၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ဂျပန်နိုင်ငံအစိုးရအနေဖြင့် အထူးကျွမ်းကျင်လုပ်သားဗီဇာစနစ်အား ထပ်မံတိုးချဲ့ခဲ့ပြီး တက္ကစီလုပ်ငန်းတွင် နိုင်ငံခြားသားအလုပ်သမားများအား စတင်ဝင်ရောက်လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ဤအခွင့်အလမ်းကိုအသုံးပြု၍ ရိုးရိုးလိုင်စင် အဆင့် ၂ ရယူရန်စဉ်းစားနေသူများအနေဖြင့် ဤဆောင်းပါးအား ဖတ်ရှု့သင့်သည်။
ဤဆောင်းပါးတွင် နိုင်ငံခြားသားများအနေဖြင့် ရိုးရိုးလိုင်စင်အဆင့် ၂ ဖြင့် မောင်းနှင်နိုင်သည့်ကားအမျိုးအစားများနှင့် ၎င်းကိုရယူရန်လိုအပ်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ သေချာစွာရှင်းလင်းဖော်ပြထားသည်။ အဆိုပါလိုင်စင်ရရှိရန် ကုန်ကျစရိတ်နှင့်ကြာမြင့်ချိန်ကို ကြိုတင်စီစဉ်နိုင်ရန်အတွက် အသုံးဝင်သည့် အချက်အလက်များပါဝင်သည်။
ရိုးရိုးလိုင်စင် အဆင့် ၂ ရယူခြင်းနှင့်ပတ်သက်သည့် စိုးရိမ်မှုများကို ဖြေရှင်းပြီး လိုင်စင်ရယူနိုင်မည့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေကြပါစို့။
ရိုးရိုးလိုင်စင် အဆင့် ၂ ဖြင့် မောင်းနှင်နိုင်သည့် ယာဥ်အမျိုးအစားများ

ယခုလိုင်စင်သည် သတ်မှတ်ထားသောကားအမျိုးအစားများ ဥပမာ တက္ကစီ၊ အငှားယာဥ်များ နှင့် ပြုစုစောင့်ရှောက်မှုလိုအပ်သူများအား သယ်ယူပို့ဆောင်ပေးသည့် ယာဥ်များမောင်းနှင်ရန်အတွက် လိုအပ်သောလိုင်စင်ဖြစ်သည်။ ခရီးသည်၏ကိုယ်ပိုင်ယာဥ်အား ဝန်ဆောင်မှုအဖြစ်သယ်ယူမောင်းနှင်ပို့ဆောင်ပေးရာတွင်လည်း အဆိုပါလိုင်စင်လိုအပ်ပါသည်။ အဆိုပါလိုင်စင်၏ တရားဝင်အမည်မှာ အဆင့် ၂ ယာဥ်မောင်းလိုင်စင်ဖြစ်ပါသည်။
အဆင့် ၁ လိုင်စင်နှင့် အဆင့် ၂ လိုင်စင်အကြားကွာခြားချက်
အဆင့် ၁ နှင့် ၂ ကွာခြားချက်မှာ အဆင့် ၁ လိုင်စင်သည် ခရီးသည်များကို ပို့ဆောင်ပေးရာတွင် အသုံးပြုသည့် ယာဥ်အားမောင်းနှင်ခြင်းအတွက်ဖြစ်သည်။ သို့ပါ၍ တက္ကစီယာဥ်မောင်း၊ အငှားယာဥ်မောင်း၊ ပြုစုစောင့်ရှောက်ရေးယာဥ်မောင်းနှင့် ခရီးသွားဝန်ဆောင်မှုယာဥ်မောင်းအဖြစ် လုပ်ကိုင်နိုင်ရန်အတွက် အဆိုပါ အဆင့် ၂ လိုင်စင်လိုအပ်ပါသည်။
