉ်းသည့် အခြေခံအသိပညာ သို့ နည်းပညာဆိုင်ရာပညာရပ်တို့ကို စစ်ဆေးခြင်းဖြစ်သည်။ |
နည်းပညာဆိုင်ရာ အကဲဖြတ်စစ်ဆေးခြင်း | လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများအား စစ်ဆေးခြင်းဖြစ်သည်။ လက်တွေ့စစ်ဆေးမှုလည်းပါဝင်ပါသည်။ |
ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးနှင့်စပ်လျဉ်းသည်များ | လုပ်ငန်းခွင်တွင် ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားနိုင်မှု ဗဟုသုတများအား စစ်ဆေးခြင်းဖြစ်သည်။ |
စစ်ဆေးမှုစာမေးပွဲ၏ခက်ခဲမှုနှင့် လျှောက်ထားဖြေဆိုသူ၏ ကျွမ်းကျင်မှုအပေါ်မူတည်၍ အောင်ချက်ကွာခြားနိုင်သော်လည်း ယေဘူယျအားဖြင့် ၅၀ % မှ ၇၀ % အထိ ဖြစ်ပါသည်။
၂။ ဂျပန်စာအရည်အချင်းစစ်ဆေးခြင်း
အထူးကျွမ်းကျင်စနစ်အောက်တွင် လုပ်ကိုင်မည့် နိုင်ငံခြားသားများအနေဖြင့် လုပ်ငန်းခွင်နှင့် ဂျပန်နိုင်ငံ နေ့စဉ်ဘဝအတွက် လိုအပ်သည့် ဂျပန်စာအရည်အချင်းပိုင်ဆိုင်ထားရမည်ဖြစ်သည်။ အထူးသဖြင့် အလုပ်လုပ်ကိုင်ရန်အတွက် အခြေခံဝေါဟာရ သို့ ခန်းဂျီဖြင့်ရေးသားထားသော ဘာသာရပ်ဆိုင်ရာများနှင့် စကားပြောဆိုမှုတို့ကို ကောင်းမွန်စွာနားလည်ရမည် ဖြစ်သည်။ "ဂျပန်ဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ (N4 နှင့်အထက်)" သို့မဟုတ် "ဂျပန်ဖောင်ဒေးရှင်းဂျပန်အခြေခံစာမေးပွဲ (A2 အဆင့်နှင့်အထက်)" လိုအပ်သည်။
၃။ အထူးကျွမ်းကျင်စနစ်အောက်ရှိ တက္ကစီသယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ လုပ်ကိုင်မည့် ဝန်ထမ်းများအတွက် စံသတ်မှတ်ချက်များ
"မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးကဏ္ဍ အထူးကျွမ်းကျင် အမျိုးအစား ၁ ကျွမ်းကျင်မှုစစ်ဆေးခြင်း (တက္ကစီ)" နှင့် "အဆင့် ၂ ယာဥ်မောင်းလိုင်စင်" နှင့် Japanese Language Proficiency Test (JLPT) N3 နှင့်အထက် ရရှိရန် လိုအပ်ပါသည်။
စာမေးပွဲတစ်ခုစီကို ဖြေဆိုအောင်မြင်နိုင်ရန် အဓိကအချက်များမှာ
၁။ မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးကဏ္ဍ အထူးကျွမ်းကျင်စနစ် အမျိုးအစား ၁ ကျွမ်းကျင်မှုစစ်ဆေးခြင်း (တက္ကစီ)
လိုအပ်ချက် | ဖော်ပြချက် |
