မဂ္ဂဇင်း

【ကြည့်သင့်သောအကြောင်းအရာ】 လူကြိုက်များရတဲ့ အကြောင်းအရင်းက အကျိုးခံစားခွင့်ကောင်းကောင်းရရှိခြင်း! ဝင်ငွေကောင်းကောင်းရရှိနေတဲ့ ထရပ်ကားယာဉ်မောင်းဖြစ်ရန် ဆိုသည်မှာ?

【ကြည့်သင့်သောအကြောင်းအရာ】 လူကြိုက်များရတဲ့ အကြောင်းအရင်းက အကျိုးခံစားခွင့်ကောင်းကောင်းရရှိခြင်း! ဝင်ငွေကောင်းကောင်းရရှိနေတဲ့ ထရပ်ကားယာဉ်မောင်းဖြစ်ရန် ဆိုသည်မှာ?

၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ နိုင်ငံခြားသားများအနေဖြင့် ဂျပန်နိုင်ငံရှိ သတ်မှတ်ထားသောကျွမ်းကျင်မှုနယ်ပယ်တွင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် "မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်း" အား နေထိုင်ခွင့်အသစ်အဖြစ် ထည့်သွင်းခဲ့သည်။ ၎င်းအပေါ်မူတည်၍ ထရပ်ကားမောင်းနှင်မှုလုပ်ငန်းတွင် နိုင်ငံခြားသားအလုပ်သမားများအား ပိုမိုခေါ်ယူခန့်ထားလာနိုင်မည်ဟု မျှော်မှန်းထားသည်။ ယခုဆောင်းပါးတွင် ထရပ်ကားယာဥ်မောင်းအဖြစ် အလုပ်လုပ်ကိုင်လိုသူများအတွက် အရေးပါသည့် လစာနှင့်စပ်လျဉ်း၍ ပြည့်စုံစွာရှင်းပြ‌ပေးသွားပါမည်။ သင့်အနေဖြင့် အကောင်းဆုံးအခြေအနေတွင် အလုပ်လုပ်ကိုင်နိုင်ရန် အတွက် အထောက်အကူပြုမည်ဟု မျှော်လင့်ပါသည်။

၁။ ထရပ်ယာဥ်မောင်းတစ်ဦး၏ ပျမ်းမျှလစာသည် ၃၄၂,၅၀၀ ဖြစ်သည်။

ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် ဆန်းစစ်ချက်အရ ထရပ်ယာဥ်မောင်းတစ်ဦး၏ ပျမ်းမျှလစာသည် တစ်လလျှင် ၃၄၂,၅၀၀ ယန်း ဖြစ်သည်။ အဆိုပါ လစာသည် အထူးကျွမ်းကျင်လုပ်သားဗီဇာဖြင့် နိုင်ငံခြားသားများ အလုပ်လုပ်နိုင်သည့် အခြားသော နယ်ပယ် ၁၂ ခု၏ ၂၀၂၂ ခုနှစ် ပျမ်းမျှလစာ ၂၀၅,၇၀၀ ယန်းနှင့် နှိုင်းယှဉ်ပါက သိသာစွာမြင့်မားပါသည်။ အဆိုပါလုပ်ငန်းနယ်ပယ်များမှာ ဘိုးဘွားစောင့်ရှောက်ရေး၊ အဆောက်အဦးသန့်ရှင်းရေး၊ ဆောက်လုပ်ရေး၊ သင်္ဘောတည်ဆောက်ရေး၊ မော်တော်ယာဥ်ထိမ်းသိမ်းပြုပြင်ရေး၊ လေကြောင်း၊ ဧည့်ကြိုဧည့်ပို့မှု၊ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းနှင့် အီလက်ထရောနစ်လုပ်ငန်းစသည်တို့ ပါဝင်သည်။ အဆိုပါကဏ္ဍများထက် ထရပ်ယာဥ်မောင်းလစာသည် သိသိသာသာမြင့်မားပါသည်။

ထို့အပြင် ယာဥ်အရွယ်အစား၊ ပို့ဆောင်ရမည့် အကွာအဝေး၊ အသက်အရွယ်နှင့်အတူ လစာတိုးလာခြင်းနှင့် ကုမ္ပဏီ၏အရွယ်အစားတို့အပေါ်မူတည်၍ လစာနှင့် ဆုကြေးများလည်း သိသိသာသာကွာခြားနိုင်ပါသည်။