သို့သော် အဆင့် ၁ လိုင်စင်ဖြင့်လည်း အချို့သောအခြေအနေများတွင် တက္ကစီယာဥ်များကို မောင်းနှင်နိုင်ပါသည်။ ဥပမာ ယာဥ်အားသယ်ဆောင်ပေးရုံ သို့ စမ်းသပ်မောင်းနှင်ရုံအတွက် ခရီးသည်မပါရှိသည့် ယာဥ်မောင်းနှင်ခြင်း နှင့် ပုဂ္ဂိုလ်ရေးကားများကို မောင်းနှင်ခြင်းတို့အတွက် အဆင့် ၁ လိုင်စင်ဖြင့် ဆောင်ရွက်နိုင်ပါသည်။
ရိုးရိုးလိုင်စင် အဆင့် ၂ ဖြင့် မောင်းနှင်နိုင်သည့် ယာဥ်အမျိုးအစားများ
ယာဥ်လမ်းစည်ကမ်းဥပဒေအရ သက်ဆိုင်ရာလိုင်စင်အလိုက်မောင်းနှင်နိုင်သည့် ယာဥ်အမျိုးအစားများ ရှိပါသည်။ ပုံမှန် အဆင့် ၂ လိုင်စင်ဖြင့် မောင်းနှင်နိုင်သည့် ယာဥ်အမျိုးအစားများအားအောက်ပါ ဇယားတွင် ဖော်ပြပေးထားပါသည်။
ယာဥ်အမျိုးအစား | ယာဥ်၏လက္ခဏာများ |
ပုံမှန်လုပ်ငန်းသုံးယာဥ် (တက္ကစီစသည်) | ယာဥ်၏ စုစုပေါင်းအလေးချိန် ၅ တန်အထက်မရှိရ၊ ကုန်ပစ္စည်း အလေးချိန် ၃ တန်အထက်မရှိရ |
ပုံမှန် အဆင့် ၂ လိုင်စင်ရယူရန်အခြေအနေများ
ပုံမှန်အဆင့် ၂ လိုင်စင်ရယူရန် အခြေအနေများအား ရှင်းလင်းဖော်ပြပေးသွားမည်။
အခြေခံလိုအပ်ချက်များ
လိုင်စင်ရယူမည့်အချိန်တွင် အသက် ၂၁ နှစ်နှင့် အထက် နှင့် အောက်ပါလိုင်စင်များထဲမှတစ်ခုခုကို ရရှိပြီးနောက် မောင်းသက် ၃ နှစ်ကျော်ရှိရန် လိုအပ်သည်။
ပုံမှန်ကားလိုင်စင်
အလယ်အလတ်ကားလိုင်စင်
၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့တွင် လမ်းစည်းကမ်းဥပဒေ၏ တစ်စိတ်တစ်ပိုင်းကို ပြင်ဆင်ခဲ့သည်။ ဤပြင်ဆင်ချက်အရ အသက် ၁၉ နှစ်နှင့်အထက်ရှိပြီး အထူးလေ့ကျင့်သင်တန်းကို ပြီးစီးထားပါက သက်ဆိုင်ရာလိုင်စင်အတွက် မောင်းသက်အတွေ့အကြုံ ၁ နှစ်ကျော်ရှိပါက ယာဥ်မောင်းလိုင်စင် စစ်ဆေးမှုကို ဝင်ရောက်ဖြေဆိုနိုင်ပါသည်။
စစ်ဆေးမှု အထူးလေ့ကျင့်သင်တန်းကို ပြည်သူ့ရေးရာဘေးကင်းလုံခြုံမှုကော်မရှင်မှ အတည်ပြုထားသော မှတ်ပုံတင်ရရှိထားသည့် ယာဥ်မောင်းသင်တန်းကျောင်း သို့ အဆိုပါ ကော်မရှင်မှ ခွင့်ပြုချက်ရရှိထားသော သတ်မှတ်ယာဥ်မောင်းသင်တန်းကျောင်းတို့တွင် တက်ရောက်နိုင်ပါသည်။ တက်ရာက်မည့် ယာဥ်မောင်းသင်တန်းကျောင်းသည် အဆိုပါသင်ကြားရေးအတွက် သင့်လျော်မှုရှိမရှိကို အတည်ပြုစစ်ဆေးရန် အရေးကြီးပါသည်။
မိမိတို့သက်ဆိုင်ရာနိုင်ငံ၏ လိုင်စင်ရရှိပြီးသူများအတွက်
မိမိတို့နိုင်ငံ၌ လိုင်စင်ရရှိထားသူများအနေဖြင့် ဂျပန်ယာဥ်မောင်းလိုင်စင်သို့ ပြောင်းလဲနိုင်ပါသည်။ ဂျပန်လိုင်စင်ပြောင်းလဲခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းအသေးစိတ်ကို အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