နည်းပညာဗဟုသုတ | လုပ်ငန်းမစတင်မီနှင့် လုပ်ငန်းပြီးစစ်ဆေးခြင်းများ၊ ဘေးကင်းစွာမောင်းနှင်ခြင်း၊ မှတ်တမ်းများဆောင်ရွက်ခြင်းနှင့် ခရီးသည်ဝန်ဆောင်မှုပေးခြင်းတို့အား သက်ဆိုင်ရာလုပ်ငန်းမန်နေဂျာ၏ ကြီးကြပ်လမ်းညွှန်မှုအောက်တွင် ဆောင်ရွက်နိုင်စွမ်းအား အတည်ပြုစစ်ဆေးခြင်းဖြစ်သည်။ အဆင့် ၂ ယာဥ်မောင်းလိုင်စင်စစ်ဆးမှုအတွက် လိုက်နာရမည်အချက်များလည်း ပါဝင်သည်။ |
စမ်းသပ်ဘာသာစကား- ဂျပန်ဘာသာ (အမျိုးအစား 2 ယာဉ်မောင်းလိုင်စင်အတွက် ပညာရပ်ဆိုင်ရာ စာမေးပွဲတွင် အကြောင်းအရာမှာ ဂျပန်ဘာသာဖြင့် ဖြစ်သည်)
ဆောင်ရွက်မည့်အဖွဲ့ - Nippon Kaiji Kyokai
နည်းလမ်း - ရေးဖြေနှင့် လက်တွေစစ်မေးမှု ကွန်ပြူတာ သို့ စာရွက်ဖြင့်ဖြေဆိုမှု
၂။ အဆင့် ၂ ယာဥ်မောင်းလိုင်စင်
သက်ဆိုင်ရာခရိုင် ပြည်သူ့ဘေးကင်းလုံခြုံမှုကော်မရှင်မှ ပြုလုပ်မည့် စာမေးပွဲဖြစ်သည်။
အဆင့် ၂ ပုံမှန်ယာဥ်မောင်းလိုင်စင်ရယူရန်အတွက် အဆင့် ၁ လိုင်စင်၊ အသက် ၂၁ နှစ်အထက် နှင့် ယာဥ်မောင်းအတွေ့အကြုံ ၃ နှစ်အထက်ရရှိထားရန်လိုအပ်သည်။ သို့သော် အထူးလေ့ကျင့်ရေးဖြင့် အသက် ၁၉ နှစ်အထက်နှင့် ယာဥ်မောင်းအတွေ့အကြုံ ၁ နှစ်ဖြစ်ပါက အဆင့် ၂ လိုင်စင်ရရှိနိုင်ပါသည်။
ဂျပန်နိုင်ငံတွင် အဆင့် ၂ လိုင်စင်ရယူသည့်အခါ မိမိတို့သက်ဆိုင်ရာနိုင်ငံတွင် ယာဥ်မောင်းလိုင်စင်ရရှိခဲ့သည့် မောင်းသက်ကို ထည့်သွင်းတွက်ချက်နိုင်ပါသည်။ သို့ပါ၍ မိမိတို့နိုင်ငံ သို့ ဂျပန်နိုင်ငံတွင် ပုံမှန်ယာဥ်မောင်းလိုင်စင်ကို အမြန်ဆုံးရယူထားရန် လိုအပ်သည်။
အဆင့် ၂ လိုင်စင်အား ဂျပန်နိုင်ငံတစ်ဝှမ်းရှိ ယာဥ်မောင်းသင်တန်းကျောင်းများတွင် တက်ရောက် ရယူနိုင်ပါသည်။ သင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေ၍ ရယူပါက ၁ ပတ်အတွင်းရရှိနိုင်မည်ဖြစ်သည်။ သို့သော် လိုင်စင်စင်တာအများစုရှိ ရေးဖြေစာမေးပွဲမှာ ဂျပန်ဘာသာဖြင့် ဖြစ်ပါသဖြင့် အဆိုပါအခက်အခဲတော့ရှိနိုင်ပါသည်။
လက်ရှိတွင် ဖူကူအိုကာခရိုင်တွင် အဂ်လိပ်၊ တရုတ်၊ ဗီယက်နမ်နှင့် နီပေါဘာသာများ၊ တိုကျိုတွင် ၂၀၂၄ ခုနှစ် ဧပြီ ၂၄ မှစ၍ အဆင့် ၂ လိုင်စင်အတွက် အဂ်လိပ်ဘာသာ၊ အအိချိခရိုင်တွင် ၂၀၂၄ ခုနှစ် ဧပြီ ၃၀ မှစ၍ အဂ်လိပ်ဘာသာ စသည်တို့ဖြင့် ဖြေဆိုနိုင်ပြီဖြစ်သည်။