၂။ ယာဥ်ဆွဲလိုင်စင်ရှိသူများအတွက် ပျမ်းမျှလစာ

အောက်ပါဇယားတွင် လုပ်ငန်းနယ်ပယ်နှင့် လိုင်စင်အမျိုးအစားအလိုက် ပျမ်းမျှတစ်လဝင်ငွေနှင့် ပျမ်းမျှတစ်လဝင်ငွေအပေါင်းဆုကြေးတို့နှင့်စပ်လျဉ်း၍ ဖော်ပြပေးထားပါသည်။

လုပ်ငန်းနယ်ပယ်နှင့်လိုင်စင်အပေါ်မူတည်၍ ဝင်ငွေရရှိမှု

ပျမ်းမျှတစ်လဝင်ငွေ

ပျမ်းမျှတစ်လဝင်ငွေ + ဆုကြေး

ယာဥ်ဆွဲလိုင်စင်

၃၉၁,၀၀၀

၄၄၂,၃၀၀

ယာဥ်အကြီးလိုင်စင်

၃၆၄,၅၀၀

၄၀၂,၁၀၀

အလယ်အလတ်ယာဥ်လိုင်စင်

၃၀၄,၆၀၀

၃၃၇,၈၀၀

Semi-အလယ်အလတ်ယာဥ်လိုင်စင်

၃၂၀,၁၀၀

၃၆၁,၂၀၀

ပုံမှန်ယာဥ်လိုင်စင်

၃၁၃,၂၀၀

၃၆၅,၇၀၀

ပျမ်းမျှ

၃၄၂,၅၀၀

၃၈၂,၇၀၀

၂၀၂၂ ခုနှစ် ထရပ်ကားပို့ဆောင်ရေးလုပ်ငန်းရှိ ဝင်ငွေနှင့် အလုပ်ချိန်များ (ယူနစ်: ယန်း)

ယာဥ်မောင်းများ၏လိုင်စင်အမျိုးအစားအလိုက် ဝင်ငွေရရှိမှုကိုကြည့်ပါက တစ်ဦးချင်း၏ တစ်လပျမ်းမျှလစာမှာ အောက်ပါအစဉ်အတိုင်းဖြစ်သည် - ယာဥ်ဆွဲ၊ ယာဥ်အကြီး၊ Semi-အလယ်အလတ်ယာဥ်၊ ပုံမှန်ယာဥ်နှင့် အလယ်အလတ်ယာဥ် ဟူ၍ဖြစ်သည်။ သို့ပါ၍ ပိုမိုမြင့်မားသော လိုင်စင်များရှိပါက လစာဝင်ငွေပိုမိုကောင်းမွန်နိုင်ပါသည်။

၃။ အသက် ၄၀ ဝန်းကျင်များ၏ ပျမ်းမျှလစာဝင်ငွေ

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ စစ်တမ်းအရ ထရပ်ကားယာဥ်မောင်းများ၏ အသက်အရွယ်အလိုက် ပျမ်းမျှလစာမှာ အောက်ပါအတိုင်းဖြစ်သည်။

ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းရှိ အသက်အရွယ်အလိုက်ပျမ်းမျှလစာဝင်ငွေ (ဆုကြေးအပါအဝင်)

အသက်

ဝင်ငွေ

စုစုပေါင်း

၃၈၂,၇၀၀

အသက် ၂၀ အောက်

၂၄၉,၂၀၀

၂၀-၂၉

၃၂၉,၃၀၀

၃၀-၃၉

၃၇၇,၇၀၀

၄၀-၄၉

၃၉၉,၂၀၀

၅၀-၅၉

၃၉၈,၆၀၀

၆၀-၆၄

၃၄၁,၁၀၀

၆၅ နှင့်အထက်

၂၇၄,၆၀၀

၂၀၂၂ ခုနှစ် ထရပ်ကားပို့ဆောင်ရေးလုပ်ငန်းရှိ လစာနှင့်အလုပ်ချိန်များ (ယူနစ်: ယန်း)