(https://ziplus.jp/switching_license/flow/)
ဤသို့ လိုင်စင်ပြောင်းလဲသည့်အတွက် မိမိနိုင်ငံတွင် လိုင်စင်ရရှိသော အချိန်မှ စုစုပေါင်းအတွေ့အကြုံကို တွက်ချက်ပါသည်။ ထို့ကြောင့် ဂျပန်လိုင်စင်ရရှိသောအချိန်မှ တိုင်းတာခြင်း မဟုတ်ဘဲ မိမိတို့နိုင်ငံတွင် လိုင်စင်ရယူခဲ့သော အချိန်မှတိုင်းတာသည်ကို သတိပြုရပါမည်။ ဤသည်မှာ သင်သည် မိမိနိုင်ငံတွင် လိုင်စင်ရရှိပြီးနောက် အနည်းဆုံး ၃ နှစ် (သို့ အထူးလေ့ကျင့်သင်တန်းအတွက် ဖြစ်လျှင် ၁ နှစ် ) ရှိထားရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
(ဥပမာ ၁)
တရုတ်နိုင်ငံတွင် လွန်ခဲ့သော ၃ နှစ်ကျော်က ပုံမှန်လိုင်စင်ရရှိထားသူအတွက်
ဂျပန်လိုင်စင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ဖြင့် ဂျပန်ယာဥ်မောင်းလိုင်စင်ရယူပါ။
တရုတ်နိုင်ငံတွင် ၃ နှစ် သို့ အထက် ယာဥ်မောင်းအတွေ့အကြုံကို တွက်ချက်ပြီး အဆင့် ၂ လိုင်စင်ရယူရန် လိုအပ်ချက်များကို ဆက်လက်ဆောင်ရွက်ရမည်။
ယာဥ်မောင်းသင်တန်းကျောင်းတွင် အဆင့် ၂ လိုင်စင်ရယူပါ။
(ဥပမာ ၂)
ဗီယက်နမ်နိုင်ငံတွင် လွန်ခဲ့သော ၁ နှစ်ကျော်က ပုံမှန်လိုင်စင်ရရှိထားသူအတွက်
ဂျပန်လိုင်စင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ဖြင့် ဂျပန်ယာဥ်မောင်းလိုင်စင်ရယူပါ။
ဗီယက်နမ်နိုင်ငံတွင် ၁ နှစ်ကျော် ယာဥ်မောင်းအတွေ့အကြုံကို တွက်ချက်ပြီး အထူးသင်တန်းတက်ရောက်၍ အဆင့် ၂ လိုင်စင်ရယူရန် လိုအပ်ချက်များကို ဆက်လက်ဆောင်ရွက်ရမည်။
ယာဥ်မောင်းသင်တန်းကျောင်းတွင် အဆင့် ၂ လိုင်စင်ရယူပါ။
ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ
အမျိုးအစား | အခြေအနေ |
အမြင်အာရုံ (အထောက်အကူမပါဘဲ, မျက်မှန် သို့ မျက်ကပ်မှန်ဖြင့်) | မျက်စိနှစ်ဖက်စလုံးမှာ ၀.၈ ကျော်ရမည်၊ တစ်ဖက်ကို ၀.၅ ကျော်ရန်လိုအပ်သည် |
အနက်အမြင်အာရုံ (အတိမ်အနက်ကို သိမြင်နိုင်မှု) | ၂.၅ မီတာအကွာအဝေးတွင် သုံးတိုင်နည်းဖြင့် တိုင်းတာပြီး ၃ ကြိမ်စစ်ဆေးကာ ပျမ်းမျှအမှားအယွင်း ၂ စင်တီမီတာအတွင်း ဖြစ်ရန်လို |
အချက်ပြမီးအရောင် (လိုင်စင်ရှိပြီး သူများအတွက် ပြုလုပ်မည်မဟုတ်) | အနီ၊ အပြာနှင့် အဝါရောင်တို့အား ခွဲခြားနိုင်စွမ်း |
