မဂ္ဂဇင်း

ဂျပန်တက္ကစီလုပ်ငန်းအတွက် လေပြေအသစ်တစ်ခု! နိုင်ငံခြားသားတက္ကစီယာဥ်မောင်းများ ပေါ်ထွက်လာခြင်း!

ဂျပန်တက္ကစီလုပ်ငန်းအတွက် လေပြေအသစ်တစ်ခု! နိုင်ငံခြားသားတက္ကစီယာဥ်မောင်းများ ပေါ်ထွက်လာခြင်း!

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ အထူးကျွမ်းကျင်လုပ်သားစနစ်တွင် နယ်ပယ်အသစ်များဖြည့်သွင်းခဲ့ပြီး အဆိုပါနယ်ပယ်များတွင် မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလည်းပါဝင်ပါသည်။ ရလဒ်အနေဖြင့် တက္ကစီလုပ်ငန်းတွင် နိုင်ငံခြားသားအလုပ်သမားများအား ပိုမိုခန့်ထားဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် တက္ကစီယာဥ်မောင်းအဖြစ် လုပ်ကိုင်ရန် စိတ်ဝင်စားသူများအတွက် တက္ကစီယာဥ်မောင်းနှင့်စပ်လျဉ်း၍ ပိုမိုနားလည်သဘောပေါက်စေရန် ရှင်းလင်းဖော်ပြပေးသွားမည် ဖြစ်သည်။

၁။ ခရီးသည်များလိုရာခရီးကို ဘေးကင်းလုံခြုံထိရောက်စွာဖြင့် ပို့ဆောင်ပေးရသည့်လုပ်ငန်း

တက္ကစီယာဥ်မောင်းအလုပ်သည် တက္ကစီကုမ္ပဏီအတွက် အလုပ်လုပ်ကိုင်ခြင်းဖြစ်ပြီး ခရီးသည်များအတွက် ယာဥ်မောင်းနှင်ပေးရခြင်းဖြစ်သည်။ အဓိကတာဝန်မှာ ခရီးသည်များ၏ လိုရာခရီးအား ဘေးကင်းလုံခြုံထိရောက်စွာဖြင့် မောင်းနှင်ပေးရခြင်းဖြစ်သည်။ ခရီးစဉ်များအားလုံး အဆင်ပြေချောမွေ့‌ဘေးကင်းစေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ယာဥ်လမ်းစည်းကမ်းများကိုလည်း လိုက်နာရန် လိုအပ်သည်။

ပထဝီဝင်ဗဟုသုတများနှင့် လမ်းကြောင်းညွှန်ပြစနစ်တို့အား ကောင်းမွန်စွာအသုံးချ၍ ယာဥ်ကြောပိတ်ဆို့မှုများအား ကျွမ်းကျင်စွာရှောင်ရှားနိုင်ပြီး ခရီးသည်များအား အလျှင်မြန်ဆုံး လမ်းကြောင်းဖြင့် လိုရာခရီးအားပို့‌ဆောင်ပေးရခြင်းဖြစ်သည်။ နိုင်ငံခြားသားတက္ကစီယာဥ်မောင်းအဖြစ် မြို့ပြလမ်းများအား ကျွမ်းကျင်ရဲဝင့်စွာသွားလာညွှန်ပြနိုင်သည့် ပရော်ဖက်ရှင်နယ်တစ်ယောက်ကဲ့သို့ စိတ်ချယုံကြည်ရသည့် ဝန်ဆောင်မှုပေးရန် ရည်မှန်းထားနိုင်ပါသည်။

၂။ ခရီးသည်အမြောက်အများဖြင့် ပြောဆိုဆက်သွယ်ရသည့် လုပ်ငန်းတစ်ခု

တက္ကစီယာဥ်မောင်းများအနေဖြင့် ကမ္ဘာလှည့်ခရီးသည်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံများ စသည့် ခရီးသည်အမျိုးမျိုးဖြင့် နေ့စဉ်ပြောဆိုဆက်ဆံရမည်ဖြစ်သည်။ သိုပါ၍ ခရီးသည်နှင့် ပြောဆိုဆက်ဆံနိုင်မှု အရည်အချင်းသည် အလွန်ပင်အရေးကြီးပါသည်။ ခရီးသည်တောင်းဆိုမှုနှင့် မေးခွန်းများအား ရဲဝင့်စွာတုံ့ပြန်ပြောဆိုနိုင်ခြင်းဖြင့် ခရီးသည်များအတွက် ခံစားချက်ကောင်းဖန်တီးပေးနိုင်မည်ဖြစ်သည်။ ခရီးသည်များထံမှ ကောင်းမွန်သည့် တုံ့ပြန်ချက်များ ရရှိစေရန်အတွက် ‌နှစ်လိုဖွယ်ကောင်းသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ နိုင်ငံခြားသားတက္ကစီယာဥ်မောင်းအဖြစ် ဂျပန်နိုင်ငံ၏ ဝန်ဆောင်မှုစနစ်နှင့်အကျွမ်းတဝင်ရှိပြီး စွမ်းရည်တိုးတက်လာစေရန် ကြံဆောင်သင့်ပါသည်။