ဤစစ်တမ်းအရ ထရပ်ယာဥ်မောင်းများအတွက် ပျမ်းမျှတစ်လလျှင် လစာအမြင့်ဆုံး (ဆုကြေးအပါအဝင်) သည် အသက် ၄၀ ကျော်သူများအတွက် "၃၉၉,၂၀၀" ယန်း ဖြစ်ပါသည်။

နှစ်စဉ်ဝင်ငွေကို = တစ်လလျှင် လစာ (ဆုကြေးအပါအဝင်) × ၁၂ လ အဖြစ် တွက်ချက်ပါက ၃၉၉,၂၀၀ ယန်း × ၁၂ လ = ၄,၇၉၀,၄၀၀ ယန်း ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်တွင် အထူးကျွမ်းကျင်လုပ်သားနေထိုင်ခွင့် စတင်သည်မှစ၍ ၂၀၀,၀၀၀ ခန့်သော နိုင်ငံခြားသားအလုပ်သမားများသည် အဆိုပါ နေထိုင်ခွင့်ဖြင့်နေထိုင်လျက်ရှိကြသည်။ အောက်တွင် ဖော်ပြထားသည့်အတိုင်း ၉၅ ရာခိုင်နှုန်းကျော်မှာ အသက် ၁၈ နှစ်နှင့် ၁၉ နှစ်အကြားဖြစ်ပြီး သက်ကြီးရွယ်အိုများ များပြားသည့် ယာဥ်မောင်းလုပ်ငန်းခွင်အတွက် လူငယ်များလိုအပ်ချက်ရှိသည်ကို ဖော်ပြနေခြင်းဖြစ်သည်။

အထူးကျွမ်းကျင်လုပ်သားများ၏ အသက်အရွယ်အလိုက် ပါဝင်လုပ်ကိုင်နေမှုအခြေအနေ

အသက်အရွယ်အုပ်စု

စုစုပေါင်း

ရာခိုင်နှုန်း

၁၈-၂၉

၁၂၆,၁၃၅

၆၀.၅%

၃၀-၃၉

၇၂,၁၇၀

၃၄.၆%

၄၀-၄၉

၉,၆၆၃

၄.၆%

၅၀ နှင့်အထက်

၄၅၇

၀.၂%

စုစုပေါင်း

၂၀၈,၄၂၅

၄။ ကုမ္ပဏီကြီးများရှိ အကြီးစားထရပ်ယာဥ်မောင်း၏ လစာ၊ တစ်နှစ်ပျမ်းမျှဝင်ငွေ

အကြီးစားကုန်တင်ယာဥ်မောင်းများ

ကုန်တင်ယာဥ်မောင်းများ(အကြီးစားယာဥ်များမပါဝင်)

ကုမ္ပဏီအရွယ်အစား

တစ်လဝင်ငွေ

ဆုကြေးနှင့်အခြား

တစ်လဝင်ငွေ

ဆုကြေးနှင့်အခြား

၁၀ နှင့်အထက်

၃၅၄,၀၀၀

၃၈၃,၉၀၀

၃၂၀,၅၀၀

၄၆၀,၃၀၀

၁၀-၉၉

၃၄၃,၀၀၀

၃၂၉,၈၀၀

၃၀၀,၄၀၀

၂၄၇,၉၀၀

၁၀၀-၉၉၉

၃၆၇,၉၀၀

၄၂၃,၈၀၀

၃၂၆,၀၀၀

၄၀၆,၃၀၀

၁၀၀၀ နှင့်အထက်

၃၉၁,၅၀၀

၆၈၀,၈၀၀

၃၄၀,၄၀၀

၇၇၄,၃၀၀

※ ၂၀၂၁ ခုနှစ် အခြေခံလစာ (ယူနစ်: ယန်း)