အကြားအာရုံ(လိုအပ်လျှင် အကြားကိရိယာအသုံးပြု) | ၁၀ မီတာအကွာအဝေးရှိ ၉၀ ဒယ်ဆီဘယ် အသံကိုကြားနိုင်စွမ်း |
ခန္ဓာကိုယ် | ယာဥ်မောင်းရာတွင် အနှောက်အယှက်ဖြစ်နိုင်မည့် ခန္ဓာကိုယ် ချို့ယွင်းမှုမရှိရ |
အနက်ရှိုင်းမြင်ကွင်းကို တိုင်းတာစစ်ဆေးခြင်းသည် နိုင်ငံခြားသားများအနေဖြင့် ပထမဆုံးကြုံတွေ့ရခြင်း ဖြစ်ပါသည်။ အဆိုပါစစ်ဆေးမှုသည် ယာဥ်မောင်းရာတွင် အရေးကြီးသည့် အကွာအဝေး၊ နက်ရှိုင်းမှုကို သိမြင်နိုင်မှု မျက်စိအမြင်အာရုံကို တိုင်းတာခြင်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိပါက ယာဥ်မောင်းစစ်ဆေးမှုစင်တာ (ယာဥ်မောင်းစွမ်းရည်အကဲဖြတ် အကြံပေး) နှင့် တိုင်ပင်၍ အဆင့် ၂ လိုင်စင်ရယူနိုင်ခြင်း ရှိမရှိ ဆွေးနွေးရန်လိုအပ်သည်။ မသန်စွမ်းမှုအခြေအနေနှင့် ရောဂါအမည်ကို အကဲဖြတ်ခြင်းမဟုတ်ဘဲ လက်ရှိအခြေအနေကို အခြေပြု၍ ယာဥ်မောင်းလိုင်စင်ရယူ ရန် မည်သို့သောကြိုတင်ပြင်ဆင်မှုမျိုးလိုအပ်သည်ကို တိုင်ပင်ဆွေးနွေးအကြံရယူခြင်းဖြစ်သည်။
[ရယူမည့်နည်းလမ်း] အဆင့် ၂ လိုင်စင်ရယူရန် ကုန်ကျစရိတ်နှင့် ကြာမြင့်ချိန်

အဆင့် ၂ လိုင်စင်ရယူရန် နည်းလမ်း ၂ ခုရှိပြီး ယာဥ်မောင်းသင်တန်းကျောင်းကို နေ့စဉ်သွားရောက်၍ သင်ခန်းစာများလေ့လာခြင်း သို့ သင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်စားနေ၍ လိုင်စင်ရယူခြင်းနည်းတို့ဖြစ်ပါသည်။
နည်းလမ်းတစ်ခုခြင်းစီအတွက် ကုန်ကျစရိတ်နှင့်ကြာမြင့်ချိန်ကို ရှင်းပြပါမည်။
ယာဥ်မောင်းကျောင်းကို နေ့စဉ်သွားရောက်၍ ရယူသောအခါ
ဤနည်းလမ်းသည် မိမိတွင်ရှိသော လိုင်စင်အပေါ်မူတည်၍ လိုအပ်သည့် သင်ခန်းစာများနှင့် လက်တွေ့ မောင်းနှင်လေ့ကျင့်မှုကို သင်တန်းကျောင်းတွင် လုပ်ဆောင်၍ လိုင်စင်ရယူသည့်နည်းဖြစ်သည်။ ကျောင်းတွင်းစစ်ဆေးမှုအားဖြေဆိုအောင်မြင်ပြီးနောက် လိုင်စင်စင်တာတွင် အရည်အချင်းကျွမ်းကျင် စစ်ဆေးမှုနှင့်ရေးဖြေတို့အောင်မြင်ပါက အဆင့် ၂ လိုင်စင်ကို ရရှိနိုင်မည်ဖြစ်သည်။
ဒါ့အပြင် အဆင့် ၂ လိုင်စင်ရယူနိုင်ရေးအတွက် ပထမအကြိမ်ဖြင့်အောင်မြင်နိုင်ရန် လိုင်စင်စင်တာတွင် တိုက်ရိုက်လျှောက်ထား၍လည်း စစ်ဆေးမှုအား ဖြေဆိုနိုင်ပါသည်။ သို့သော် စစ်ဆေးမှုများသည် တင်းကြပ်သောစံနှုန်းများဖြင့် သတ်မှတ်ထားပါသဖြင့် ခက်ခဲမှုအဆင့်မှာ မြင့်ပါသည်။ သို့ပါ၍ စာမေးပွဲ မဖြေဆိုမီ သင်တန်းကျောင်းတွင် လိုအပ်သည့် ယာဥ်စည်းကမ်းအသိပညာနှင့်လက်တွေ့ကျွမ်းကျင်မှုတို့အတွက် လေ့လာသင်ယူသွားရန် အကြံပြုလိုပါသည်။
