ဂျပန်နိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် နေထိုင်ခွင့်အခြေအနေပြောင်းလဲရာတွင် အထူးကျွမ်းကျင်စနစ်သည် သိသာသည့်အခွင့်အလမ်းများရှိပါသည်။ နည်းပညာသင်တန်းသားမှ အထူးကျွမ်းကျင်လုပ်သားသို့ကူးပြောင်းခြင်းဖြင့် ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင်အခြေအနေများနှင့် တိုးတက်ဖို့အခွင့်အလမ်းများရှိပါသည်။ ယခုဆောင်းပါးတွင် အကျိုးခံစားခွင့်၊ ပြောင်းလဲရန်လိုအပ်ချက်များ၊ လုပ်ငန်းစဉ်၊ ကြိုတင်သတိပြုရမည့်အရာများနှင့် လက်တလောကူးပြောင်းမှုအခြေအနေစသည်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဖော်ပြပေးသွားပါမည်။
အထူးကျွမ်းကျင်မှုဆိုသည်မှာ

၂၀၁၉ ခုနှစ် ဧပြီလတွင်မိတ်ဆက်ခဲ့သည့် အထူးကျွမ်းကျင်လုပ်သားစနစ်သည် နိုင်ငံခြားသားအလုပ်သမားများအား လက်ခံမည့်နေထိုင်ခွင့်ပုံစံတစ်ခုဖြစ်ပြီး အဆိုပါအလုပ်သမားများအနေဖြင့် သက်ဆိုင်ရာကျွမ်းကျင်မှုနှင့် အသိပညာများပိုင်ဆိုင်ထားရန် လိုအပ်သည်။ အဆိုပါဆောင်ရွက်ချက်သည် လုပ်သားရှားပါးမှုပြသနာကိုရင်ဆိုင်နေရသည့် လုပ်ငန်းနယ်ပယ်များအတွက် ဖြေရှင်းချက်တစ်ခုဖြစ်ပါသည်။
နည်းပညာသင်တန်းသားမှ အထူးကျွမ်းကျင်သို့ပြောင်းလဲသည့် အကျိုးကျေးဇူးများ

လုပ်ငန်းနယ်ပယ်ကျယ်ပြန့်လာခြင်း
အထူးကျွမ်းကျင်စနစ်အောက်တွင် လုပ်ဆောင်နိုင်သည့် လုပ်ငန်းနယ်ပယ်မှာ နည်းပညာသင်တန်းနှင့်နှိုင်းယှဉ်ပါက ကျယ်ပြန့်ပါသည်။
နေထိုင်ခွင့်ကာလသက်တမ်းတိုးခြင်း
အထူးကျွမ်းကျင်အဆင့် ၁ အတွက် ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်မှာ ၅ နှစ်ဖြစ်ပါသည်။
မိသားစုလိုက်ပါနေထိုင်နိုင်ခြင်း
အထူးကျွမ်းကျင် အဆင့် ၂ လိုအပ်ချက်များနှင့်ကိုက်ညီပါက အိမ်ထောင်ဖက်နှင့်သားသမီများအား ခေါ်ယူနေထိုင်ခွင့်ရှိပါသည်။
ခံစားခွင့်များပိုမိုများပြားခြင်း
လစာနှင့်လုပ်ငန်းခွင်အခြေအနေများ ပိုမိုကောင်းမွန်ပါသည်။
ကူးပြောင်းရန်လိုအပ်ချက်များ