ရေးဖြေစာမေးပွဲတွင် စာသားမေးခွန်း ၉၀ ပုဒ်နှင့် ပုံရိပ်မေးခွန်း ၅ ခုတို့ပါဝင်ပြီး စာသားမေးခွန်းအတွက် ၁ ပုဒ်လျှင် ၁ မှတ်နှင့် ပုံရိပ်မေးခွန်းအတွက် ၁ ပုဒ်လျှင် ၂ မှတ်ရရှိမည်ဖြစ်သည်။ ပုံရိပ်မေးခွန်းတွင် မေးခွန်းငယ် ၃ ခုပါဝင်ပြီး အဆိုပါမေးခွန်းငယ်များအားလုံး မှန်ကန်မှသာလျှင် အမှတ်ရရှိမည်ဖြစ်သည်။ စာမေးပွဲအောင်မြင်ရန် အမှတ် ၉၀ နှင့်အထက် လိုအပ်ပါသည်။
၃။ JLPT N3 နှင့် အထက်
ခရီးသည်များနှင့်ပြောဆိုဆက်ဆံရန်နှင့် မတော်တဆမှုကဲ့သို့သော အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် JLPT N3 နှင့် အထက် ရှိရန်လိုအပ်သည်။ N3 တွင် နေ့စဉ်ဘဝနှင့် လုပ်ငန်းခွင်တွင် အသုံးပြုရမည့် အခြေခံဖော်ပြချက်များနှင့် သဒ္ဒါ အပြင် နားလည်နိုင်စွမ်းတို့ပါဝင်ပါသည်။ ယေဘူယျအားဖြင့် အောက်ပါတို့ကို စစ်ဆေးမည်ဖြစ်သည် -
နေ့စဉ်ဘဝနှင့်လုပ်ငန်းခွင်အတွက် ဆက်ဆံပြောဆိုမှုအရည်အချင်း |
အခြေခံ သဒ္ဒါအားနားလည်သဘောပေါက်အသုံးပြုနိုင်စွမ်း |
စာသားတိုများအားနားလည်သဘောပေါက်အသုံးပြုနိုင်စွမ်း |
ဂျပန်လိုရိုးရှင်းသောစာကြောင်းများရေးသားနိုင်စွမ်း |
~~~ ကျွမ်းကျင်မှုစစ်ဆေးခြင်းအောင်မြင်ပြီးနောက်လမ်းကြောင်း ~~~
ကျွမ်းကျင်မှုစစ်ဆေးခြင်းအောင်မြင်ပြီးနောက်လမ်းကြောင်းမှာအောက်ပါအတိုင်းဖြစ်သည်။
မိမိတို့နိုင်ငံတွင် လိုင်စင်ရရှိပြီးထားသူများအနေဖြင့် ဂျပန်လိုင်စင်သို့ပြောင်းလဲရန်လိုအပ်သည်။ ထို့နောက် အဆင့် ၂ လိုင်စင်ရယူရမည်။ တက္ကစီယာဥ်မောင်းအဖြစ် စတင်မလုပ်ကိုင်မီ အဆိုပါ အဆင့်များဆောင်ရွက်ထားရန်လိုအပ်ပြီး လိုင်စင်ပြောင်းခြင်း၊ အဆင့် ၂ လိုင်စင်ရယူခြင်းနှင့် ဝန်ထမ်းအသစ်လေ့ကျင့်သင်တန်းတက်ရောက်ခြင်းလုပ်ငန်းစဉ်များအတွင်း ဂျပန်နိုင်ငံ၌နေထိုင်ရာတွင် အထူးကျွမ်းကျင်လုပ်သားဗီဇာ (တိုခုတေးဂီနိုး) ဆိုသည်ထက် ခွင့်ပြုထားသောလုပ်ငန်းများဆောင်ရွက်ရန်ဗီဇာ (တိုခုတေးခစုတိုး) ဖြင့် နေထိုင်ရမည်ဖြစ်သည်။

အနှစ်ချုပ်
ယခုဆောင်းပါးအား ဖတ်ရှု့ပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ အစတွင်ဖော်ပြခဲ့သည့်အတိုင်း အထူးကျွမ်းကျင်လုပ်သားဗီဇာတိုးချဲ့မှုနှင့်အတူ ယခုအချိန်သည် အကောင်းဆုံးအခွင့်အရေးဖြစ်ပါသည်။ အထူးသဖြင့် ဝင်ငွေမြင့်မားသည့် တက္ကစီယာဥ်မောင်းဖြစ်လာရန် ရည်ရွယ်ခြင်းသည် အကောင်းဆုံးသောရွေးချယ်မှုတစ်ခုပင်ဖြစ်သည်။ အောင်မြင်ပါစေရန် ဆန္ဒပြုလိုက်ပါသည်။