ကုန်ကျစရိတ်
မိမိယူလိုသည့် လိုင်စင်အပေါ်မူတည်၍ သင်ရိုးကွာခြားပါသဖြင့် ကုန်ကျစရိတ်လည်း ကွာခြားပါသည်။
ရရှိထားသောလိုင်စင် | ယေဘူယျကုန်ကျစရိတ် |
ပုံမှန်ကားလိုင်စင် | ၂၅၀,၀၀၀ ယန်း မှ ၃၀၀,၀၀၀ ယန်း + သင်မောင်းလိုင်စင်ကုန်ကျစရိတ် (၂,၈၅၀ ယန်း) |
ရယူရန်ကြာမြင့်ချိန်
မိမိရရှိထားပြီးသောလိုင်စင်အပေါ်မူတည်၍ သင်ကြားရမည့် အချိန်နာရီကွာခြားပါသည်။
ရရှိထားသောလိုင်စင် | စာတွေ့လေ့လာခြင်း | လက်တွေ့လေ့လာခြင်း | ယေဘူယျကြာမြင့်ချိန် |
ပုံမှန်ကားလိုင်စင် | ၁၉ နာရီ | ၂၁ နာရီ | ၁၀ ရက်မှ ၂ ပတ်ခန့် |
သင်တန်းကျောင်းတွင် နေရာလွတ်ရှိမရှိနှင့် လုပ်ဆောင်ရမည့်ကိစ္စများအပေါ်မူတည်၍ ရယူရန် ကြာမြင့်ချိန်ကွာခြားနိုင်ပါသည်။
သင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစားတက်ရောက်သည့်အခါ
သင်တန်းကျောင်းတွင် အချိန်တိုကာလအတွင်း သွားရောက်နေထိုင်ပြီး သက်ဆိုင်ရာစာတွေ့ လက်တွေ့ သင်ခန်းစာများကို လေ့လာခြင်းဖြစ်သည်။ သင်တန်းကျောင်းအပေါ်မူတည်၍ အစီအစဉ်အမျိုးမျိုး ရှိပါသည်။
ကုန်ကျစရိတ်
ရရှိထားသောလိုင်စင် | ယေဘူယျကုန်ကျစရိတ် |
ပုံမှန်ကားလိုင်စင် | ၂၀၀,၀၀၀ ယန်း မှ ၂၅၀,၀၀၀ ယန်း +သင်မောင်းလိုင်စင်ကုန်ကျစရိတ် (၂,၈၅၀ ယန်း) |
ရယူရန်ကြာမြင့်ချိန်
စာတွေ့လက်တွေ့သင်ကြားရမည့် အချိန်နာရီသည် သင်တန်းကျောင်းကို နေ့စဉ်သွားရောက်၍ သင်ကြားမှုနဲ့ကြာမြင့်ချိန်တူညီပါသည်။ သို့သော် ကျောင်းအိပ်ကျောင်းစားဖြစ်၍ သင်ကြားမှုအပေါ်အာရုံစိုက်နိုင်မည်ဖြစ်ပါသဖြင့် လိုင်စင်ရယူရန်ကြာမြင့်ရက်မှာ သိသိသာသာကွာခြားပါသည်။
ရရှိထားသောလိုင်စင် | စာတွေ့သင်ကြားမှု | လက်တွေ့သင်ကြားမှု | ယေဘူယျကြာမြင့်ချိန် |
ပုံမှန်ကားလိုင်စင် | ၁၉ နာရီ | ၂၁ နာရီ | ၇ ညအိပ် ၈ ရက် |
စည်းမျဉ်းအရ တစ်နေ့လျှင် သင်ကြားချိန် ၃ နာရီအထိ ရှိမည်ဖြစ်ပြီး လိုင်စင်အမြန်ဆုံးရယူလိုသူများ အတွက် အသင့်တော်ဆုံးဖြစ်သည်။
ပုံမှန်ယာဥ် အဆင့် ၂ လိုင်စင်ရယူခြင်းနှင့်စပ်လျဉ်းသည့် အမေးအဖြေများ

နိုင်ငံခြားသားများအတွက် ပုံမှန်ယာဥ်အဆင့် ၂ လိုင်စင်ရယူရန် နည်းနည်းပိုလွယ်ပါသလား