ယေဘုယျအားဖြင့် ဝန်ထမ်း ၁,၀၀၀ ဦးအထက် လုပ်သားများရှိသော ကုမ္ပဏီများကို "ကြီးမားသောကုမ္ပဏီများ"၊  ၁၀၀-၉၉၉ ဦးရှိသော ကုမ္ပဏီများကို "အလယ်အလတ်ကုမ္ပဏီများ"၊ ၁၀-၉၉ ဦးရှိသော ကုမ္ပဏီများကို "ကုမ္ပဏီငယ်များ" အဖြစ် ခွဲခြားသည်။ ကုန်တင်ယာဥ်အကြီးယာဥ်မောင်းများနှင့် ပုံမှန်ကုန်တင်ယာဥ်မောင်းများ၏ လစာကို နှိုင်းယှဉ်ပါက၊ ယာဉ်အကြီးမောင်းများသည် ကုမ္ပဏီ၏ အရွယ်အစားမဆိုင်ဘဲ လစာမြင့်မားသည်။ ၁၀ ဦးအထက်လုပ်သားများရှိသော ကုမ္ပဏီများရှိ သက်ဆိုင်ရာ နှစ်စင်ဝင်ငွေကို တွက်ချက်ပါက

[ယာဉ်အကြီးမောင်းများအတွက် ဝင်ငွေ] ၃၉၁,၅၀၀ ယန်း × ၁၂ + ၆၈၀,၈၀၀ ယန်း = ၅,၃၇၈,၈၀၀ ယန်း

[ကြီးမားသောယာဉ်များမှလွဲ၍ အခြားယာဉ်မောင်းများအတွက် ဝင်ငွေ] ၃၄၀,၄၀၀ ယန်း × ၁၂ + ၇၇၄,၃၀၀ ယန်း = ၄,၈၅၉,၁၀၀ ယန်း

ယာဥ်အကြီးမောင်းသူများအတွက် နှစ်စဉ်ဝင်ငွေသည် ယန်း ၅၀၀,၀၀၀ ကျော်ပို၍ ရရှိသည်ကို ပြသနေပါသည်။ ထို့အပြင် ကုမ္ပဏီအရွယ်အစားအလိုက် နှိုင်းယှဥ်ပါက ဝန်ထမ်း ၁၀၀၀ ကျော်အထက်ရှိသော ကုမ္ပဏီကြီးများရှိ ယာဥ်မောင်းများ၏ လစာနှင့်ဆုကြေးမှာ အမြင့်ဆုံးဖြစ်သည်။ သို့ပါ၍ ထရပ်ယာဥ်မောင်းအလုပ်တွင် ယာဥ်အကြီးမောင်းသူများသည် ဝင်ငွေပိုမိုရရှိပြီး ကုမ္ပဏီကြီးများတွင် အလုပ်လုပ်ခြင်းသည် ပိုမိုအကျိုးရှိသော အခြေအနေကို ဖန်တီးပေးသည်မှာ အမှန်ပင်ဖြစ်သည်။

 အကျဉ်းချုပ်

၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ ဂျပန်နိုင်ငံရှိ ထရပ်ကားလုပ်ငန်းတွင် နိုင်ငံခြားသားအလုပ်သမားများအား ပိုမိုခန့်ထားဆောင်ရွက်လာမည်ဖြစ်ပြီး အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း လစာဝင်ငွေလည်း ပိုမိုကောင်းမွန်မည်ဖြစ်သည်။

ထို့အပြင် လိုင်စင်အမြင့်ရရှိထားသူများအတွက် ပိုမိုကောင်းမွန်အကျိုးရှိမည့် အခြေအနေများလည်း ပံ့ပိုးပေးနေသည်ဖြစ်သည်။

လိုအပ်သောအသက်အရွယ်အုပ်စုမှာ ၁၉ နှင့် ၃၉ အကြားဖြစ်ပြီး၊ မြင့်မားသောဝင်ငွေရရှိနေသူများမှာ အသက် ၄၀ ဝန်းကျင်ရှိ ထရပ်ယာဥ်အကြီးမောင်းသူများဖြစ်သည်။ ကုမ္ပဏီကြီးများတွင် လုပ်ကိုင်ခြင်းသည် ပိုမိုအကျိုးရှိစေမည်ကိုလည်း တွေ့မြင်ရသည်။

သို့ပါ၍ နိုင်ငံခြားသားလူငယ်များအတွက် ကောင်းမွန်သည့်ဝင်ငွေဖြင့် အလုပ်လုပ်ကိုင်နိုင်မည့် လမ်းကြောင်းပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤအခွင့်အရေးကို ဆုပ်ကိုင်၍ အနာဂတ်ပိုမိုကောင်းမွန်လာနိုင်ကြပါစေ။

စာရင်းသို့ပြန်သွားရန်