၃။ တက္ကစီယာဥ်မောင်းများ၏ ထူးခြားသည့် အလုပ်ပုံစံများ

တက္ကစီယာဥ်မောင်းအလုပ်သည် ညှိနှိုင်းနိုင်သည် အလုပ်ပုံစံရှိပါသည်။ အောက်ပါအတိုင်း အမျိုးအစား ၃ ခု ခွဲခြားနိုင်ပါသည်။

၁။ နေ့ဆိုင်း  (မနက်အစောမှ ညနေအထိ)

၂။ ညဆိုင်း (ညနေမှ နောက်‌နေ့မနက်ခင်းအထိ)

၃။ အလှည့်ကျအဆိုင်း (ဝန်ထမ်းတစ်ဦးသည် အဆိုင်းတစ်ခုတည်းတွင် နှစ်ရက်အလုပ်ချိန်နှင့်ညီမျှသော အလုပ်ချိန်ပြီးနောက်တစ်ရက်တွင် အနားယူရက်ဖြစ်သည်။ အလုပ်ချိန်သည် ပုံမှန်အားဖြင့် နာရီ 20 ဝန်းကျင်ဖြစ်သည်။ ဥပမာ ဝန်ထမ်းတစ်ဦးသည် မနက် ၈ နာရီမှ နောက်တစ်နေ့ မနက် ၄ နာရီအထိ အလုပ်လုပ်ပြီးနောက် အလုပ်ချိန်ပြီးနောက်တစ်ရက်နားခြင်းဖြစ်သည်။ အလုပ်ချိန်အတွင်း စုစုပေါင်း ၃ နာရီရှိသည့် နားချိန် ၃ ကြိမ်ပါဝင်ပါတယ်။ )

တက္ကစီကုမ္ပဏီအများစုသည် အလှည့်ကျအဆိုင်းစနစ်ကို ကျင့်သုံးလျက်ရှိသည်။ အဆိုင်းတစ်ခုတည်းတွင် အလုပ်ချိန်ကြာမြင့်သော်လည်း အနားယူရက်ပိုမိုရရှိနိုင်ပါသဖြင့် မိသားစုများ၊ သူငယ်ချင်းများနှင့် အချိန်ပိုမိုဖြတ်သန်းနိုင်ပါသည်။ အလုပ်နှင့် ပုဂ္ဂိုလ်ရေးဘဝ ညီမျှလိုသူများအတွက် အထူးသင့်‌တော်သည့် အလုပ်တစ်ခုဖြစ်သည်။

၄။ တက္ကစီယာဥ်မောင်းအဖြစ်အလုပ်လုပ်ကိုင်ရန် လိုအပ်သည့် အရည်အချင်းများ

တက္ကစီယာဥ်မောင်းအဖြစ်အလုပ်လုပ်ကိုင်ရန်အတွက် ဦးစွာအနေဖြင့် ၁ နှစ်အနည်းဆုံး သက်တမ်းရှိသည့် အဆင့် ၁ ယာဥ်မောင်းလိုင်စင် ရှိထားရန်လိုအပ်သည်။

တကယ်တမ်း တက္ကစီမောင်းနှင်ရန်အတွက် အဆင့် ၂ လိုင်စင်လိုအပ်သည်ဖြစ်သော်လည်း ကုမ္ပဏီများသို့ အလုပ်လျှောက်ထားသည့်အချိန်တွင် မလိုအပ်သေးပါ။ ကုမ္ပဏီအများစုသည် အလုပ်ခန့်အပ်ပြီးနောက် အဆိုပါလိုင်စင်ရယူရန် ကုန်ကျစရိတ်ကျခံပေးသည့် အခွင့်အရေးများပေးပါသည်။ သို့ပါ၍ တက္ကစီကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လိုသည့် နိုင်ငံခြားသားများအနေဖြင့် အဆင့် ၁ လိုင်စင် သက်တမ်း ၁ နှစ်ကျော်ရှိထားပါက အလုပ်လျှောက်ထားနိုင်ပါသည်။

၅။ လုပ်ငန်းစွမ်းဆောင်မှုအပေါ်မူတည်သည့် လစာစနစ်

တက္ကစီယာဥ်မောင်းများအတွက် လစာစနစ်သည် လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မူတည်ခြင်းဖြစ်ပြီး ပုံမှန်လစာစနစ်နှင့် ကွဲပြားပါသည်။ အဆိုပါစနစ်အောက်တွင် ခရီးသည်ပိုမိုရရှိပါက ရောင်းအားပိုတက်လာမည်ဖြစ်ပြီး လစာဝင်ငွေလည်း ပိုများလာမည်ဖြစ်သည်။