နိုင်ငံခြားသားများအတွက် ပုံမှန်ယာဥ် အဆင့် ၂ လိုင်စင်ရယူရန် အခက်ခဲဆုံးစိန်ခေါ်မှုမှာ ရေးဖြေစာမေးပွဲဖြစ်သည်။
အဆိုပါရေးဖြေစာမေးပွဲအား လိုင်စင်စင်တာတွင်ဖြေဆိုရမည်ဖြစ်သည်။
စာမေးပွဲတွင် စာသားမေးခွန်း ၉၀ ပုဒ်နှင့် ပုံမေးခွန်း ၅ ခုပါဝင်ပြီး စာသားမေးခွန်းအတွက် တစ်ပုဒ်လျှင် ၁ မှတ်နှင့် ပုံမေးခွန်းတစ်ပုဒ်လျှင် ၂ မှတ်ဖြစ်သည်။ ပုံမေးခွန်းတွင် မေးခွန်းငယ်အားလုံးမှန်ကန်မှသာ အမှတ်ရရှိမည်ဖြစ်သည်။ စာမေးပွဲအောင်မြင်ရန် အမှတ် ၁၀၀ တွင် ၉၀ ရရှိရမည်ဖြစ်သည်။
*သင်မောင်းရေးဖြေစာမေးပွဲမရှိပါ။
ယခင်က အဆင့် ၂ လိုင်စင်စာမေးပွဲအား ဂျပန်ဘာသာဖြင့်သာဖြေဆိုနိုင်ခဲ့ပါသည်။ နိုင်ငံခြားသားများ အဆင့် ၂ လိုင်စင်ရယူရန်အတွက် စာမေးပွဲဖြေဆိုရာတွင် ပိုမိုလွယ်ကူနိုင်စေရန်အတွက် အမျိုးသားရဲဌာနမှ ဘာသာစကားများစွာဖြင့် စာမေးပွဲကျင်းပနိုင်ရေးဆုံးဖြတ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် မတ်လအထိ အမျိုးအစား ၂ လိုင်စင်များအတွက် ဘာသာပြန်ထားသော စာမေးပွဲမေးခွန်းပုံစံများကို သက်ဆိုင်ရာ ခရိုင်ရုံးများသို့ ဖြန့်ဝေခဲ့ပြီး အောက်ပါဘာသာစကား ၂၀ မျိုးပါဝင်ခဲ့ပါသည်။
ဥရောပ/အမေရိက | အဂ်လိပ်, ပေါ်တူဂီ, စပိန်, ရုရှား, ယူကရိန်း |
အာရှ | တရုတ်, ဗီယက်နမ်, ကိုရီးယား, ဖိလစ်ပိုင်, နီပေါ, အင်ဒိုနီးရှား, မြန်မာ, ထိုင်း, ဟင်ဒီ, အာဒူ, ခါမာ, မွန်ဂို, ရှင်ဟာလာ |
အရှေ့အလယ်ပိုင်း | ပါရှန်, အာရပ် |
ဂျပန်ဘာသာစကားမဟုတ်သော မိမိတို့ဘာသာစကားဖြင့် ရေးဖြေစာမေးပွဲဖြေဆိုနိုင်သည့်အတွက် လျှောက်ထားသူနှင့်အောင်မြင်သူဦးရေ ပိုမိုများပြားလာမည်ဟုမျှော်မှန်းထားပြီး အထူးသဖြင့် အထူးကျွမ်းကျင်လုပ်သားဗီဇာဖြင့် လုပ်ကိုင်မည့် တက္ကစီယာဥ်မောင်းအလုပ်ကိုင်များ ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။
"၂၀၂၄ ခုနှစ် မေလ ၇ ရက်အထိ နိုင်ငံခြားသားများအနေဖြင့် အမျိုးအစား ၂ လိုင်စင်အတွက် စာမေးပွဲဖြေဆိုနိုင်ရေး ခရိုင်အလိုက် ဘာသာစကားအမျိုးမျိုးဖြင့် ဆောင်ရွက်ထားရှိမှု "
၎င်းကိုလည်း အထောက်အထားအဖြစ်အသုံးပြုနိုင်ပါသည်။ လိုအပ်လျှင်လိုအပ်သလို ကျွန်ုပ်တို့မှလည်း အချက်အလက်များအသစ်ဖြည့်သွင်းပေးသွားပါမည်။

မည်သည့်သင်တန်းကျောင်းတွင်မဆို အဆင် ၂ လိုင်စင်ရယူနိုင်ပါသလား?