နည်းပညာသင်တန်းသားမှ အထူးကျွမ်းကျင်လုပ်သားအဖြစ်ကူးပြောင်းရန်အတွက် အောက်ပါလိုအပ်ချက်များနှင့် ကိုက်ညီရပါမည် -
နည်းပညာသင်တန်း အနည်းဆုံး ၂ နှစ်နှင့် ၁၀ လ ပြီးမြောက်ထားခြင်း။
နည်းပညာသင်တန်းအကဲဖြတ်စစ်ဆေးမှု (အထူးပြုအဆင့်) သို့မဟုတ် 3rd Grade Skills Test (အများအားဖြင့် Level 3 Test ဟုခေါ်သည်) ကို အောင်မြင်ခြင်း။ လက်တွေ့စာမေးပွဲများကို အောင်မြင်ပြီးသူဖြစ်ရမည်။
အကယ်၍ လက်တွေ့စာမေးပွဲများ အောင်မြင်ထားခြင်းမရှိပါက အလုပ်သင်အတွက်အကဲဖြတ်သူ၏ ဆုံးဖြတ်ချက်အရ သင်တန်းအား အောင်မြင်စွာပြီးမြောက်ကြောင်း အသိအမှတ်ပြုထားခြင်း ဖြစ်ရပါမည်။ အဆိုပါ အကဲဖြတ်မှုတွင် တက်ရောက်မှု၊ ကျွမ်းကျင်မှုနှင့် စိတ်နေသဘောထားစစ်ဆေးမှု တို့ပါဝင်မည်ဖြစ်သည်။ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံလည်း လိုအပ်မည်ဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ပြီး ရာဇဝတ်မှုကင်းရှင်းသူလည်း ဖြစ်ရပါမည်။
လျှောက်ထားမှုလုပ်ငန်းစဉ်များ
လုပ်ငန်းနယ်ပယ်အတည်ပြုခြင်း
မိမိလုပ်ဆောင်လိုသည့် လုပ်ငန်းသည် အထူးကျွမ်းကျင်အောက်တွင်ရှိ မရှိအား စစ်ဆေးပါ။
စာမေးပွဲအတွက် ပြင်ဆင်ခြင်း
လိုအပ်သော နည်းပညာသင်တန်းအကဲဖြတ်ခြင်းစာမေးပွဲ (အထူးပြုအဆင့်) သို့မဟုတ် 3rd Grade Skills Test (အများအားဖြင့် Level 3 Test) ကို အောင်မြင်ရန် ရည်မှန်းပါ။
လုပ်ငန်းစာချုပ်လက်မှတ်ရေးထိုးခြင်း
အထူးကျွမ်းကျင်စနစ်အောက်တွင် လုပ်ကိုင်ရန်အတွက် လုပ်ငန်းစာချုပ်ချုပ်ဆိုပါ။
နေထိုင်ခွင့်အခြေအနေလျှောက်ထားခြင်း
လူဝင်မှုကြီးကြပ်ရေးဌာနတွင် နေထိုင်ခွင့်ပြောင်းလဲရန် လျှောက်ထားပါ။
သတိပြုရမည့်အချက်မှာ နိုင်ငံသားအလိုက် လုပ်ဆောင်ရမည့် အချက်များနှင့် လိုအပ်ချက်များ ကွာခြားနိုင်ပါသည်။ ထို့အပြင် နယ်ပယ်အလိုက်လည်း စာမေးပွဲခက်ခဲမှုနှင့် စာရွက်စာတမ်းလိုအပ်မှု ကွာခြားနိုင်ပါသည်။
လက်ရှိ ပြောင်းရွှေ့မှု အခြေအနေ
အထူးကျွမ်းကျင်စနစ်သို့ကူးပြောင်းရာတွင် ဘိုးဘွားစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အစားအသောက်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစသည့် လုပ်ငန်းနယ်ပယ်များအတွက် များပြားပါသည်။ ဗီယက်နမ်၊ တရုတ်နှင့် ဖိလစ်ပိုင်ကဲ့သို့သော နိုင်ငံများမှ ကူးပြောင်းမည့်သူများ ပိုမို များပြားလာနိုင်ပါသည်။ သို့ပါ၍ အစိုးရအနေဖြင့် အဆိုပါနယ်ပယ်များတွင် နိုင်ငံခြားသားများ ပိုမိုလက်ခံနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အထူးကျွမ်းကျင်လုပ်သားသို့ ကူးပြောင်းမှု ပိုမိုများပြားလာမည်ဟု မျှော်မှန်းထားပါသည်။
အနှစ်ချုပ်
နည်းပညာသင်တန်းသားမှ အထူးကျွမ်းကျင်လုပ်သားသို့ပြောင်းလဲခြင်းသည် နည်းပညာသင်တန်းသားများအတွက် အကျိုးကျေးဇူးများစွာရှိပါသည်။ သို့သော်လည်း မှန်ကန်သည့် အချက်အလက်များရရှိခြင်း၊ သင့်တော်သည့် ပြင်ဆင်မှုများနှင့် လုပ်ငန်းစဉ်များအား အချိန်မီ ဆောင်ရွက်ရန်မှု အဓိကဖြစ်ပါသည်။ ကူးပြောင်းရန်စဉ်းစားနေသူများအနေဖြင့် နောက်ဆုံးအချက်အလက်များစစ်ဆေးရန်၊ လိုအပ်သည့်စာမေးပွဲအတွက် ပြင်ဆင်ရန်နှင့် လုပ်ငန်းအခြေအနေများအား သိရှိနားလည်ထားရန်မှာ အရေးကြီးပါသည်။ အထူးကျွမ်းကျင်လုပ်သားသို့ ကူးပြောင်းခြင်းသည် ကောင်းမွန်သည့်အခွင့်အလမ်းတစ်ခုဖြစ်ပြီး အဆိုပါ အခွင့်အရေးကို ဖမ်းဆုပ်ရန် အကြံပြုလိုပါသည်။