လုပ်ငန်းစွမ်း‌ဆောင်ရည်အပေါ်မူတည်သည့် လစာစနစ်ပုံစံအမျိုးမျိုးရှိပြီး ဤနေရာတွင် စံပြနမူနာ ၃ မျိုးအား မိတ်ဆက်ဖော်ပြပေးသွားပါမည်။ သင်ဝင်ရောက်လုပ်ကိုင်လိုသော ကုမ္ပဏီတွင် မည်သို့သော လစာပုံစံစနစ်ကျင့်သုံးသည်ကို ကြိုတင်လေ့လာစစ်ဆေးသွားပါ။

၁။    လစာပုံစံ ၁
အခြေခံလစာ၊ ထောက်ပံ့ကြေးများနှင့် အပိုဆုကြေးများအပါအဝင် ကြိုတင်သတ်မှတ်ထား‌သည့် ပုံသေလစာစနစ်

၂။     လစာပုံစံ ၂
စွမ်းဆောင်ရည်အပေါ် အပြည့်အဝမူတည်သည့် စနစ်ဖြစ်သည်။ ခရီးသည့်ရရှိမှု၊ သွားလာနိုင်သည့် အကွာအဝေးအပေါ်မူတည်၍ လစာကွာခြားနိုင်ပြီး ဝင်ငွေမြင့်ရရှိရန်မျှော်မှန်းနိုင်သလို ဝင်ငွေနည်းရရှိနိုင်သော အချိန်များလည်း ရှိနိုင်သည်။

၃။    လစာပုံစံ ၁+၂
အခြေခံသတ်မှတ်လစာတွင် စွမ်းဆောင်ရည်ထောက်ပံ့ကြေးများ၊ အပိုဆုကြေးများ ပါဝင်သည့်စနစ်ဖြစ်သည်။ တက္ကစီကုမ္ပဏီများစွာသည် ယခုစနစ်အား ကျင့်သုံးလျက်ရှိပြီး ခရီးသည်နည်းပါးသောကာလတွင် ဝင်ငွေမရရှိနိုင်ခြေကို လျော့ပါးစေပြီး စွမ်းဆောင်နိုင်သည့်အလျောက် လုပ်ခလစာကိုလည်း တိုးမြင့်ပေးနိုင်သည် ဖြစ်သည်။

၆။          တက္ကစီယာဥ်မောင်းများ၏ ထူးခြားသည့် အလုပ်ပုံစံများ

လက်တလောတွင် ဂျပန်နိုင်ငံသို့ အလည်အပတ်လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများပြားလာခြင်း နှင့်အတူ တက္ကစီအသုံးပြုမှုလည်း များပြားလာသည်။ သို့ပါ၍ တက္ကစီကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ယာဥ်မောင်းများအား ခရီးသွားများ၏ သက်ဆိုင်ရာဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုစေခြင်း၊ ခရီးသွားနေရာများအား လမ်းညွှန်ပို့ဆောင်ပေးခြင်းအစရှိသည့် ခရီးသွားဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ပါ၍ ခရီးသွားများအတွက် ဆောင်ရွက်နေသည့် အဆိုပါ ခရီးသွားဝန်ဆောင်မှုအတွက် နိုင်ငံခြားသားတက္ကစီယာဥ်မောင်းများ၏ ကဏ္ဍမှာ အထူးအရေးပါလာမည်ဟု မျှော်မှန်းထားပါသည်။

အနှစ်ချုပ်

ကျွန်ုပ်တို့ ဖော်ပြပေးခဲ့သော သတင်းအချက်အလက်များက ဘယ်လိုပါလဲ?

တက္ကစီယာဥ်မောင်းတစ်ဦးဖြစ်ရန်အတွက် ဘာတွေလိုအပ်လဲဆိုတာကို ရှင်းရှင်းလင်းလင်းပုံဖော်ကြည့်နိုင်ပါပြီလား? ဂျပန်နိုင်ငံတွင် တက္ကစီ ယာဥ်မောင်းအဖြစ်လုပ်ကိုင်နိုင်ရန် နိုင်ငံခြားသားများအား ကောင်းမွန်သည့် ပတ်ဝန်းကျင်အခြေအနေများ‌ထောက်ပံ့ပေးနေပါသည်။ အသစ်ဆောင်ရွက်ထားသည့် အထူးကျွမ်းကျင်လုပ်သားဗီဇာစနစ်အောက်တွင် ယာဥ်မောင်းအဖြစ် အလုပ်စတင်လုပ်ကိုင်ခြင်းသည် အနည်းငယ် စိတ်ပူစရာကောင်းသော်လည်း တက္ကစီကုမ္ပဏီများမှ နိုင်ငံခြားသားအလုပ်သမားများအား ကူညီပေးရန် အသင့်ရှိနေပါသည်။ သို့ပါ၍ ဂျပန်နိုင်ငံတွင် တက္ကစီယာဥ်မောင်းအဖြစ်လုပ်ကိုင်ရန် ပထမခြေလှမ်းအား ရဲဝင့်စွာစတင်လိုက်ပါ။

စာရင်းသို့ပြန်သွားရန်