အဆင့် ၂ လိုင်စင်ရယူနိုင်မည့် ယာဥ်မောင်းသင်တန်းကျောင်းမှာ အကန့်အသတ်ရှိပါသည်။ ခရိုင်တစ်ခုတည်းတွင်မူ အဆိုပါလိုင်စင်အတွက် ပံ့ပိုးပေးနိုင်သောသင်တန်းကျောင်း အများကြီးမရှိနိုင်ပါ။
သို့ပါ၍ အဆင့် ၂ လိုင်စင်ရယူရန်အတွက် သင့်အနီးအနားတွင် သင်တန်းကျောင်းမရှိပါက ကျောင်းအိပ် ကျောင်းစားအစီအစဉ်ကို စဉ်းစားသင့်ပါသည်။
ကျောင်းအိပ်ကျောင်းစားသင်တန်းကျောင်းမှတဆင့် အချိန်တိုအတွင်း လိုင်စင်ရယူနိုင်ရုံသာမက အဓိက စာမေးပွဲအတွက် လိုအပ်သည့် ဘေးကင်းလုံခြုံစွာယာဥ်မောင်းကျွမ်းကျင်မှုကိုလည်း လွယ်ကူစွာ သင်ကြားနိုင်မည်ဖြစ်သည်။
အဆင့် ၂ လိုင်စင်အတွက် လိုအပ်သည်များအား ကြိုတင်စီစဉ်လုပ်ဆောင်ပါ။
ဂျပန်နိုင်ငံတွင် ခရီးသည်တင်ဆောင်၍ မောင်းနှင်ခြင်းရှိမရှိအပေါ် မူတည်၍ အဆင့် ၁ နှင့် အဆင့် ၂ လိုင်စင်အား ခွဲခြားထားပါသည်။ သင်၏အလုပ်အတွက် မည်သည့်လိုင်စင်အသုံးပြုမည့်အပေါ် မူတည်၍ လိုအပ်သောလိုင်စင်အမျိုးအစားအား ဆုံးဖြတ်ရွေးချယ်ပါ။ လိုအပ်ချက်များဖြေလျှော့ပေးထားသော်လည်း မိမိလက်ရှိအရည်အချင်းသည် အဆိုပါလိုအပ်ချက်များနှင့်ကိုက်ညီခြင်း ရှိမရှိအား စစ်ဆေးရန်အရေးကြီးပါသည်။
အဆင့် ၂ လိုင်စင်ရယူနိုင်သည့် နည်းလမ်း ၃ ခုရှိပြီး သင်တန်းကျောင်းနေ့စဉ်သွားရောက်ခြင်း၊ သင်တန်းကျောင်း ကျောင်းအိပ်ကျောင်းစားသွားရောက်ခြင်းနှင့် လိုင်စင်ရုံးတွင် တိုက်ရိုက်လျှောက်ထား ခြင်းစသည်တို့ဖြစ်ပါသည်။ အဆင့် ၂ လိုင်စင်ရယူခြင်းအတွက် သင်ကြားပေးသည့် သင်တန်းကျောင်းမှာ အကန့်အသတ်ရှိပါသဖြင့် လျှင်မြန်စွာဆောင်ရွက်ရန်မှာ အရေးကြီးပါသည်။
သင့်အတွက် သင့်လျော်သည့် နည်းလမ်းကိုရွေးချယ်ပြိး အဆိုပါ အဆင့် ၂ လိုင်စင်ရယူရန် လိုအပ်သော ပြင်ဆင်မှုများအား အဆင့်အဆင်လုပ်ဆောင်ပါ။